About
Bengalis ( So-Called-Rohinja ) Told by a
Native Buthidaung
ဘူး
သီး တောင် န ယ် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း
အ ပို င်း ( ၁ )
( ဤ ဆောင်းပါးကို ကျနော့်ထက်
အင်္ဂလိပ်စာ ကျွမ်းကျင် လိမ်မာသော ဖဘမိတ်ဆွေတဦးဦးအား ဘာသာ ပြန်ဆိုစေလိုသော ဆန္ဒရှိပါသည်။
ထိုသို့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလိုခြင်းမှာ မြန်မာပြည် အနောက်ဖက်စွန်းနေ ဘင်္ဂါလီလူမျိုးတို့၏
အခြေအနေအမှန်ကို တကယ် နဝေတိမ်တောင် ဖြစ်နေ ကြသော၊ သို့မဟုတ် ဖြစ်ယောင်ဆောင် နေကြသော
ကမ္ဘာ့နိုင်ငံသားများ ( world citizens ) ၏နားသို့၊ ဘယ်နှစ်နားသို့ ပေါက်ပေါက်၊ ပေါက်စေချင်
သောကြောင့် ဖြစ်ပါသည်။ အခြေအနေက ခွင့်ပြုလျှင် ဤဆောင်းပါးကို တိုသွားအောင် တည်းဖြတ်ပြီး၊
……………………… သို့ပေးပို့လိုပါသည်။ ထို့ကြောင့် ဤဆောင်းပါးထဲတွင် “ဒီကုလားတွေ ( လူဦးရေတသန်းလောက်ရှိ
) ကို မြန်မာပြည်က အကုန်မောင်း ထုတ်ပစ်” ဟူသော လက်တွေ့ အလုပ်မဖြစ်သည့်၊ ဈေးပေါလှသည့်
ကြုံးဝါးသံမျိုး ကြားရလိမ့်မည် မဟုတ်ပါ။
ကျနော်တို့ ဘင်္ဂါလီမဟုတ်သော မြန်မာနိုင်ငံသားတွေက
ဘင်္ဂါလီ ( ရိုဟင်ဂျာ ) အရေးနှင့် ပတ်သက်၍ လက်တွေ့
အလုပ်ဖြစ်နိုင်သော၊ ပြဿနာကို တကယ်ဖြေရှင်းဖို့ အာရုံစိုက်သော နည်းနာများ ကို မကြံဆ၊
မဆွေးနွေးကြဘဲ အလွယ်ကူဆုံးအလုပ်ဖြစ်သော “ကုလား” ကို ထိုင်ဆဲသည့် အလုပ်ကိုပဲ လုပ်နေကြပါသည်။
ထို့ကြောင့် ဘူးသီးတောင်မြိုနယ်တွင် မွေးဖွားခဲ့သူ၊ ကျနော့်၏ဆွေမျိုး သားချင်း မိသားစုဝင်များအားလုံး
ဘူးသီးတောင်မြို့နယ်ထဲမှာပင် လက်ရှိနေထိုင်လျှက်ရှိကြသူ တဦး အနေဖြင့် မနေနိုင်လွန်း၍
ဤဆောင်းပါးကို ရေးပါသည်။ ဤသို့ရေးရာတွင် liberal journalism ၌ အရေးအကြီးဆုံးကျင့်ဝတ်သိက္ခာ
ဟုယူဆကြသည့် “သမာသမတ်” ရှိစေခြင်း ( Being unbiased ( Fairness ): the most
important ethic/ dignity of journalism ) အလို့ငှာ “ကုလား” တွေကို မဆဲထားသည့်အပြင်
သူတို့အပေါ် တော်တော် ကောင်းထားသဖြင့် ကျနော်ကပဲ အဆဲခံရမည်ဟု ထင်ပါသည်။ ထို့ကြောင့်
၁၀၀% လိပ်ပြာသန့်စွာ ကြိုတင်ပြောထားလိုမှာ ကျနော့်ကိုယ်ထဲ၌ ဘင်္ဂါလီ သွေးတစက်မျှ မပါဝင်ပါ
( ၀% )။ ကျနော် ဘင်္ဂါလီတွေနှင့် အကျိုးစီးပွား ပတ်သက် ဆက်နွယ်မှု တပြားသားမျှမရှိပါ
( ၀% )။ ကျနော့်ကို “အသုံးမကျတဲ့ကောင်” ဟုဆဲရေးလိုကြလျှင် အဆဲ ခံရနိုင်မှန်းသိသိနှင့်
( လက်ရှိအချိန်မှာ အများတကာက သဘောကျကြမည် မဟုတ်ဟုသိသိနှင့်) သို့ရာတွင် ယခုအချိန်မှာပြောမှ
အကျိုးရှိမည်ထင်သော၊ လူအုပ်ကြီးနှင့်အတူ လိုက်ယောင်တာ မဟုတ်ဘဲ မိမိအမှန်တကယ် ယုံကြည်သောစကားကို
သင် လူသိရှင်ကြား ဘယ်နှစ်ကြိမ်လောက် ပြော ခဲ့ပြီးပြီလဲဟု ကိုယ့်ကိုကိုယ် အရင် မေးကြည့်စေချင်ပါကြောင်း။
)
********************************************************************
၁။ ကျနော်
ဘူးသီးတောင်သား ( I am a native Buthidaung )
ဦးစွာပထမ ကြေငြာထားသင့်သည်မှာ ကျနော်သည် မြန်မာနိုင်ငံ
အနောက်ဖက်အစွန်ဆုံး၊ ရခိုင် ပြည်နယ်မြောက်ဖျားဒေသ၊ ဘင်္ဂါလီလူမျိုးတွေ အများအပြားနေထိုင်ရာ
( ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို၏ တရားဝင်ပြောကြားချက်အရ ၉၄% ) ဘူးသီးတောင်မြို့နယ်အတွင်း
မွေးဖွား၊ ကြီးပြင်းခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း
ဘင်္ဂါလီ ဘာသာ စကားကို အင်္ဂလိပ်ဘာသာစကားထက် ပိုမိုသွက်လက်စွာ ပြောဆိုနိုင်ပါသည်။ တကယ်တော့
ကျနော့်ကို ကကြီး၊ခခွေး မြန်မာသင်ပုန်းကြီး၊ A,B,C,D English Alphabet သင်ပေးခဲ့ကြသူတို့နှင့်
(၈)တန်း အောင်သည်အထိ ကျနော့်၏ဆရာများအားလုံးမှာ ဘင်္ဂါလီလူမျိုး ကျောင်းဆရာများချည်း
ဖြစ်ပါသည်။ ( ဘင်္ဂါလီ အမျိုးသမီးတွေက အပျိုဖော်ဝင်ပြီးချိန် မှစ၍ သွေးဆုံးချိန်အထိ
အိမ်ပြင် မထွက်ရသဖြင့် ဘင်္ဂါလီဆရာမတော့ မရှိခဲ့ဖူးပါ။ ) မူလတန်းမှလွဲ၍ အထက်တန်းအထိ ကျနော့်၏
ကျောင်းနေဖက် အများစုသည်လည်း ဘင်္ဂါလီများသာဖြစ်ကြပါသည်။
ကျနော် မွေးဖွား၊ ကြီးပြင်းခဲ့ သောကျေးရွာသည်
ဘင်္ဂါလီတွေနေထိုင်ရာ ကျေးရွာများနှင့် ၁-၂ မိုင်ခန့် အကွာအဝေးမျိုး သာရှိပြီး နေ့စဉ်
ဈေးရောင်း ဈေးဝယ် အစရှိသော ကူးလူးဆက်ဆံမှုရှိသဖြင့် ကျနော် ဤလူမျိုးတွေအကြောင်းကို
သူတို့လောက်နီးပါး သိပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများ၊
ကမ္ဘာ့မီဒီယာနှင့် မူဆလင်ကမ္ဘာတို့က ဂဂနန မသိသေးသော ( သို့တည်းမဟုတ် မသိချင်ယောင် ဆောင်နေကြသော
)၊ ကျကျနန လှည့်ဖြားခံနေရသောအချက် အချို့ကို ပြောပြချင်ပါသည်။
( ၁ ) ဤလူမျိုး၏အမည်ကို
ကျနော် “ဘင်္ဂါလီ” ( လူမျိုး ) ဟု တောက်လျှောက် ရည်ညွှန်းခေါ်ဝေါ် နေခြင်းမှာ ပြည်ပမှ “ရိုဟင်ဂျာ”အရေးလှုပ်ရှားနေကြသည့်
ဘင်္ဂါလီနိုင်ငံရေးသမားများမှအပ ဤလူမျိုး ၉၉.၉၉% လောက်က သူတို့၏လူမျိုးအမည်ကို “မူ-ဆူလ်
-မန်း” ( Muslim ) သို့မဟုတ် “ဘာ-ငါလ်း” ( ( Bengal = Bengali ) ဟူ၍သာ ခေါ်ဝေါ်ကြပြီး
ဘယ်သူကမှ “ရိုဟင်ဂျာ” ( Rohingya ) ဟု မခေါ်ကြသောကြောင့် ဖြစ်ပါသည်။ ကျနော်ကြုံဖူးသလောက်
မေယုမြစ်ဝှမ်းတလျှောက် ( မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ် ) နေ အနောက်ပိုင်းသားဘင်္ဂ
ါလီ ( Westerners ) များက မြောက်ဦး၊ ကျောက်တော်မြို့နယ်လောက်မှစ၍ ရခိုင်ပြည်နယ် အတွင်းဖက်/ အရှေ့ဖက်ခြမ်း နေ ရခိုင်စကားမွှတ်နေအောင်
ပြောတတ်သော အရှေ့ပိုင်းသားဘင်္ဂါလီ ( Easterners ) များကို အနည်းငယ် မနှစ်လိုသံဖြင့်
( အမေရိကန်တွေက Southerners ဟုသုံးနှုန်းကြသလို ) “ရိုဟင်ဂျာ” ( ရွင်းဂျား ) ဟူ၍ ခေါ်တတ်လေ့
ရှိကြပါသည်။
ထိုသို့“ရိုဟင်ဂျာ”( ရွင်းဂျား ) ဟူသောစကားလုံးမှာ
“အရှေ့ပိုင်းသား” တွေဟု ခွဲခြားပြောလိုမှ သုံးစွဲရသဖြင့် အနောက်ဖက်ခြမ်းနေ ဘင်္ဂါလီများ
ယခင်က မိမိကိုယ်မိမိ “ရိုဟင်ဂျာ” ဟု ရည်ညွှန်းလေ့ မရှိကြပါ။ ( ရန်ကုန်သားက ကျနော် “အညာသား”
ပါခင်ဗျားဟု သုံးဖို့မဖြစ်နိုင်သလို ဖြစ်ပါသည်။ ) သူတို့သည် ဘာသာတရား အလေးထားသည့်အနေဖြင့်
“Mu-sul-man” ( = Muslim ) ဟုအခေါ်ခံ ရသည်ကို ပိုသဘောကျကြပါသည်။ သို့သော်လည်း ယင်းမှာ
Buddhist ဆိုသကဲ့သို့ ဘာသာဝင် အမည်သာ ဖြစ်ပြီး လူမျိုးနွယ် ( ethnic group ) အမည် မဟုတ်သေးပါ။
လူမျိုးနွယ်အမည် အဖြစ်ဖြင့် ကား ဤလူမျိုး ၉၉.၉၉% လောက်က သူတို့ကိုယ်သူတို့ “ဘာ-ငါလ်”
( Ba-ngal = Bengal/ Bengali ) ဟူ၍သာ ရည်ညွှန်းကြ ပါသည်။ သို့ရာတွင် ထို “ဘာ-ငါလ်” ဟူသောအမည်ကို
ရခိုင်နှင့် ဗမာတွေက ခေါ်လေ့ရှိသော “ကုလား” နှင့် အဓိပ္ပါယ်တူညီသည်ဟု ခံစားမိကြပုံတော့
ပေါက် ပါသည်။ တကယ်တော့ သူတို့ကလည်း ရခိုင်လူမျိုးကို “ရခိုင်” ဟုမခေါ်ဘဲ “Magh” ( မောဂ်
) ဟူ၍ သာခေါ်ကြပါသည်။ အဓိပ္ပါယ်ဆိုးဖြင့် ခေါ်ကြတာဖြစ်သော်လည်း ရခိုင်တွေကတော့ ( တရုတ်တွေက
“တရုတ်” အခေါ်ခံရလို့ စိတ်မဆိုးသလိုပင် ) စိတ်မဆိုးကြပါ။
အချုပ်အားဖြင့်ပြောရလျှင် “Rohingya” ဟူသော အမည်သည်
လူမျိုးနွယ်အမည် / “နာမ်”စစ်စစ် ( ethnic group’s name/ “pure noun” ) မဟုတ်ဘဲ အမျိုးအစားခွဲခြားပြ
“နာမဝိသေသန သဘော ဆောင်နာမ်” ( “adjectival noun” ) တခုသာ ဖြစ်ပါသည်။ ဥပမာ၊ Georgian,
Southerner တို့သည် လူမျိုးစုအမည်မဟုတ်ဘဲ ထိုသူတို့၏လူမျိုး (နိုင်ငံသား) အမည်မှာ American
သာဖြစ် သကဲ့သို့ပင်။ သို့ရာတွင်
ယင်းအမည်သည် ယခုတော့ ဘင်္ဂါလီ lobby သမားများ၏ intentionally misled, manipulated
and disguised information များဖြင့် မြန်မာပြည်မှဘင်္ဂါလီလူမျိုးအားလုံးကို ခေါ်ဝေါ်သည့်
လူမျိုးနွယ်အမည်တခု ဖြစ်လာနေပါသည်။ ကျနော် ဤနေရာတွင် ထောက်ပြချင်သော အချက် ( point
) မှာ “ဘင်္ဂါလီ” ဆိုသောအမည်သည် ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးသော မြန်မာအစိုးရ က အစ္စလမ်ဘာသာဝင်
ဘင်္ဂါလီများအား ယခုမှ တီထွင်ခေါ်ဝေါ်သော၊ နှိမ့်ချ၍ခေါ်ဝေါ်သော အမည် မဟုတ်ဘဲ သူတို့ကိုယ်တိုင်
ခေါ်ဝေါ်ကြသည့်အတိုင်းနှင့် ဗြိတိသျှကိုလိုနီ အစိုးရကလည်း ၁၈၂၄-ခုနှစ် ရခိုင်ဒေသကို သိမ်းပိုက်ပြီးချိန်မှစ၍
၁၉၄၈-ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးချိန်အထိ အငြင်း ပွားမှု တစုံတရာမရှိဘဲ
တရားဝင်ခေါ်ဝေါ်ခဲ့သည့် အမည်သာ ဖြစ်ပါသည်။ “Rohingya” ဟူသော လူမျိုးအမည်ကို မြန်မာနိုင်ငံသန်းခေါင်စာရင်း
ကောက်ယူမှုသမိုင်းတွင် မည်သည့်အခါကမျှ မသုံးစွဲခဲ့ ဟုသိရပါသည်။
လူမျိုးတမျိုးသည် မိမိတို့အခေါ်ခံလိုသည့်အမည်ကို
ခိုင်လုံသောသမိုင်းအထောက်အထား၊ အများ စု၏ဆန္ဒ ( ဥပမာ၊ petion ပြုလုပ်ခြင်း ) များဖြင့်
နိုင်ငံတော်သို့ တရားဝင် တောင်းဆိုနိုင်ပါသည်။ ( ရခိုင်လူမျိုး ၁၀၀%နှင့် မြန်မာနိုင်ငံသား
၉၀% လောက်က သဘောကျကြမည် မဟုတ်သော် လည်း ) ကျနော့်ရင်ထဲရှိသည့်အတိုင်း ရိုးသားစွာဘက်မလိုက်ဘဲရေးရလျှင်
ဘင်္ဂါလီများသည် “မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ကြသူများ” အား နိုင်ငံသားဖြစ်ခွင့်ပြုရန်ကိုပင်
ကောင်းမွန်၊ ချိုသာ၊ တရားဝင် အမူအရာဖြင့် တောင်းဆိုနိုင်ပါသေးသည်။ သို့ရာတွင် ယနေ့
လူဖြူအမေရိကန် ( Caucasian Americans) တို့က တိုင်းရင်းသား အမေရိကန် ( Native
Americans ) ဟုအခေါ်ခံချင်၍ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်ကပင် အတ္တလန်တစ် သမုဒ္ဒရာကိုသစ်ဖောင်များဖြင့်ဖြတ်ကာ
အမေရိကတိုက်သို့ ရောက်ရှိ ခဲ့ကြသည်ဟူ၍ သမိုင်းကိုလိမ်ညာ ဖို့မကြိုးစားကြသကဲ့သို့ပင်
So-called Rohingyas တွေကလည်း တိုင်းရင်းသားဖြစ်ရဖို့အရေး အထောက်အထားမခိုင်မလုံနှင့်
ကြိုးစားမနေသင့်ဟု ထင်ပါသည်။ အမေ ရိကန်သမ္မတ ( ၄၄ ) ယောက်စလုံး အမေရိကတိုက်၏ တိုင်းရင်းသားများ
မဟုတ်ကြပါ။ အမေရိကန် ပြည်ထောင်စု၏ နိုင်ငံသားများသာ ဖြစ်ကြပါသည်။ ဘင်္ဂလီလူမျိုးများ
တိုင်းရင်းသား ဖြစ်ထိုက်၊ မဖြစ် ထိုက် နည်းနည်းစဉ်းစားကြည့်ရအောင်..။
ကျနော်သည် သမိုင်းပညာရှင်သော်၎င်း၊ မည်သည့်ပညာရှင်မှသော်၎င်း
မဟုတ်သဖြင့် ဘင်္ဂါလီ လူမျိုး ( Rohingya ဆိုသူ ) တို့၏မူလဇစ်မြစ် ( origin ) ကိုသမိုင်းဆရာတဦးလို
မလွဲနိုင်သော သမိုင်းအထောက်အထားများဖြင့် အခိုင်အခံ့ ရှင်းပြနိုင်မည် မဟုတ်ပါ။ ထိုအလုပ်ကို
ပြည်တွင်း ပြည်ပမှ သမိုင်းပညာရှင်များ ( အစ္စလမ်ဘာသာဝင်များ အပါအဝင် ) သာဆောင်ရွက်သင့်ကြပါသည်။
ကျနော် တို့ ငြင်းခုန်နေ၍ မပြီးပါ။ သို့ရာတွင် “ဟုတ်ကို ဟုတ်ရမည့်” သမိုင်းဆိုင်ရာ
အထောက်အထား ( historical evidences ) များမဟုတ်သော်လည်း Wikipedia တွင် ဖော်ပြထားချက်များကို
ကျနော့်၏ conclusion နှင့်ပေါင်းစပ်ထားသော တွေးဆချက် ( assumption ) ကိုကား တွေးကြည့်
နိုင်ရုံမျှ ပြောပြလိုပါသည်။
“ရိုဟင်ဂျာ” ဆိုသောစကားရပ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍
အယူအဆ အမျိုးမျိုး ကွဲပြားကြ သည်။ ( The origin of the term "Rohingya"
is disputed. ) လောလောဆယ် ခေတ်စားနေသော အဆိုတရပ်မှာ အဒီ ( ဂ ) ရာစုလောက်တွင် အာရပ်ကုန်သည်များ
ရမ်းဗြဲကျွန်း ( Ramree Island ) အနီး၌ သင်္ဘောပျက်၍ ရခိုင်ရှင်ဘုရင်က “သတ်စေ” မိန့်တော်မူရာ
အာရပ်တို့က အရဗီဘာသာတွင် “သနားတော်မူပါ” ဟု အဓိပ္ပါယ်ရသည့် “Rahma” ဆိုသောစကားလုံးဖြင့်
ငိုယိုတောင်းပန်ခဲ့ ကြသည် ဆိုပါသည်။ ထိုသူတို့ကို “Raham” ဟုခေါ်ရာမှ၊ ကာလရွေ့လျှားလာသောအခါ
“Rhohang”၊ ထိုမှ သည် “Rohingya” သို့ တရွေ့ရွေ့ ပြောင်းလာသည်ဟု ဆိုပါသည်။ နောက်ထပ်
ရွှေဥာဏ်တော် စူးရောက်လှသော ဆရာတယောက်ကတော့ ရခိုင်ပြည်၏ “မြို့ဟောင်း” ( Mrohaung )
မှသည် (မ)သံ ပျောက်၍ “(M)Rohang”၊ ထိုမှသည် “Rohingya” ဖြစ်လာသည် ဆိုပါ၏။ ဤသည်တို့မှာ ခိုင်မာသော သမိုင်းအထောက်အထားမျိုးမဟုတ်ဘဲ
အလွန်ခနော်နီခနော်နဲ့နိုင်လှသော ပါးစပ်ရာဇဝင် ဆန်ဆန် “ရော်ရမ်းမှန်းဆချက်” များသာ ဖြစ်ပါသည်။
ခိုင်လုံသော အထောက်အထား အနေဖြင့်ကား “Rooinga” ဟူသောအမည်ကို အောက်ပါဆောင်းပါးမှာ ပထမဆုံးတွေ့ရသည်ဟု
ဆိုပါ သည်။
“Arakan history expert
Dr. Jacques P. Leider points out that the term Rooinga was used in a late
18th century report published by the British Francis Buchanan-Hamilton. In his
1799 article “A Comparative Vocabulary of Some of the Languages Spoken in the
Burma Empire,” Buchanan-Hamilton stated: "I shall now add three
dialects, spoken in the Burma Empire, but evidently derived from the language
of the Hindu nation. The first is that spoken by the Mohammedans, who have long
settled in Arakan, and who call themselves Rooinga, or natives of Arakan."
ထို့ပြင် ရခိုင်ဘုရင်တို့၏ စစ်တကောင်း၊ ဘင်္ဂလားနယ်တို့နှင့်ပတ်သက်မှုကို
အောက်ပါအတိုင်း တွေ့ရပါသည်။ မူရင်းအတိုင်း ဖတ်နိုင်ကြစေရန် ကျနော် ဘာသာမပြန်ပြတော့ပါ။
( ကျနော် တပိုဒ်နှင့် တပိုဒ် ဆီလျှော်သလို ဆက်ထားပါသည်။ ref: http://en.wikipedia.org/wiki/Rohingya_people
)
“The Chittagong region was under the
“Vesali kingdom of Arakan” ( ဝေသာလီ ရခိုင့်နိုင်ငံတော် ) in the 6th to 7th
century.”
“King Narameikhla (1430–1434) of Kingdom
of Mrauk U ( မြောက်ဦးဘုရင် နရမိတ်လှ၊ အေဒီ ၁၄၃၀-၁၄၃၄ ) , after 24 years of
exile in Bengal, regained control of the Arakanese throne in 1430 with military
assistance from the Sultanate of Bengal, the Bengalis who came with him formed
their own settlements in the region.”
“Narameikhla ceded some territory to the
Sultan of Bengal and recognized his sovereignty over the areas. In recognition of his kingdom's vassal
status, the kings of Arakan received Islamic titles and used the use of Bengali
Islamic coinage within the kingdom. Narameikhla minted his own coins
with Burmese characters on one side and Persian characters on the other.”
ရခိုင်ဘုရင်တွေမှာ အခြေအနေအရ ဤကဲ့သို့ ဘင်္ဂါလီ
ဆုလ်တန်စော်ဘွားများနှင့် ဆက်သွယ် ပတ်သက်ရမှု၊ ဘင်္ဂါလီ ကျေးတော်မျိုးကျွန်တော်မျိုးတို့အား
သူကောင်းပြုရမှုများ ရှိပါသည်။ ဘင်္ဂါလီ ဘွဲ့အမည် ယူသော်လည်း ရခိုင်ပြည့်ရှင် မှန်သမျှ
ဗုဒ္ဓဘာသာဝင်များချည်းဟု ထင်ပါသည်။ ကျနော် ကောင်းစွာ မသိသော်လည်း ရခိုင်ပြည်ကို ဘင်္ဂ
ါလီ ဘုရင် အုပ်ချုပ်သည်ဟု မကြားဖူးသောကြောင့် ဖြစ်ပါသည်။ ဤသူတို့သည် ရခိုင်ဒေသသို့
ပထမဦးဆုံး ဝင်ရောက်လာခဲ့သော ဘင်္ဂါလီ migrants တွေဖြစ် နိုင်ပါသည်။ ကျောက်တော်၊ မြောက်ဦး၊
မင်းပြားဖက်နေ ထို ရှေးဦးဘင်္ဂါလီများကို “ရိုဟင်ဂျာ”( ရွင်းဂျား ) ဟု ခေါ်နိုင်ပါလိမ့်မည်။
သူတို့သည် “နိုင်ငံသား” အဆင့်အတန်း ( citizenship ) လည်းရရှိထားကြပြီး ဖြစ်မည်ဟု ထင်ပါသည်။
နိုင်ငံသား ပေးလည်း ပေးထိုက်ပါသည်။ အေဒီ ၁၈၂၃ မတိုင်မီကတည်းက ရောက်နှင့်နေကြသော ဤဘင်္ဂ
ါလီ ( ရိုဟင်ဂျာ ) migrants တွေကို တိုင်းရင်းသားဟု ခေါ်ထိုက်၊ မခေါ်ထိုက်ကတော့ ကျနော်
မှတ်ချက်မပေးချင်ပါ ( ဥာဏ်မမီတော့ပါး)။
“Narameikhla's successors occupied Ramu
in 1437, and Chittagong in 1459. After the defeat of Mahmud Shah in the hands
of Sher Shah in 1538, the Arakanese Kingdom of Mrauk U regained Chittagong, and
from this time onward, until its conquest by the Mughals (မဂိုဘုရင်များ), this
region was under the control of the Portuguese and the Magh irates (a notorious name for Arakanese) for 128
years.”
“Following the Burmese conquest of Arakan
in 1785, as many as 35,000 Arakanese people fled to the neighboring Chittagong
region of British Bengal in 1799 to avoid Burmese persecution and seek
protection from British India. The Burmese rulers executed thousands of
Arakanese men and deported a considerable portion of the Arakanese
population to central Burma, leaving Arakan as a scarcely populated area by
the time the British occupied it.”
British
colonial rule
“Therefore, British policy encouraged
Bengali inhabitants from adjacent regions to migrate into fertile valleys of
Arakan as agriculturalists. The East India Company extended the Bengal
administration to Arakan, thus there was no international boundary between
Bengal and Arakan, and no restrictions on migration between the regions. In the
early 19th century, thousands of Bengalis from the Chittagong region settled in
Arakan seeking work opportunities”.
“The
British census of 1891 reported 58,255 Muslims in Arakan. By 1911, the Muslim
population had increased to 178,647. ( Aye Chan 2005, p. 401 - ၁၈၉၁ တွင် ဗြိတိသျှ အစိုးရကကောက်ယူခဲ့သည့်
သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် မူဆလင်ဦးရေ ၅ သောင်းကျော် သာ ရှိခဲ့ပါသည်။ ၂၀
နှစ်အကြာ ၁၉၁၁ တွင် ၁ သိန်း ၇ သောင်းကျော် အထိတိုးလာခဲ့ပါသည်။ ယခု ဘင်္ဂလီလူမျိုးဦးရေ
( ၈ ) သိန်းနှင့် ( ၁ ) သန်းကြားရှိမည်ဟု ခန့်မှန်းရပါသည်။ ) The waves of
migration were primarily due to the requirement of cheap labor from British
India to work in the paddy fields. Immigrants from Bengal, mainly from the
Chittagong region, "moved en masse into western townships of Arakan".
To be sure, Indian immigration to Burma was a nationwide phenomenon, not
just restricted to Arakan. Historian Thant Myint-U writes: "At the
beginning of the 20th century, Indians were arriving in Burma at the rate of no
less than a quarter million per year. The numbers rose steadily until the peak
year of 1927, immigration reached 480,000 people, with Rangoon exceeding New
York City as the greatest immigration port in the world. This was out of a
total population of only 13 million; it was equivalent to the United Kingdom
today taking 2 million people a year." The Burmese under the British rule
felt helpless, and reacted with a "racism that combined feelings of superiority
and fear."
သမိုင်းကျမ်းစာအုပ်များကို ဖတ်ဖို့လက်လှမ်းမမီသဖြင့်
Wikipedia ဖတ်ပြီး ကျနော့်၏သုံးသပ်ချက် ကိုပြောပြရလျှင် အာရပ်ကုန်သည်တွေ သင်္ဘောပျက်၍
ရခိုင်ရှင်ဘုရင်က အသက် ချမ်းသာခွင့်နှင့် နေရာထိုင်ခင်းပေးခဲ့သည် ဆိုသည်မှာ မှန်နိုင်ပါသည်။
( ဗျတ်ဝိ၊ ဗျတ္တ ညီနောင်တွေများလား )။ ဒါပေမဲ့ သင်္ဘောတစီးပျက်ရုံဖြင့် တိုင်းရင်းသားလူမျိုးတမျိုး
တိုးပွားလာဖို့အကြောင်း ( ဆင်ခြေ ) သည် သိပ် လက်ခံနိုင်ဖွယ်မရှိချေ။ ယခင် သက်ဦးဆံပိုင်
ဘုရင်များခေတ်ကတမင်းကို တမင်း စစ်ကူပေးသည့်
ကိစ္စတွေ ရှိခဲ့တာလည်း မှန်နိုင်ပါသည်။ ဒါပေမဲ့ ဘိုးတော်ဘုရားလက်ထက် အေဒီ ၁၇၈၄ ခုနှစ်တွင်
ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် ရခိုင်လူမျိုး
၃၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည် ဆိုရာ မြောက်ဦး၊ ကျောက်တော်တဝိုက်တွင်
အခြေကျနေကြသူ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များလည်း ပါဝင်ခဲ့ကြဖွယ် ရှိသည်။ ဘကြီးတော်မင်းလက်ထက်
မဟာဗန္ဓုလစစ်သူကြီး ရခိုင်သို့စစ်ချီစဉ် ကလည်း ရခိုင်လူမျိုးများ အဖိတ်အစဉ် အတော်များခဲ့သည်ဟု
သိရသဖြင့် ၁၅ ရာစုလောက် ကတည်းက ရောက်နေခဲ့သည်ဟုချည်း တွင်တွင်ပြောနေကြသော “ရိုဟင်ဂျာ”
သမိုင်းဆရာများ အေဒီ ၁၈၂၃ အရောက်မှာ ရခိုင်ပြည်တွင် ဘင်္ဂါလီ ( ရိုဟင်ဂျာ ) ဦးရေ ဘယ်လောက်
ကျန်နေသေးသလဲဟု စစ်ဆေးကြည့်သင့်ကြလေသည်။ ကျနော်ကတော့ သမိုင်းဆရာ မဟုတ်သဖြင့် မသိပါ။
ယခု
ဤလူမျိုးတွေ ဘယ်ကလာသလဲဆိုတာ သဲလွန်စ ရလိုရငြား ကျနော်တို့၏ အနောက်ဖက် အိမ်နီးချင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ တချက်ငဲ့စောင်းကြည့်ကြရအောင်။ Bangladesh ၏ အဓိပ္ပါယ်သည်
( Land/ Country of Bengal ) ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုသည့် ဘာသာစကားနှင့်
သူတို့၏ လူမျိုးနွယ်ကို “Bengal/ Bengali” ဟုခေါ်ကြပါသည်။ ကျနော်တို့ဆီက ဘင်္ဂါလီ (
so-called Rohingya) တွေပြောဆိုကြသည့် ဘာသာစကားသည်လည်း ထူးထူးခြားခြား တိုက်ဆိုင်စွာပင်
Southern Chittagonians တွေပြောဆိုကြသည့် Bengali စကားနှင့် ချွတ်စွတ်နီးပါး တူညီနေပါသည်။
အညာသားနှင့် ရန်ကုန်သား လေယူလေသိမ်း ( dialect )၊ တချို့အသုံးအနှုန်း ကွာသလောက်သာ ကွာပါသည်။
ထို့ကြောင့် ကျနော်တို့ မြန်မာနိုင်ငံက ( အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊
စစ်တွေမြို့များမှ ) ဘင်္ဂါလီလူမျိုးများသည် ဘင်္ဂလားဒေ့ရှ်မှဘင်္ဂါလီ များနှင့်မျိုးနွယ်တူ၊
ဗြိတိသျှကိုလိုနီပြုမှု နောက်ပိုင်း ( ၁၈၂၃ နောက်ပိုင်း ) တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်
ဟူသောအဆိုကို ကျနော် ပိုထောက်ခံပါသည်။
( ၂ ) ဘင်္ဂ
ါလီလူမျိုးတို့သည် မြန်မာနိုင်ငံအနောက်ခြမ်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုမြစ်ဝှမ်း
တလျှောက်တွင် လူနည်းစု ( minority ) များ မဟုတ်ကြပါ။ “လူများစု” ( majority ) များသာဖြစ်ကြ ပါသည်။
သူတို့၏ လူဦးရေတိုးပွားနှုန်းက အလွန်လျှင်မြန်သဖြင့် ယခု ဘူးသီးတောင်၊ မောင်တော ဒေသတွင်
ဘင်္ဂါလီနှင့် ရခိုင်လူဦးရေ အချိုးအစားမှာ 94: 06 ဖြစ်ပါသည်။ ရသေ့တောင် မြို့နယ်၏
demographic data ကို မသိရသော်လည်း ဘင်္ဂါလီနှင့်ရခိုင်လူမျိုး အချိုးအစား 70:30 လောက်
ရှိမည်ဟု ခန့်မှန်းရပါသည်။ စစ်တွေမှာတော့ ဘင်္ဂါလီနှင့် ရခိုင်ဦးရေ အကြမ်းအားဖြင့်
40:60 လောက် ရှိသည်ဟု ဆိုပါသည်။ သို့ရာတွင် ဘင်္ဂါလီ ( lobby သမား )များ ကိုယ်တိုင်နှင့်
ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့မီဒီယာနှင့် မူဆလင်ကမ္ဘာက သူတို့ကို လူနည်းစု
( minority ) ဟုချည်း ပဲရည်ညွှန်းသုံးစွဲနေကြပါသည်။ တကယ်မသိကြလို့လား၊ သိလျှက်နှင့်
တမင်သုံးစွဲနေကြတာလားဟု ထင်မှားဖွယ် ဖြစ်ပါသည်။ ထိုသို့ “minority” ကို တာဝန်မဲ့သုံးစွဲသဖြင့်
ဗုဒ္ဓဘာသာ ဝင်လူများစုတို့က မူဆလင်ဘာသာဝင် လူနည်းစုကို ဘာသာရေးစစ်ပွဲဆင်နွှဲနေဟန် အထင်ရောက်စေပါသည်။
ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဘင်္ဂါလီ ဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို ဥပမာပေး ပြောကြားခဲ့ပြီး
ဦးရွှေရောက်ဒူလာတွင် မိန်းမ လေးဦး၊ သားနှင့်သမီး ၂၈ ဦး၊ မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင်
၈၂ ဦး ရှိကြောင်းနှင့် မွေးဖွားနှုန်းကို ဖော်ပြရန် "စကားလုံး ရှာလို့ မရနိုင်ကြောင်း"
ပြောကြားခဲ့သည်။ ( ၃၀ ဇူလိုင် ၂၀၁၂ )
http://news-eleven.com/index.php?option=com_content&view=article&id=14792:2012-07-30-13-24-51&catid=42:2009-11-10-07-36-59&Itemid=112
ရခိုင်လူမျိုးများသည် တပြည်နယ်လုံးတွင်သာ လူများစုဖြစ်ပါသည်။
ဘင်္ဂါလီတွေက သူတို့ မူဆလင်တွေကိုသတ်ဖြတ်ပြီး စုပုံထားသည်ဆိုသည့် လုပ်ကြံ၊ လီဆယ်ထားသောဓါတ်ပုံများကို၎င်း၊
အသတ်ခံရသည်ဆိုသော မဟုတ်မမှန်၊ ယုတ္တိမတန်သည့် ကိန်းဂဏန်းကို၎င်း ဖြန့်နေကြပါသည်။ နိုင်ငံတကာကလည်း သူတို့ကို သံယောင်လိုက်ကာ “Rohingya
minorty” တွေကိုလူသားချင်းစာနာ ကြပါ ဟုချည်း တွန်းပြောနေကြ ပါသည်။ ဘူးသီးတောင်၊ မောင်တော
မြို့နယ်ထဲက လူဦးရေ၏ ၆% မျှသာရှိ သော ရခိုင်လူနည်းစု ( minority ) တို့၏ အရေးအကြီးဆုံး
လူ့အခွင့်အရေး ဖြစ်သည့် “အသက်ခန္ဓာ လုံခြုံမှု” ကိုကား ယောင်၍မျှပါးစပ်မဟကြပေ။
ဒုတိယအကြိမ် ဘက်မလိုက်ဘဲရေးရလျှင် တောင်ကုတ်မြို့နယ်မှာ
ရခိုင်လူဦးရေက အများစု ( majority ) ဖြစ်ပြီး ရခိုင်လူမျိုး ( ဖြစ်ဟန်ရှိသူ ) တွေက
တောင်ကုတ်ကားလမ်းပေါ်မှာ လူအုပ်ဖြင့် ပိတ်ဆို့ကာ ဘင်္ဂါလီ လူမျိုးဆယ်ဦးကို သတ်ဖြတ်ခဲ့ခြင်းကတော့
အလွန်အရုပ်ဆိုးသော majority က minority ကို အနိုင်ကျင့်မှု ဖြစ်ပါသည်။ ထိုအပြုအမူကို
ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်မသက် မသာ ဖြစ်ခဲ့ဟန်ရှိပြီး “ဒါ တရားဥပဒေမစိုးမိုးတာပဲ”
ဟု ပြောခဲ့ပါသည်။ ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံသား အများစုက ဤ ရခိုင်-ဘင်္ဂါလီအကြမ်းဖက်မှုအပေါ်
သူမ တစုံတရာ ဖြန်ဖြေ ပြောဆို သည်ကို ကြားလိုကြ သော်လည်း သူမက အားလုံး၏စိတ်ကွက်မှုကိုခံယူ၍
ရေငုံနှုတ်ပိတ်နေခဲ့ပါသည်။ ကျနော့်အနေဖြင့် လည်း ကျနော်တို့၏ “ဒီမိုကရေစီ အနာဂါတ်ခရီး”
အတွက် သူမကို တိုင်းပြည်က၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတိုင်းက အထူးချစ်ခင်နေဖို့
လိုအပ်သည်ဟု ယုံကြည်သဖြင့် အများနည်းတူ သူမကို တစုံတရာ ဝင်ပြောစေလိုခဲ့သော်လည်း
ဘာမှမပြောခဲ့သည့်အတွက် သူမ၏ “ပွဲလန့်တုန်း ဖျာမခင်းတတ်မှု၊ နိုင်ငံရေးအမြတ်မထုတ်တတ်မှု”
ကိုတော့ အံဘွယ်ဘနန်း မြင်လိုက် ရပါသည်။
ဤပွဲမှာ အကြီးအကျယ် နိုင်ငံရေး အမြတ်ထွက်သွားသူကတော့
သမ္မတကြီးဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့ ( ဝန်ကြီးအချို့ ) ဖြစ်ပါသည်။ ကျနော်သည်
သမ္မတကြီးကို ထောက်ခံ အကောင်းမြင်သူ တဦးသာဖြစ်ပြီး၊ တချို့လူတွေလို သူဘာလုပ်လုပ်အပြစ်ပြောဖို့
စောင့်နေသူမဟုတ်ပါ။သို့နှင့်ပင် လည်း ယခုလူတွေက အထူးသဖြင့် ရခိုင်လူမျိုးတွေက အုံးအုံးကြွက်ကြွက်
ထောက်ခံနေကြသော UNHCR ကော်မရှင်နာမင်းကြီးကို
သမ္မတကြီးပြောလိုက်သည့်စကားကို သူ တကယ် ထိုသို့လက်တွေ့ လုပ်နိုင်လိမ့်မည်ဟု ယုံကြည်၍ပြောခဲ့သည်ဟု
ကျနော်မယုံကြည်မိပါ။ သမ္မတ တယောက်အနေနှင့် UNHCR က ထိုသို့လုပ်ပေးဖို့ မဖြစ်နိုင်သည်ကို
သူ မသိမဟုတ်၊ သိပြီးဖြစ်ပါလိမ့် မည်။ ထိုသို့ သိလျှက်နှင့်ပင် ( ညှာညှာတာတာ တွေးပေးရလျှင်
) ရခိုင်တွေက “ဗမာလက်အောက်မှာ မနေဘူး၊ အခု Federal Union လောက်နဲ့ မကျေနပ်နိုင်တော့ဘူး။
Independence ပဲ လိုချင်တယ်” ဟု အသံထွက် လာကြ၍ ဇာတိပုည ဂုဏ်မာန
ထက်သန်လွန်းသည့် ရခိုင်လူမျိုးတွေကို နှစ်သိမ့်သည့် အနေဖြင့် သော်၎င်း၊ ( မညှာမတာ တွေးပေးရလျှင်
) ဒေါ်စုက “မူ”သမား
( person of principle ) တယောက် ဖြစ်သည်နှင့်အညီ အကြောင်းတခုခုရှိ၍ ( ဥပမာ၊ တောင်ကုတ်
၁၀ လောင်းပြိုင် လူသတ်မှုကို ကိုယ့်ဖက်က လွန်သည်ထင်၍ ) ရခိုင်-ဘင်္ဂါလီပဋိပက္ခတွင် ဘာမှဝင်မပြောသာဘဲ ရှိနေရာ၊ ရခိုင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံသား ၉၀% လောက်က အားမလို
အားမရ၊ မကျေမနပ် ဖြစ်နေကြခိုက် သူ့သမ္မတသက်တမ်း အတွင်း ရခိုင်ပြည်နယ်၏ ထောက်ခံမှုကို ရယူလို၍၎င်း
ပြောခဲ့သည်ဟု ယူဆပါသည်။
တောင်ကုတ် ကားလမ်းလူသတ်မှုသည် မူဆလင်လူငယ် (
၃ ) ဦးက ရခိုင်လူမျိုးမိန်းမပျိုတဦးကို ပစ္စည်းလုယက်၊ မုဒိန်းကျင့်ရုံဖြင့် အားမရသေးဘဲ
ဓါးဖြင့်သတ်ဖြတ်ခဲ့ကြသည်ကို ဒေါသထွက်နေသော လူအုပ်ကြီးက စိတ်မထိန်းနိုင်ဘဲ ပြုမူခဲ့ကြခြင်းဖြစ်ပြီး
မျိုးချစ်စိတ်အစွန်းရောက်သော၊ ကိစ္စရပ်များကို ပုဂ္ဂိုလ် တဦးချင်း၊ ကိစ္စတခုချင်း အနေနှင့် ရှုမြင်ကျင့်မရှိဘဲ
( not being taken individually, but taken in a race/ group ) အုပ်စုအနေဖြင့်
ရှုမြင်တတ်လေ့ရှိသူတို့များသည့် ( အထူးသဖြင့် ဆင်းရဲသော ) နိုင်ငံတွေမှာ၊ တရားဥပဒေစိုးမိုးမှု
မကောင်းသည့် ( အထူးသဖြင့် အာဏာရှင်တွေ ကြာရှည် အုပ်ချုပ်ခဲ့ သည့် ) နိုင်ငံတွေမှာ ဖြစ်တတ်လေ့ရှိသည့်
အဖြစ်အပျက်မျိုးသာ ဖြစ်ပါသည်။
ထိုသတင်းကိုကြားရ၍ သည်ဖက်အခြမ်းမှာ ဘင်္ဂါလီ ( majority ) တို့က ရခိုင် ( minority ) တို့ကို ဂလဲ့စားချေသည့်အနေဖြင့် ဦးစွာ တိုက်ခိုက် ( သတ်ဖြတ်၊ နေအိမ်မီးရှို့ ) လာခဲ့ကြ ခြင်းသာ ဖြစ်ပြီး၊
ဗုဒ္ဓ ဘာသာဝင်ရခိုင်တွေက အစ္စလမ်ဘာသာဝင် ဘင်္ဂါလီတွေကို စတင် တိုက်ခိုက် ခဲ့ကြတာ မဟုတ်ပါ။
မြန်မာစစ်တပ် ကလည်း အထက်အမိန့်ရလျှင် ၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့တွင်
ဗုဒ္ဓဘာသာ ရဟန်းတော်များကိုပင်“သင်္ကန်းဝတ်” များဟုဆိုကာ ပစ်ခတ်ခဲ့ဖူးသော်လည်း ယခုတကြိမ်
( အစိုးရသစ်၊ ကာကွယ်ရေး ဦးစီးချုပ်သစ်လက်ထက် ) တွင်တော့ ထူးထူးခြားခြား သဘောကောင်းကာ
လချီကြာသော အဓိကရုဏ်းတခုလုံး အတွင်း ချီတက်လာကြသော လူအုပ်ထဲ သို့ သေနတ်မပစ်ဖောက်ခဲ့ပါ။
စဉ်းစားကြည့်ကြရအောင်။ စစ်တပ်က သေနတ်ဖြင့်မပစ်ဘဲ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊
စစ်တွေလို ဘင်္ဂါလီတွေ လူများစုဖြစ်သည့် မြို့နယ်တွေမှာ မူဆလင် ထောင်သောင်းချီ အသက်ဆုံးရှုံး
နိုင်ပါမည်လား။
သို့ရာတွင် ဘင်္ဂါလီနိုင်ငံရေးသမားတွေက ( တရားဥပဒေ စိုးမိုးမှု မရှိခြင်းပြဿနာဟု ရှုမြင်အပ်သော တောင်ကုတ်တိုက်ခိုက်မှုမှအပ
) ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီများဖက်ကသာ စတင်တိုက်ခိုက် ခဲ့ကြသည်ကို “ဗုဒ္ဓဘာသာဝင်များ၏
လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် အဆမတန် ပုံကြီးချဲ့ခဲ့ကြပါသည်။ တကယ်တော့ ၃၀-၇-၂၀၁၂ သတင်းစာ
ရှင်းလင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး၏ တရားဝင် ပြောကြားချက်အရ
အဓိကရုဏ်းအတွင်း ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး၊ ၁၁၂
ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ကို( ဤသတင်းကို ယုံပါသည် ) “ဘင်္ဂါလီတွေ ထောင်ချီသေကြခဲ့ရသည်” ဟု သတင်းတွေကို
ကပြောင်းကပြန် ပုံဖျက်ခဲ့ကြလေသည်။
ဖတ်ရတာ
ကြိုက်သေးလျှင် အပိုင်း ( ၂ ) ကို စောင့်ဖတ်ပါ။ ကျနော် ခဏ နားပါဦးမည်။
ဘူး
သီး တောင် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း
အ
ပို င်း ( ၂ )
ပြ
ည်ေ ကာ င်းေ အာ င်
၂။ သူတို့ ဘာကြောင့် “ရိုဟင်ဂျာ” ဖြစ်ချင်ကြသနည်း။
( Why Do They Want To Be Rohingyas ?
)
၃။ ပတ်သက်သူများ
အားလုံးသို့ အကြံပြုခြင်း ( Suggestions to All Concerning Parties )