Wednesday, December 21, 2011

နုတဲ့အခါလည်း နုပေမပေါ့ ..း))

ဒီနေ့ My Document folder မှာ ကျနော် တစုံတယောက်ကို ပေးဖူးသော အောက်ပါ စာစုလေးကို အမှတ်မထင် ပြန်တွေ့မိ၍ ကိုယ့်စာကိုယ် ( အနုပညာအရ ) နည်းနည်းလောက် ကြိုက်သွား သည်နှင့် မိတ်ဆွေ တို့လည်း ဖတ်နိုင်ကြစေရန် တင်ပေးလိုက်ပါသည်။ ( Quote တွေကို online က ယူသင့်တာ ယူပြီး မိမိစကားလုံးလည်းသုံး၍ ကိုယ်ပြောချင်တာရအောင် ကျနော်ကိုယ်တိုင် compose လုပ်ထား ခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။ Mission unaccomplished! :))
 
........, Dear!
I want to grow old along with, and beside you.

Let’s spend the rest of our lives together;

And we will live a life as in a John Bowring's quote:

"A Happy Family Is But An Earlier Heaven."

Just let's be human-like!

I now know that you and I are truly meant to be together.

I can’t imagine a life without you in my future.

Having you by my side would make me feel

Strong, secured,

Complete, capable,

Wise and worthy;

And I will also cherish you, protect you,

Be faithful to you, be dedicated to you,

Be kind to you, and be forever to you.

Would you please make me the happiest man in the world

From now on, dear?
 
 

Sunday, December 18, 2011

သုံးလစာ အလ္လာပသလ္လာပ စကား

( ၁ )
ကျနော် ဘာခလုတ်တခုခု မှားနှိပ်ခဲ့မိသည် မသိ၊ ကျနော့် ကွန်ပြူတာမှာ မြန်မာစာလုံး ( ဇော်ဂျီ ) ရိုက်မရတာ သုံးလနီးပါးလောက် ရှိသွားလေပြီ။

အဲ - ဖတ်လို့တော့ရပါသည်။ Typing ရိုက်လို့ မရတာ ရှိရင်းစွဲ Zawgyi-One Keyboard ကောင်းကောင်း အလုပ် မလုပ်လို့ပဲ ဟု အကြမ်း ဖျင်း သဘော ပေါက်မိသဖြင့် အွန်လိုင်းမှ Keyboard အသစ်တခုကို install လုပ်ဖို့ ကြိုးစားတိုင်းလည်း ရှိရင်းစွဲ keyboard က တားဆီး ဟန့်တားနေဟန်ဖြင့် Installation incomplete ဖြစ်သွား ပါသည် ဟူသောစာတန်းတခုပဲ ပေါ်လာလေ့ ရှိပါသည်။ ကိုင်း - သည်လိုဆိုရင် လည်း လွတ်လွတ်ကင်းကင်း အသစ်သွင်းနိုင်အောင် ရှိပြီးသား Keyboard, font တွေကိုသာ uninstall လုပ်ပေးပါတော့ ဟုခိုင်းပြန်လျှင် လည်း Zawgyi-One cannot be uninstalled as it's in use ဟု ကပ်တီးကပ်ဖဲ့ လုပ်ပြန်လေသည်။ page, file မှန်သမျှ ကို အကုန်ပိတ် ပြီး Control Panel's Uninstallation box  တခုတည်းဖွင့်၍ ခိုင်းနေတာကို သည်လိုပြောလာတော့ လမ်းက ဆုံးသွားလေပြီ်။ ကျနော်သိ သလောက် ဗမာဖောင့်ကို Install လုပ်တာတို့ fixed လုပ်တာတို့ကို မြန်မာ အချင်းချင်းကသာ ပိုနားလည်ပြီး အဖြူတွေက သိပ်နားမလည် ကြသဖြင့် အာပေါက်အောင် ရှင်းပြရတတ် ပါသည်။ ကျနော့် ကွန်ပြူတာက ကွန်ပြူတာပြင်ဆိုင်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ ရသည့် laptop လည်းမဟုတ်ဘဲ မိသားစုတွေ အများအားဖြင့် အသုံးများကြသည့် မော်နီတာအပြား HP desktop ( Window 7 ) ဖြစ် ပြီး မြန်မာနိုင်ငံသား တယောက်ထံမှ ( သူ သိပ်မသုံးတတ်သဖြင့် )  ပြန်ဝယ်ထားတာ ဖြစ်ပါသည်။ ကျနော်က အမေရိကမှာ သူဆင်းရဲ တယောက်ဖြစ်၍ ငွေရေးကြေးရေး ချင့်ချိန်ရသဖြင့်၎င်း၊ ကျောင်းတဖက်တက်သေး၍ နောက်က ကျားလိုက်နေသလို အချိန်လုယက်ပြီး တင်ရသည့် assignments တွေနှင့် လုံးချာ လည် လိုက်နေတတ်သဖြင့်၎င်း ပြင်ဆိုင်သွားပြီး မပြင်ဖြစ်ခဲ့ပါ။

ပြီးခဲ့သည့်အပါတ်က ဆောင်းဦးစာသင်ရာသီ ကုန်ဆုံးသွားပြီဖြစ်၍ မနေ့ကတော့ ကျနော် ဘာရယ်မဟုတ် ကျနော့် computer "Guest Account" မှာ ဘာတွေရှိပြီး ဘာတွေမရှိသလဲ ဆိုတာ သိလိုစိတ်နှင့် ဝင်သွားကြည့်မိရာ အဲသည် account ၏ desktop ပေါ်မှာ "ဝိဇ္ဇာ" ဆိုသော application ( WitZar Myanmar Input System ) လေးတခု ရှိနေ သည်ကိုတွေ့ပါသည်။ မြန်မာစာ၊ ရှမ်းစာ၊ Burglish, Myanmar 3, Ayar, Win Innwa, Zawgyi-One တို့ကို ရိုက်လို့ရသည်ဆို၍ ဇော်ဂျီ-ဝမ်း မြန်မာစာလုံး စမ်းရိုက်ကြည့်ရာ ရိုက်လို့ရသည် ကို တွေ့ရပါသည်။ ဤ post ကို အဲဒါလေးနှင့် ရေးထားတာ ဖြစ်ပါသည်။

မြန်မာဖောင့် မသုံးနိုင်ခဲ့သော ဤ သုံးလအတွင်းမှာ မှတ်မှတ်ရရ ကိုယ့်မိတ်ဆွေတွေက ရိုဟင်ဂျာကိစ္စ ဖဘပေါ်မှာ ပြောကြ၊ ဆိုကြ တာတွေ တွေ့မိ တော့ ကျနော်လည်း ဝင်ပြောချင် ခဲ့ပါသေးသည်။ ( ကျနော်ကား နှယ်နှယ်မဟုတ်၊ ဘူးသီးတောင် မြို့နယ် အတွင်း မှာ မွေးဖွားသူ ဖြစ်၍ သူရို့စကားကို ရခိုင်စကား၊ ဗမာစကားတွေ လောက်နီးနီး ပြောတတ်သူ ဖြစ်လေသည်း)) သူတို့အကြောင်း၊ သူတို့ စိတ်နေစိတ်ထားကိုလည်း စာတွေ့မဟုတ်ဘဲ လက်တွေ့ အနေဖြင့် သိရှိပါသည်။ အဲသဟာနှင့်ပင် Expert, Scholar ဆိုသော ဝေါဟာရ ကိုပင် ကျနော် ဆန်းစစ်ချင်လာမိသည်။ တက္ကသိုလ်က ဘွဲ့ရမှလား။ သူတို့စကားကိုပါ တတ်သည့် ကျနော်တို့လိုလူတွေကိုကော ဘာခေါ် ကြမလဲ။ ကျနော်တို့လို လူတွေက ပညာရှင်တွေ လို ကိန်းဂဏန်းနှင့် သူတို့သမိုင်းကြောင်းကို ဂဂနန သိမည်မဟုတ်သော်လည်း မိမိတို့၏ အဖိုး၊ အဖေတို့ ပြောပြချက်များအရ လွတ်လပ်ရေးမတိုင်ခင်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်လောက်က အထိ သူတို့ အကြောင်းနှင့် ကိုယ်တိုင် သူတို့နှင့် ထိတွေ့ ဆက်ဆံဖူးသည့် အတွေ့အကြုံများ အရ သူတို့၏ ethnic-group's mind-set ကိုတော့ ကောင်းစွာ သိကြပါသည်။

ဒါပေမဲ့ထိုစဉ်က ကျနော့် မြန်မာဖောင့် အလုပ်မလုပ်သဖြင့် ဘာမှ ဝင်မပြောသာခဲ့ပါ။ တကယ်တော့ ထိုသို့ မပြောဖြစ်ခဲ့တာကလည်း ကျနော့်အတွက် ကံကောင်းပါသည်။ ပြောဖြစ်ခဲ့လျှင် စောစော အဆဲခံခဲ့ ရနိုင်သောကြောင့်ဖြစ်ပါသည်။ ယခု မြန်မာဖောင့် ရနေပြီဖြစ်၍ ထိုစဉ်က မပြောဖြစ်လိုက်သော ကျနော့် အမြင်တချို့ကို မှတ်တမ်းအလို့ငှာ အနည်းငယ်လောက် ပြောခဲ့ ချင်ပါသည်။

"ရိုဟင်ဂျာ" ဆိုတာ ကတော့ နိုင်ငံရေး ရည်ရွယ်ချက်တစုံတရာဖြင့်တီထွင်ထားသော စကားလုံးဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူတို့လူမျိုး ၉၉% လောက်က သူတို့ကိုယ်သူတို့ ခေါ်ကြသော လူမျိုးအမည်မှာ ဘင်္ဂါလီ (Bangali ) ဆိုသော အမည်ကို သူတို့အသံထွက်အတိုင်း ခေါ်သည့် "ဘင်-ဂါလ်" ( Ban-gal ) ဟူ၍  ဖြစ်ပါသည်။ သို့ရာတွင် သူတို့က ဘာသာဝင်အနေဖြင့် မူဆလင်များဖြစ်ကြ၍ သူတို့ကိုယ်သူတို့ "မူဆူလ်းမန်း" ( မူဆလင်= Muslim ) ဟု အခေါ်ခံချင်ကြပါသည်။ ဒါပေမဲ့ "မူဆလင်" ဆိုတာက "ခရစ်ယာန်" "ဗုဒ္ဓဘာသာဝင်" ဆိုတာလိုပင် လူမျိုးတမျိုး၏အမည်မဟုတ်ပါ။ ကျနော် သူငယ်တန်းမှသည် ဆယ်တန်းကျောင်းသား ဘဝအထိ သူတို့နှင့် အတူတူကျောင်းတက်ဖူးသူ တယောက်အနေဖြင့် သူတို့ "ရိုဟင်ဂျာ" လူမျိုးဟု အခေါ်ခံချင်လှချည့်လို့ မတွေ့စဖူးပါ။ ထို့ကြောင့် သူတို့ကို "ဘင်္ဂါလီ" လို့ခေါ်တာ မမှား၊ သင့်မြတ်သည်ဟု ထင်မြင်ယူဆပါသည်။

သို့ရာတွင် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ထိုက်မှုနှင့် ပတ်သက်လို့ကတော့ ကျန်ပုဂ္ဂိုလ်များလောက် ကျနော့်မှာ တင်းမာသော သဘော ထားမရှိပါ။ သည်အတွက် လူအတော်များများ ( အထူးသဖြင့် ရခိုင်လူမျိုးများ ) က ဤစာကို ဖတ်ရလျှင် ကျနော့်ကို ဆဲချင်နေကြလိမ့် မည်ဟု မျှော်လင့်မိပါသည်။ ဒါပေမဲ့ ကိုလိုနီခေတ်တွင်ပင် ရောက်လာကြတာ ဖြစ်သော ရန်ကုန် မဂိုလမ်းက၊ တာမွေက၊ မင်္ဂလာ တောင်ညွန့်က ကုလား လူမျိုးတွေမြန်မာနိုင်ငံသား ဖြစ်ထိုက်လျှင်၊ လွန်ခဲ့သည့် ( ၃ )နှစ်လောက်ကမှ အမေရိကန်ပြည်ထောင်စု သို့ ရောက်လာသော ကျနော်က နောက် ( ၂ ) နှစ်နေတော့ အမေရိကန်နိုင်ငံသား ဖြစ်ထိုက်လျှင် အနည်းဆုံး ကိုလိုနီခေတ်လောက် ကတည်းက မြန်မာနိုင်ငံထဲကို ရောက်နေကြသော ဤဘင်္ဂါလီလူမျိုး တွေလည်း နိုင်ငံသား ဖြစ်ထိုက်သည်သာဟု ယူဆပါသည်။ ဒါပေမဲ့ သူတို့အနေဖြင့် "ကျွန်ုပ်တို့မှာ တိုင်းရင်းသားများ ဖြစ်ကြသည်" ဟူသော အပြောကိုတော့ လျှော့သင့်ကြသည်ဟု ထင်ပါသည်။

မလေးရှားနိုင်ငံမှာ မူလဌာနေ မလေးတိုင်းရင်းသားတွေနှင့် နောက်မှရောက်လာကြသည့် တရုတ်လူမျိုး မလေးရှားနိုင်ငံသားတွေအကြား အခွင့်အရေး ကွာဟမှုရှိသော ဥပဒေ တခုရှိသည်ဟု ကြားဖူးပါသည်။ ကျနော်တို့ ဆီမှာလည်း အဲသည်လို "တိုင်းရင်းသားလူမျိုးများ ဥပဒေ" တရပ် ထားလိုက ထားနိုင်ပါသည်။ ထိုသို့ထားပြီးနောက် ( ကျနော့်အမြင်ကို ပြောရလျှင် ) တရုတ်၊ ကုလား လူမျိုးများအနေဖြင့် China-origin, India-origin, Bangladesh-origin စသည်ဖြင့် အတိအလင်းပင် ဖော်ပြလျှက် case အလိုက် "မြန်မာနိုင်ငံအတွင်း အမြဲ တမ်းနေထိုင်ခွင့်ရှိသူ" ( Permanent Resident ) နှင့် "နိုင်ငံသား" ( Citizen ) အထိ ခံယူခွင့်ရှိစေသင့်ပါသည်။ ဒါပေမဲ့ China-origin, India-origin, Bangladesh-origin ဟုဆိုထားမှတော့ Myanmar-origin မဟုတ်တာ သေချာသဖြင့် မြန်မာတိုင်းရင်းသားတော့ ဖြစ်ခွင့် ရှိလိမ့်မည် မဟုတ်ပါ။ ဒါကိုမှ Human Rights အဖွဲ့တွေက အော်နေကြသေးလျှင်လည်း "ကျုပ်တို့နိုင်ငံက ခလုတ်တိုက်ပြီး ရှာဖွေ တွေ့ရှိ ထားသည့် အမေရိကတိုက် မဟုတ်၊ မြေကျယ်ဝန်းလှသည့် သင်းတို့လောက်သဘောမကောင်းနိုင်၊ အနော်ရထာမင်းက ပထမမြန်မာနိုင် ငံတော်၊ ဘုရင့်နောင်မင်းက ဒုတိယ မြန်မာနိုင်ငံတော်၊ အလောင်းမင်း တရားက တတိယမြန်မာနိုင်ငံတော်တွေကို သွေးနှင့်၊ချွေးနှင့် ထူထောင်ခဲ့ကြစဉ်က သည် ပေါက်ဖော်ကြီးတို့၊ ဆွာမိတို့၊ မာမွတ်ဘိုင် တို့ မပါဝင်ခဲ့ကြ။ ဒါကြောင့် ဒီ A South-east Asian nation's the most notable generosity ကိုပဲ ကျေးဇူးတင်လိုက် ကြဦး" ဟု ခပ်မာမာနှင့် ပြန်ပြောလိုက်ရုံသာ ရှိပါသည်။

သင် သူတို့ကို ကြည့်လို့ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဤ လူဦးရေ သန်းချီရှိသော ကိုယ့်နိုင်ငံမှာမွေးသည့် ဘင်္ဂါလီတွေကို ဘယ်နား သွား ပစ်ရပါမည်နည်း။ Bangladesh Citizens စစ်စစ်တွေက မြန်မာပြည်ထဲသို့ တစိမ့်စိမ့် ခိုးဝင်လာနေသည် ဆိုတာကိုတော့ ကျနော် မယုံပါ။ ထိုင်းနိုင်ငံ သားများ မြန်မာပြည်အတွင်းသို့ ခိုးဝင်လာနေကြသည် ဆိုတာ မဖြစ်နိုင်သကဲ့တည်း။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားစစ်စစ် ကလည်း လုပ်စား ကိုင်စားရ မချောင်လည်လှသော မြန်မာနိုင်ငံထဲသို့ ဘယ်သူမှ အရဲစွန့်ပြီး လာလိုကြမည်၊ လာဝံ့ကြမည် မဟုတ်ပါ။ ( မြန်မာပြည်သို့ ငွေရဖို့ကလွဲ၍ ဘာကိုမျှ မျက်ကန်း တစ္ဆေမကြောက်သည့်၊ သူတို့တိုင်းပြည်မှာလည်း facebook ပင်သုံးခွင့်မရှိသည့် တရုတ်လူမျိုးတွေပဲ လာဝံ့ကြပါသည်။ ) ယင်းအစား ဘူးသီးတောင်၊ မောင်တော ဖက်က ဘင်္ဂါလီတွေကသာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ခိုးဝင်၍ အလုပ်သွားလုပ်ကြတာများပါသည်။ အဲသည်မှာ မိန်းမတွေဘာတွေရပြီး မြန်မာပြည်ကို တိတ်တိတ် ကလေး ခေါ် ယူလာသည့်ကိစ္စအချို့ ရှိကောင်း ရှိနိုင်ပါသည်။ သည်ဘင်္ဂါလီကိစ္စကို သတ္တိရှိလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို "မင်းတို့နှင့် ဆွေမျိုးတော် သည့် သည်ဘင်္ဂါလီလူမျိုးတွေကို ပြန်ခေါ်ပါ" ဟုရာဇ သံပေးရုံသာရှိသည်။ သည်လိုလည်း မလုပ်နိုင်ဘဲနှင့် သည်လူတွေကို ဘာ status မှ မပေးရေး စဉ်းစားတာကတော့ "မဖြစ်နိုင်" သည့်အပြင် ဖြစ်လည်း "မဖြစ် သင့်" ဟုထင်ပါသည်။ ဒါပေမဲ့ အဲဒါက ကျနော့်၏ ပုဂ္ဂလိက အမြင်မျှသာ ဖြစ်ပါသည်။ ကျနော်က ဘာအရေးပါသူ၊ ဘာခေါင်းဆောင်မှ မဟုတ်၍ ကျနော့်စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား ( National Interests ) ကို ဘာလောက်မှ ဆိုးဆိုးရွားရွား မထိခိုက်နိုင်ဟု ယူဆမိသဖြင့် ( ကိုယ့်ကို ဝိုင်း ဆဲတာကတော့ ဆဲကြပါစေတော့ဟု သဘောပိုက်လျှက် ) ကျနော့်စိတ်ထဲ ရှိသည့်အတိုင်း ရေး လိုက်ခြင်း ဖြစ် ပါသည်။ ကျနော် ကုလားသွေး တရွေးသားမျှ မစပ်ကြောင်းလည်း ကြိုတင် ပြော ထားလိုပါသည်။ သို့ရာတွင် "Fairness" သည် လူတို့ကျင့်ရာသော တရားဟု ကျနော်ထင်ပါသည်။ ယင်းသည်သာ ( free thinker ဟု ကိုယ့်ကိုယ်ကိုယ် ခံယူထားသော ) ကျနော့်၏ ဘာသာတရားလည်း ဖြစ်ပါသည်။

                                                                ..............................................

                                                                                   ( ၂ )

ကျနော် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်ထောင့်၊ ဘယ်နေရာကမှ အနစ်နာခံ ပါဝင်ခဲ့ဖူးခြင်း မရှိပါ။ ထို့ကြောင့်ပင်လျှင် ကိုယ်မလုပ်နိုင်သည့် အနစ်နာခံသောကိစ္စကို တကယ်လုပ်နေကြသူများ၊ လုပ်ခဲ့ ဖူးကြသူများ( ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသူ ) တို့ကို ကျနော် ကိုယ်ချင်းစာနာ၊ ကြည်ညိုလေးမြတ်ပါသည်။ ဒါပေမဲ့ ကျနော်တို့ မြန်မာ လူမျိုးတွေက လူတယောက်က ကြည်ညိုသင့်သူ တယောက် အပေါ် ကြည်ညိုတာကို "သူများ ယောင်လို့ အမောင် တောင်မှန်း မြောက်မှန်းမသိ လိုက်ယောင်နေတယ်" ဟု judge လုပ်ချင်တတ်ကြပါသည်။ တကယ်တော့ အဲသည်လို judge လုပ်လိုက်တာဟာ ထိုကြည်ညိုနေသောသူကို "သူများတကာ ယောင်တိုင်း လိုက်ယောင်တတ်သသူ ( = ဦးနှောက်မရှိသူ )" ဟုစော်ကား လိုက်ရာ ရောက်သည်ဟု ထင်မိပါသည်။ကျနော် အဲသည်လိုအပြောခံရလျှင် မနှစ်သက်သဖြင့်၊သူများကိုလည်း မပြောဖူးသဖြင့် ခုလို အကျယ်တဝင့်ပြောနေ မိခြင်း ဖြစ်ပါသည်။

ကျနော်ကတော့ အထက်ပါပုဂ္ဂိုလ်တွေကို သူများတကာတွေက ကြည်ညိုနေကြ၍ ကိုယ်လည်း လိုက်ကြည်ညိုမှ ခေတ်မီအံ့ အထင်ဖြင့် ( influenced by the peer-group အရ ) ရောယောင်ပြီး ကြည်ညိုခြင်း မဟုတ်သည်ကို မိမိဖာသာ ကောင်းစွာသိပါသည်။ ကျနော့် စံသတ်မှတ် ချက်များအရ ကြည်ညိုသင့်လောက်သော ပုဂ္ဂိုလ်များမို့ ကြည်ညိုခြင်းသာ ဖြစ်ပါသည်။ ထို့အတူပင် ကိုမင်းကိုနိုင် တို့ ( ၂ ) ရက်လောက် (ဘာမှမဖျက်မဆီးဘဲ ငြိမ်းချမ်းစွာ) လမ်းမပေါ် ထွက်ဆန္ဒပြကြတာကို ရာဇဝတ်ပြစ်မှု ဟုဆိုပြီး ထောင်ဒါဏ် (၆၅) နှစ်စီ ချမှတ်သော အစိုးရမျိုးကို "အစိုးရ" တရပ်ဟု ခံစားလို့ မရဘဲ တွေးမိတိုင်း ဒေါသဖြစ်နေမိတတ်ခြင်းမှာလည်း အစိုးရကို မုန်းမှ၊ ဆဲနိုင်မှ ခေတ်မီအံ့၊ ဒီမိုကရေစီ ဘက်တော်သား ဖြစ်အံ့ အထင်နှင့် မုန်းခြင်းမဟုတ်ပါ။ သူတို့သည် ငါးယောက်ထက် ပိုမစုရ ဆိုသော တည်ဆဲအစိုးရ တရပ်၏ "အမိန့်" ကိုဖောက်ဖျက်ခဲ့ကြ သဖြင့် ( လွတ်လပ်စွာ စုဝေးခွင့် ဆိုသည့် universal human right ကို ခေတ္တမေ့ ထားလိုက်လျှင် ) ပြစ်မှုကျူးလွန်ရာ ရောက်ကောင်း ရောက်ခဲ့ နိုင်ပါသည်။ ဒါပေမဲ့အဲဒါသည် ပြစ်မှု ဆိုလျှင်ပင် ထောင် တလ တန်သည်၊ ခြောက်လတန်သည် လောက် အထိသာ ခံစေထိုက်သော ပြစ်မှုမျိုး ဖြစ်ပါသည်။ ယခုလို ( ၆၅ ) နှစ်ချထားခြင်းမှာ နိုင်ငံတော် ၏ လူမဆန်မှု ( တိရစ္ဆာန်ဆန်မှု ) ဟု အသေအချာပင် ဆိုနိုင်ပါသည်။ ထိုသို့လျှင် မြန်မာအစိုးရ လုပ်ပုံ fair မဖြစ်သမို့သာ Universal Emotional Law အရ ( မုန်းစရာကောင်းအောင် လုပ်ထားကြသူတွေကို ကျနော်တို့၏ လူ့ရင်ဘတ်က အလိုအလျောက် ) မုန်းတီးနေမိ ကြခြင်းဖြစ်လေသည်။ လမ်း(၂) ရက်လောက် လျှောက်တာကို ထောင် (၆၅) နှစ် ချသည့်ကိစ္စကိုမှ စိုးစဉ်းမျှလောက် ဖြစ်ဖြစ်ေ-ာက်မြင် ကပ်သောစိတ် မပေါ်ပေါက်လျှင် သင်၏ human emotional mechanism သည် လုံးဝ ရစရာမရှိအောင် ပျက်စီးလေပြီဟု ဆိုချင်ပါသည်။ သည်ထက် ဒဲ့ဒိုး ပြောရလျှင် သင့်မှာ "လူစိတ်ပျောက်ဆုံးနေပြီ" ဟုဆိုရပါမည်။

တဖန် ကိုယ့်နိုင်ငံအရေးသည်လည်း ကိုယ့်အိမ်အရေးလိုပင် ထပ်တူ အရေးပါလှတာမို့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ထင်တာ မြင်တာ ကို ပြောမိ၊ရေးမိလျှင် "ထင်ပေါ်ချင်လို့ အာဘောင်အာရင်းသန်နေတာ" ဟု သံသယ ရှိတတ်ကြပြန်ပါသည်။ သူပြောတာ တယ်ပြီး လက်ခံနိုင်စရာ မရှိလျှင် "ခင်ဗျား ပြောတဲ့စကားမှာ ဟောဒီ အနာအဆာ ရှိလို့ ကျုပ် လက်မခံနိုင်ဘူး" ဟု ပြောနိုင်ပါသည်။ ဒါပေမဲ့ ဒီလူ "နာမည်ကြီးမလားလို့ လေကျယ်နေတာ" လို့တော့ မဆိုသင့်ချေ။ ကျနော့်အဖို့ကတော့ မိမိက လောကအတွက် ဘာတခုမျှ ကျေးဇူးမပြု ဖူး၊ နိုင်ငံ့အတွက်လည်း ဘာတခုမျှ  မပေးဆပ်ဖူးကြောင်း ကိုယ့်ဖာသာကိုယ် သိသဖြင့် ဘယ်လိုပင် ကျယ်လောင်စွာ အော်စေ ကာမူ နာမည်ကြီးမည် မဟုတ်ကြောင်းကို သိပြီးသားသာ ဖြစ်ပါ သည်။ ယခု ဤစာကိုလည်း ကျနော့် စိတ်ထဲ တအုံ့အုံ့ တနွေးနွေး မကျေနပ်နေ တာတခုရှိ၍ အဲဒါကို ဖွင့်ချပစ်သည့် အနေဖြင့် ရေးခြင်း ဖြစ်ပါသည်။ တကယ့်ကို စိတ်ထဲခုလုခုလု ဖြစ်ရသဖြင့် အောက်ပါကိစ္စကို အနည်းငယ် ပြောချင် ပါသည်။

ငြိမ်းချမ်းရေးရဖို့ သုံးနှစ်ကြာနိုင်ကြောင်း ဦးအောင်သောင်းပြော

"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီ ချက် ရရှိဖို့အတွက် နောက်ထပ် သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မနေ့က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်း ပွဲမှာ ဦးအောင်သောင်းက အဲဒီလို ပြောလိုက်တာပါ။ မြန်မာအစိုးရဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ရရှိထားကြောင်းနဲ့ ဒီသဘောတူညီချက်တွေ ကတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်အထူးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ့်အကြောင်း စစ်အစိုးရ လက်ထက် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ရဲ့စကားကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ် ပွားနေတာနဲ့ ပတ်သက် ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်းတဲ့အတွက် ညွန်ကြား ချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆိုသွားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။"
( 2011-12-17, RFA News )

ပြောပြန်လျှင်လည်း ဆောင့်ကြွားကြွား ပြောသည် ဖြစ်ဦးမည်။ ကျနော်သာ သူတို့နေရာမှာ ရှိလျှင် ( ၃ ) နှစ် မဟုတ်ဘဲ ( ၃ ) လအတွင်း တပြည်လုံး ငြိမ်းချမ်းရေး ရအောင်လုပ်ပြနိုင် ပါလိမ့်မည်။ ကျနော်မှမဟုတ်၊ ကိုယ့်နိုင်ငံကို lagged behind ( နောက်ကျ ကျန်ရစ် ) မနေ ခဲ့စေလိုသော၊ စစ်မှန်သော နိုင်ငံချစ်စိတ် ရှိသူတိုင်း ဒါကို လုပ်နိုင်ကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သွားရမည့်လမ်းကြောင်းက အင်မတန် ရှင်းလင်း၊ မြင်သာ၊ လွယ်ကူလှ သောကြောင့် ဖြစ်ပါသည်။ ကျနော်တို့ နိုင်ငံမှာ ယခု လောလောဆယ် ပြည်ထောင်စုကြီးမှ ခွဲထွက်ခွင့်၊ နောင် ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့် တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့မှ မရှိပါ။ သည်လောက် ဆိုလျှင် ကျန်တာကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် အကုန်ညှိနှိုင်းလို့ ရပါပြီ။ မရ ရအောင်လည်း ညှိနှိုင်းရပါမည်။ ကျနော်တို့ တိုင်းရင်း သားလူမျိုးစု ညီအကိုတွေ ချစ်စရာကောင်းလိုက်ကြပုံမှာ သူတို့ကပင် စတင်၍ နိုင်ငံတော် အစိုးရ အနေဖြင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းနှင့် သီးခြားစီ တွေ့ဆုံနေမည့်အစားသူတို့၏ တပ်ပေါင်းစု ( (UNFC) နှင့် ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုသော ကိုယ်စား လှယ်အဖွဲ့ တို့ တွေ့ဆုံကြရန် လွယ်သော၊ တိုသောလမ်းကို ကမ်းလှမ်း နေကြသေးသည်။ ဒါကိုမှ မြန်မာနိုင်ငံ အစိုးရသစ်ဖက်မှ ဘာများ ခက်ခက်နိုးနိုး နှင့် သုံးနှစ်ကြာရပါမည်နည်း။ အဲသည်လိုလွယ်တာကို ခက်အောင် လုပ်နေကြတော့ ထိုသို့လုပ်နေကြသူတွေကို စိတ်တို မိရ၊ ဒေါသထွက်ရသည်။ ထပ်ပြောပါမည်။ ယင်းသည် ဒီမိုကရေစီ ဘက်တော်သားလို့ အခေါ်ခံချင်လို့ မဟုတ်ချေ။ တမင်ကပ်တီးကပ်ဖဲ့ လုပ်နေသူကို လူသားဆန်စွာေ-ာက်မြင်ကပ်မိခြင်းသာ ဖြစ်လေသည်။

"ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်း တဲ့အတွက် ညွန်ကြားချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆို သွားတယ်" ဆိုသော မယုံကြည်နိုင်လောက်စရာ ဆင်ခြေ ဆင်လက်မျိုးကိုလည်း တော်တော်စိတ်ပျက်မိရပါသည်။

ဆရာကြီး (Expert ) ၊ ပညာရှင် ( Scholar ) တွေက မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးတို့ကို တောင်ထိပ်ပေါ်က ကြည့်သလို ကြည့်ကာ "ဟိုဒင်းက ဟိုဟာ ဖြစ်နေလို့ ဒီဒင်းကို ဒီလို လုပ်ရမယ်" ဟု ပြောဆို ရေးသားကြ ပါသည်။ ဒါပေမဲ့ကျနော်က ဆရာကြီး၊ ပညာရှင် တယောက် မဟုတ်သဖြင့် တောင်ထိပ်ပေါ် အထိ တက် မကြည့်နိုင်ဘဲ၊ မိမိ၏ စိတ်ခံစားမှုကိုသာ အခြေခံ၍ သည်စကားတွေ ကို ပြောပါသည်။ ( ဤပိုစ့်ကို ကျနော့် emotion က တွန်းလို့သာ ရေးနေမိခြင်းဖြစ်ပါသည်။ ပညာရှင်ဆန်စိမ့်သောငှါ emotion ကိုသတ် လိုက်လျှင် ကျနော့် မှာ ရေးစရာ ဘာမျှရှိတော့မည်မဟုတ်ပါ။ လူပြိန်းတယောက်က နှလုံးသားနှင့် ရေးသောစာသည် ပညာရှင် တယောက်က သူ့ knowledge နှင့်ရေးသော စာတမ်းတစောင်ထက် မနိမ့်ဟုလည်း ကျနော် ထင်လေသည်။ )

မြန်မာပြည်ကြီး ဆောလျှင်စွာ ငြိမ်းချမ်းပါစေ..။


                                                                            

Saturday, December 3, 2011

Announcement

For some reasons, I cannot type Burmese font on my computer. I've already shown it to a computer technician, who has completed his bachelor's degree in Computer Science. This malfunction of my computer in Burmese font is killing my blog because I'm not able to type in Burmese when I'm inspired to write a " blog post."

So, I humbly apologize you, whoever visit my blog, for my being unable to write new posts anymore, and I'll be blogging only when I can buy a new computer. Right now, I'm broke to throw this computer and to buy a new one! :))

Regards,
Pyay Kaung Aung