ကိုယ့် ပြည်ကောင်းအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်လို့ ဒီနာမည်ကို မှည့်ပါတယ်။ ( ဒါပေမဲ့ ကိုယ့်ကိုကိုယ်တောင်မှ ကောင်းအောင် မလုပ်နိုင်သေးပါဘူးး)
Wednesday, December 21, 2011
နုတဲ့အခါလည်း နုပေမပေါ့ ..း))
ဒီနေ့ My Document folder မှာ ကျနော် တစုံတယောက်ကို ပေးဖူးသော အောက်ပါ စာစုလေးကို အမှတ်မထင် ပြန်တွေ့မိ၍ ကိုယ့်စာကိုယ် ( အနုပညာအရ ) နည်းနည်းလောက် ကြိုက်သွား သည်နှင့် မိတ်ဆွေ တို့လည်း ဖတ်နိုင်ကြစေရန် တင်ပေးလိုက်ပါသည်။ ( Quote တွေကို online က ယူသင့်တာ ယူပြီး မိမိစကားလုံးလည်းသုံး၍ ကိုယ်ပြောချင်တာရအောင် ကျနော်ကိုယ်တိုင် compose လုပ်ထား ခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။ Mission unaccomplished! :))
Sunday, December 18, 2011
သုံးလစာ အလ္လာပသလ္လာပ စကား
ကျနော် ဘာခလုတ်တခုခု မှားနှိပ်ခဲ့မိသည် မသိ၊ ကျနော့် ကွန်ပြူတာမှာ မြန်မာစာလုံး ( ဇော်ဂျီ ) ရိုက်မရတာ သုံးလနီးပါးလောက် ရှိသွားလေပြီ။
အဲ - ဖတ်လို့တော့ရပါသည်။ Typing ရိုက်လို့ မရတာ ရှိရင်းစွဲ Zawgyi-One Keyboard ကောင်းကောင်း အလုပ် မလုပ်လို့ပဲ ဟု အကြမ်း ဖျင်း သဘော ပေါက်မိသဖြင့် အွန်လိုင်းမှ Keyboard အသစ်တခုကို install လုပ်ဖို့ ကြိုးစားတိုင်းလည်း ရှိရင်းစွဲ keyboard က တားဆီး ဟန့်တားနေဟန်ဖြင့် Installation incomplete ဖြစ်သွား ပါသည် ဟူသောစာတန်းတခုပဲ ပေါ်လာလေ့ ရှိပါသည်။ ကိုင်း - သည်လိုဆိုရင် လည်း လွတ်လွတ်ကင်းကင်း အသစ်သွင်းနိုင်အောင် ရှိပြီးသား Keyboard, font တွေကိုသာ uninstall လုပ်ပေးပါတော့ ဟုခိုင်းပြန်လျှင် လည်း Zawgyi-One cannot be uninstalled as it's in use ဟု ကပ်တီးကပ်ဖဲ့ လုပ်ပြန်လေသည်။ page, file မှန်သမျှ ကို အကုန်ပိတ် ပြီး Control Panel's Uninstallation box တခုတည်းဖွင့်၍ ခိုင်းနေတာကို သည်လိုပြောလာတော့ လမ်းက ဆုံးသွားလေပြီ်။ ကျနော်သိ သလောက် ဗမာဖောင့်ကို Install လုပ်တာတို့ fixed လုပ်တာတို့ကို မြန်မာ အချင်းချင်းကသာ ပိုနားလည်ပြီး အဖြူတွေက သိပ်နားမလည် ကြသဖြင့် အာပေါက်အောင် ရှင်းပြရတတ် ပါသည်။ ကျနော့် ကွန်ပြူတာက ကွန်ပြူတာပြင်ဆိုင်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ ရသည့် laptop လည်းမဟုတ်ဘဲ မိသားစုတွေ အများအားဖြင့် အသုံးများကြသည့် မော်နီတာအပြား HP desktop ( Window 7 ) ဖြစ် ပြီး မြန်မာနိုင်ငံသား တယောက်ထံမှ ( သူ သိပ်မသုံးတတ်သဖြင့် ) ပြန်ဝယ်ထားတာ ဖြစ်ပါသည်။ ကျနော်က အမေရိကမှာ သူဆင်းရဲ တယောက်ဖြစ်၍ ငွေရေးကြေးရေး ချင့်ချိန်ရသဖြင့်၎င်း၊ ကျောင်းတဖက်တက်သေး၍ နောက်က ကျားလိုက်နေသလို အချိန်လုယက်ပြီး တင်ရသည့် assignments တွေနှင့် လုံးချာ လည် လိုက်နေတတ်သဖြင့်၎င်း ပြင်ဆိုင်သွားပြီး မပြင်ဖြစ်ခဲ့ပါ။
ပြီးခဲ့သည့်အပါတ်က ဆောင်းဦးစာသင်ရာသီ ကုန်ဆုံးသွားပြီဖြစ်၍ မနေ့ကတော့ ကျနော် ဘာရယ်မဟုတ် ကျနော့် computer "Guest Account" မှာ ဘာတွေရှိပြီး ဘာတွေမရှိသလဲ ဆိုတာ သိလိုစိတ်နှင့် ဝင်သွားကြည့်မိရာ အဲသည် account ၏ desktop ပေါ်မှာ "ဝိဇ္ဇာ" ဆိုသော application ( WitZar Myanmar Input System ) လေးတခု ရှိနေ သည်ကိုတွေ့ပါသည်။ မြန်မာစာ၊ ရှမ်းစာ၊ Burglish, Myanmar 3, Ayar, Win Innwa, Zawgyi-One တို့ကို ရိုက်လို့ရသည်ဆို၍ ဇော်ဂျီ-ဝမ်း မြန်မာစာလုံး စမ်းရိုက်ကြည့်ရာ ရိုက်လို့ရသည် ကို တွေ့ရပါသည်။ ဤ post ကို အဲဒါလေးနှင့် ရေးထားတာ ဖြစ်ပါသည်။
မြန်မာဖောင့် မသုံးနိုင်ခဲ့သော ဤ သုံးလအတွင်းမှာ မှတ်မှတ်ရရ ကိုယ့်မိတ်ဆွေတွေက ရိုဟင်ဂျာကိစ္စ ဖဘပေါ်မှာ ပြောကြ၊ ဆိုကြ တာတွေ တွေ့မိ တော့ ကျနော်လည်း ဝင်ပြောချင် ခဲ့ပါသေးသည်။ ( ကျနော်ကား နှယ်နှယ်မဟုတ်၊ ဘူးသီးတောင် မြို့နယ် အတွင်း မှာ မွေးဖွားသူ ဖြစ်၍ သူရို့စကားကို ရခိုင်စကား၊ ဗမာစကားတွေ လောက်နီးနီး ပြောတတ်သူ ဖြစ်လေသည်း)) သူတို့အကြောင်း၊ သူတို့ စိတ်နေစိတ်ထားကိုလည်း စာတွေ့မဟုတ်ဘဲ လက်တွေ့ အနေဖြင့် သိရှိပါသည်။ အဲသဟာနှင့်ပင် Expert, Scholar ဆိုသော ဝေါဟာရ ကိုပင် ကျနော် ဆန်းစစ်ချင်လာမိသည်။ တက္ကသိုလ်က ဘွဲ့ရမှလား။ သူတို့စကားကိုပါ တတ်သည့် ကျနော်တို့လိုလူတွေကိုကော ဘာခေါ် ကြမလဲ။ ကျနော်တို့လို လူတွေက ပညာရှင်တွေ လို ကိန်းဂဏန်းနှင့် သူတို့သမိုင်းကြောင်းကို ဂဂနန သိမည်မဟုတ်သော်လည်း မိမိတို့၏ အဖိုး၊ အဖေတို့ ပြောပြချက်များအရ လွတ်လပ်ရေးမတိုင်ခင်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်လောက်က အထိ သူတို့ အကြောင်းနှင့် ကိုယ်တိုင် သူတို့နှင့် ထိတွေ့ ဆက်ဆံဖူးသည့် အတွေ့အကြုံများ အရ သူတို့၏ ethnic-group's mind-set ကိုတော့ ကောင်းစွာ သိကြပါသည်။
ဒါပေမဲ့ထိုစဉ်က ကျနော့် မြန်မာဖောင့် အလုပ်မလုပ်သဖြင့် ဘာမှ ဝင်မပြောသာခဲ့ပါ။ တကယ်တော့ ထိုသို့ မပြောဖြစ်ခဲ့တာကလည်း ကျနော့်အတွက် ကံကောင်းပါသည်။ ပြောဖြစ်ခဲ့လျှင် စောစော အဆဲခံခဲ့ ရနိုင်သောကြောင့်ဖြစ်ပါသည်။ ယခု မြန်မာဖောင့် ရနေပြီဖြစ်၍ ထိုစဉ်က မပြောဖြစ်လိုက်သော ကျနော့် အမြင်တချို့ကို မှတ်တမ်းအလို့ငှာ အနည်းငယ်လောက် ပြောခဲ့ ချင်ပါသည်။
"ရိုဟင်ဂျာ" ဆိုတာ ကတော့ နိုင်ငံရေး ရည်ရွယ်ချက်တစုံတရာဖြင့်တီထွင်ထားသော စကားလုံးဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူတို့လူမျိုး ၉၉% လောက်က သူတို့ကိုယ်သူတို့ ခေါ်ကြသော လူမျိုးအမည်မှာ ဘင်္ဂါလီ (Bangali ) ဆိုသော အမည်ကို သူတို့အသံထွက်အတိုင်း ခေါ်သည့် "ဘင်-ဂါလ်" ( Ban-gal ) ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် သူတို့က ဘာသာဝင်အနေဖြင့် မူဆလင်များဖြစ်ကြ၍ သူတို့ကိုယ်သူတို့ "မူဆူလ်းမန်း" ( မူဆလင်= Muslim ) ဟု အခေါ်ခံချင်ကြပါသည်။ ဒါပေမဲ့ "မူဆလင်" ဆိုတာက "ခရစ်ယာန်" "ဗုဒ္ဓဘာသာဝင်" ဆိုတာလိုပင် လူမျိုးတမျိုး၏အမည်မဟုတ်ပါ။ ကျနော် သူငယ်တန်းမှသည် ဆယ်တန်းကျောင်းသား ဘဝအထိ သူတို့နှင့် အတူတူကျောင်းတက်ဖူးသူ တယောက်အနေဖြင့် သူတို့ "ရိုဟင်ဂျာ" လူမျိုးဟု အခေါ်ခံချင်လှချည့်လို့ မတွေ့စဖူးပါ။ ထို့ကြောင့် သူတို့ကို "ဘင်္ဂါလီ" လို့ခေါ်တာ မမှား၊ သင့်မြတ်သည်ဟု ထင်မြင်ယူဆပါသည်။
သို့ရာတွင် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ထိုက်မှုနှင့် ပတ်သက်လို့ကတော့ ကျန်ပုဂ္ဂိုလ်များလောက် ကျနော့်မှာ တင်းမာသော သဘော ထားမရှိပါ။ သည်အတွက် လူအတော်များများ ( အထူးသဖြင့် ရခိုင်လူမျိုးများ ) က ဤစာကို ဖတ်ရလျှင် ကျနော့်ကို ဆဲချင်နေကြလိမ့် မည်ဟု မျှော်လင့်မိပါသည်။ ဒါပေမဲ့ ကိုလိုနီခေတ်တွင်ပင် ရောက်လာကြတာ ဖြစ်သော ရန်ကုန် မဂိုလမ်းက၊ တာမွေက၊ မင်္ဂလာ တောင်ညွန့်က ကုလား လူမျိုးတွေမြန်မာနိုင်ငံသား ဖြစ်ထိုက်လျှင်၊ လွန်ခဲ့သည့် ( ၃ )နှစ်လောက်ကမှ အမေရိကန်ပြည်ထောင်စု သို့ ရောက်လာသော ကျနော်က နောက် ( ၂ ) နှစ်နေတော့ အမေရိကန်နိုင်ငံသား ဖြစ်ထိုက်လျှင် အနည်းဆုံး ကိုလိုနီခေတ်လောက် ကတည်းက မြန်မာနိုင်ငံထဲကို ရောက်နေကြသော ဤဘင်္ဂါလီလူမျိုး တွေလည်း နိုင်ငံသား ဖြစ်ထိုက်သည်သာဟု ယူဆပါသည်။ ဒါပေမဲ့ သူတို့အနေဖြင့် "ကျွန်ုပ်တို့မှာ တိုင်းရင်းသားများ ဖြစ်ကြသည်" ဟူသော အပြောကိုတော့ လျှော့သင့်ကြသည်ဟု ထင်ပါသည်။
မလေးရှားနိုင်ငံမှာ မူလဌာနေ မလေးတိုင်းရင်းသားတွေနှင့် နောက်မှရောက်လာကြသည့် တရုတ်လူမျိုး မလေးရှားနိုင်ငံသားတွေအကြား အခွင့်အရေး ကွာဟမှုရှိသော ဥပဒေ တခုရှိသည်ဟု ကြားဖူးပါသည်။ ကျနော်တို့ ဆီမှာလည်း အဲသည်လို "တိုင်းရင်းသားလူမျိုးများ ဥပဒေ" တရပ် ထားလိုက ထားနိုင်ပါသည်။ ထိုသို့ထားပြီးနောက် ( ကျနော့်အမြင်ကို ပြောရလျှင် ) တရုတ်၊ ကုလား လူမျိုးများအနေဖြင့် China-origin, India-origin, Bangladesh-origin စသည်ဖြင့် အတိအလင်းပင် ဖော်ပြလျှက် case အလိုက် "မြန်မာနိုင်ငံအတွင်း အမြဲ တမ်းနေထိုင်ခွင့်ရှိသူ" ( Permanent Resident ) နှင့် "နိုင်ငံသား" ( Citizen ) အထိ ခံယူခွင့်ရှိစေသင့်ပါသည်။ ဒါပေမဲ့ China-origin, India-origin, Bangladesh-origin ဟုဆိုထားမှတော့ Myanmar-origin မဟုတ်တာ သေချာသဖြင့် မြန်မာတိုင်းရင်းသားတော့ ဖြစ်ခွင့် ရှိလိမ့်မည် မဟုတ်ပါ။ ဒါကိုမှ Human Rights အဖွဲ့တွေက အော်နေကြသေးလျှင်လည်း "ကျုပ်တို့နိုင်ငံက ခလုတ်တိုက်ပြီး ရှာဖွေ တွေ့ရှိ ထားသည့် အမေရိကတိုက် မဟုတ်၊ မြေကျယ်ဝန်းလှသည့် သင်းတို့လောက်သဘောမကောင်းနိုင်၊ အနော်ရထာမင်းက ပထမမြန်မာနိုင် ငံတော်၊ ဘုရင့်နောင်မင်းက ဒုတိယ မြန်မာနိုင်ငံတော်၊ အလောင်းမင်း တရားက တတိယမြန်မာနိုင်ငံတော်တွေကို သွေးနှင့်၊ချွေးနှင့် ထူထောင်ခဲ့ကြစဉ်က သည် ပေါက်ဖော်ကြီးတို့၊ ဆွာမိတို့၊ မာမွတ်ဘိုင် တို့ မပါဝင်ခဲ့ကြ။ ဒါကြောင့် ဒီ A South-east Asian nation's the most notable generosity ကိုပဲ ကျေးဇူးတင်လိုက် ကြဦး" ဟု ခပ်မာမာနှင့် ပြန်ပြောလိုက်ရုံသာ ရှိပါသည်။
သင် သူတို့ကို ကြည့်လို့ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဤ လူဦးရေ သန်းချီရှိသော ကိုယ့်နိုင်ငံမှာမွေးသည့် ဘင်္ဂါလီတွေကို ဘယ်နား သွား ပစ်ရပါမည်နည်း။ Bangladesh Citizens စစ်စစ်တွေက မြန်မာပြည်ထဲသို့ တစိမ့်စိမ့် ခိုးဝင်လာနေသည် ဆိုတာကိုတော့ ကျနော် မယုံပါ။ ထိုင်းနိုင်ငံ သားများ မြန်မာပြည်အတွင်းသို့ ခိုးဝင်လာနေကြသည် ဆိုတာ မဖြစ်နိုင်သကဲ့တည်း။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားစစ်စစ် ကလည်း လုပ်စား ကိုင်စားရ မချောင်လည်လှသော မြန်မာနိုင်ငံထဲသို့ ဘယ်သူမှ အရဲစွန့်ပြီး လာလိုကြမည်၊ လာဝံ့ကြမည် မဟုတ်ပါ။ ( မြန်မာပြည်သို့ ငွေရဖို့ကလွဲ၍ ဘာကိုမျှ မျက်ကန်း တစ္ဆေမကြောက်သည့်၊ သူတို့တိုင်းပြည်မှာလည်း facebook ပင်သုံးခွင့်မရှိသည့် တရုတ်လူမျိုးတွေပဲ လာဝံ့ကြပါသည်။ ) ယင်းအစား ဘူးသီးတောင်၊ မောင်တော ဖက်က ဘင်္ဂါလီတွေကသာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ခိုးဝင်၍ အလုပ်သွားလုပ်ကြတာများပါသည်။ အဲသည်မှာ မိန်းမတွေဘာတွေရပြီး မြန်မာပြည်ကို တိတ်တိတ် ကလေး ခေါ် ယူလာသည့်ကိစ္စအချို့ ရှိကောင်း ရှိနိုင်ပါသည်။ သည်ဘင်္ဂါလီကိစ္စကို သတ္တိရှိလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို "မင်းတို့နှင့် ဆွေမျိုးတော် သည့် သည်ဘင်္ဂါလီလူမျိုးတွေကို ပြန်ခေါ်ပါ" ဟုရာဇ သံပေးရုံသာရှိသည်။ သည်လိုလည်း မလုပ်နိုင်ဘဲနှင့် သည်လူတွေကို ဘာ status မှ မပေးရေး စဉ်းစားတာကတော့ "မဖြစ်နိုင်" သည့်အပြင် ဖြစ်လည်း "မဖြစ် သင့်" ဟုထင်ပါသည်။ ဒါပေမဲ့ အဲဒါက ကျနော့်၏ ပုဂ္ဂလိက အမြင်မျှသာ ဖြစ်ပါသည်။ ကျနော်က ဘာအရေးပါသူ၊ ဘာခေါင်းဆောင်မှ မဟုတ်၍ ကျနော့်စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား ( National Interests ) ကို ဘာလောက်မှ ဆိုးဆိုးရွားရွား မထိခိုက်နိုင်ဟု ယူဆမိသဖြင့် ( ကိုယ့်ကို ဝိုင်း ဆဲတာကတော့ ဆဲကြပါစေတော့ဟု သဘောပိုက်လျှက် ) ကျနော့်စိတ်ထဲ ရှိသည့်အတိုင်း ရေး လိုက်ခြင်း ဖြစ် ပါသည်။ ကျနော် ကုလားသွေး တရွေးသားမျှ မစပ်ကြောင်းလည်း ကြိုတင် ပြော ထားလိုပါသည်။ သို့ရာတွင် "Fairness" သည် လူတို့ကျင့်ရာသော တရားဟု ကျနော်ထင်ပါသည်။ ယင်းသည်သာ ( free thinker ဟု ကိုယ့်ကိုယ်ကိုယ် ခံယူထားသော ) ကျနော့်၏ ဘာသာတရားလည်း ဖြစ်ပါသည်။
..............................................
( ၂ )
ကျနော် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်ထောင့်၊ ဘယ်နေရာကမှ အနစ်နာခံ ပါဝင်ခဲ့ဖူးခြင်း မရှိပါ။ ထို့ကြောင့်ပင်လျှင် ကိုယ်မလုပ်နိုင်သည့် အနစ်နာခံသောကိစ္စကို တကယ်လုပ်နေကြသူများ၊ လုပ်ခဲ့ ဖူးကြသူများ( ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသူ ) တို့ကို ကျနော် ကိုယ်ချင်းစာနာ၊ ကြည်ညိုလေးမြတ်ပါသည်။ ဒါပေမဲ့ ကျနော်တို့ မြန်မာ လူမျိုးတွေက လူတယောက်က ကြည်ညိုသင့်သူ တယောက် အပေါ် ကြည်ညိုတာကို "သူများ ယောင်လို့ အမောင် တောင်မှန်း မြောက်မှန်းမသိ လိုက်ယောင်နေတယ်" ဟု judge လုပ်ချင်တတ်ကြပါသည်။ တကယ်တော့ အဲသည်လို judge လုပ်လိုက်တာဟာ ထိုကြည်ညိုနေသောသူကို "သူများတကာ ယောင်တိုင်း လိုက်ယောင်တတ်သသူ ( = ဦးနှောက်မရှိသူ )" ဟုစော်ကား လိုက်ရာ ရောက်သည်ဟု ထင်မိပါသည်။ကျနော် အဲသည်လိုအပြောခံရလျှင် မနှစ်သက်သဖြင့်၊သူများကိုလည်း မပြောဖူးသဖြင့် ခုလို အကျယ်တဝင့်ပြောနေ မိခြင်း ဖြစ်ပါသည်။
ကျနော်ကတော့ အထက်ပါပုဂ္ဂိုလ်တွေကို သူများတကာတွေက ကြည်ညိုနေကြ၍ ကိုယ်လည်း လိုက်ကြည်ညိုမှ ခေတ်မီအံ့ အထင်ဖြင့် ( influenced by the peer-group အရ ) ရောယောင်ပြီး ကြည်ညိုခြင်း မဟုတ်သည်ကို မိမိဖာသာ ကောင်းစွာသိပါသည်။ ကျနော့် စံသတ်မှတ် ချက်များအရ ကြည်ညိုသင့်လောက်သော ပုဂ္ဂိုလ်များမို့ ကြည်ညိုခြင်းသာ ဖြစ်ပါသည်။ ထို့အတူပင် ကိုမင်းကိုနိုင် တို့ ( ၂ ) ရက်လောက် (ဘာမှမဖျက်မဆီးဘဲ ငြိမ်းချမ်းစွာ) လမ်းမပေါ် ထွက်ဆန္ဒပြကြတာကို ရာဇဝတ်ပြစ်မှု ဟုဆိုပြီး ထောင်ဒါဏ် (၆၅) နှစ်စီ ချမှတ်သော အစိုးရမျိုးကို "အစိုးရ" တရပ်ဟု ခံစားလို့ မရဘဲ တွေးမိတိုင်း ဒေါသဖြစ်နေမိတတ်ခြင်းမှာလည်း အစိုးရကို မုန်းမှ၊ ဆဲနိုင်မှ ခေတ်မီအံ့၊ ဒီမိုကရေစီ ဘက်တော်သား ဖြစ်အံ့ အထင်နှင့် မုန်းခြင်းမဟုတ်ပါ။ သူတို့သည် ငါးယောက်ထက် ပိုမစုရ ဆိုသော တည်ဆဲအစိုးရ တရပ်၏ "အမိန့်" ကိုဖောက်ဖျက်ခဲ့ကြ သဖြင့် ( လွတ်လပ်စွာ စုဝေးခွင့် ဆိုသည့် universal human right ကို ခေတ္တမေ့ ထားလိုက်လျှင် ) ပြစ်မှုကျူးလွန်ရာ ရောက်ကောင်း ရောက်ခဲ့ နိုင်ပါသည်။ ဒါပေမဲ့အဲဒါသည် ပြစ်မှု ဆိုလျှင်ပင် ထောင် တလ တန်သည်၊ ခြောက်လတန်သည် လောက် အထိသာ ခံစေထိုက်သော ပြစ်မှုမျိုး ဖြစ်ပါသည်။ ယခုလို ( ၆၅ ) နှစ်ချထားခြင်းမှာ နိုင်ငံတော် ၏ လူမဆန်မှု ( တိရစ္ဆာန်ဆန်မှု ) ဟု အသေအချာပင် ဆိုနိုင်ပါသည်။ ထိုသို့လျှင် မြန်မာအစိုးရ လုပ်ပုံ fair မဖြစ်သမို့သာ Universal Emotional Law အရ ( မုန်းစရာကောင်းအောင် လုပ်ထားကြသူတွေကို ကျနော်တို့၏ လူ့ရင်ဘတ်က အလိုအလျောက် ) မုန်းတီးနေမိ ကြခြင်းဖြစ်လေသည်။ လမ်း(၂) ရက်လောက် လျှောက်တာကို ထောင် (၆၅) နှစ် ချသည့်ကိစ္စကိုမှ စိုးစဉ်းမျှလောက် ဖြစ်ဖြစ်ေ-ာက်မြင် ကပ်သောစိတ် မပေါ်ပေါက်လျှင် သင်၏ human emotional mechanism သည် လုံးဝ ရစရာမရှိအောင် ပျက်စီးလေပြီဟု ဆိုချင်ပါသည်။ သည်ထက် ဒဲ့ဒိုး ပြောရလျှင် သင့်မှာ "လူစိတ်ပျောက်ဆုံးနေပြီ" ဟုဆိုရပါမည်။
တဖန် ကိုယ့်နိုင်ငံအရေးသည်လည်း ကိုယ့်အိမ်အရေးလိုပင် ထပ်တူ အရေးပါလှတာမို့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ထင်တာ မြင်တာ ကို ပြောမိ၊ရေးမိလျှင် "ထင်ပေါ်ချင်လို့ အာဘောင်အာရင်းသန်နေတာ" ဟု သံသယ ရှိတတ်ကြပြန်ပါသည်။ သူပြောတာ တယ်ပြီး လက်ခံနိုင်စရာ မရှိလျှင် "ခင်ဗျား ပြောတဲ့စကားမှာ ဟောဒီ အနာအဆာ ရှိလို့ ကျုပ် လက်မခံနိုင်ဘူး" ဟု ပြောနိုင်ပါသည်။ ဒါပေမဲ့ ဒီလူ "နာမည်ကြီးမလားလို့ လေကျယ်နေတာ" လို့တော့ မဆိုသင့်ချေ။ ကျနော့်အဖို့ကတော့ မိမိက လောကအတွက် ဘာတခုမျှ ကျေးဇူးမပြု ဖူး၊ နိုင်ငံ့အတွက်လည်း ဘာတခုမျှ မပေးဆပ်ဖူးကြောင်း ကိုယ့်ဖာသာကိုယ် သိသဖြင့် ဘယ်လိုပင် ကျယ်လောင်စွာ အော်စေ ကာမူ နာမည်ကြီးမည် မဟုတ်ကြောင်းကို သိပြီးသားသာ ဖြစ်ပါ သည်။ ယခု ဤစာကိုလည်း ကျနော့် စိတ်ထဲ တအုံ့အုံ့ တနွေးနွေး မကျေနပ်နေ တာတခုရှိ၍ အဲဒါကို ဖွင့်ချပစ်သည့် အနေဖြင့် ရေးခြင်း ဖြစ်ပါသည်။ တကယ့်ကို စိတ်ထဲခုလုခုလု ဖြစ်ရသဖြင့် အောက်ပါကိစ္စကို အနည်းငယ် ပြောချင် ပါသည်။
ငြိမ်းချမ်းရေးရဖို့ သုံးနှစ်ကြာနိုင်ကြောင်း ဦးအောင်သောင်းပြော
"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီ ချက် ရရှိဖို့အတွက် နောက်ထပ် သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မနေ့က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်း ပွဲမှာ ဦးအောင်သောင်းက အဲဒီလို ပြောလိုက်တာပါ။ မြန်မာအစိုးရဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ရရှိထားကြောင်းနဲ့ ဒီသဘောတူညီချက်တွေ ကတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်အထူးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ့်အကြောင်း စစ်အစိုးရ လက်ထက် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ရဲ့စကားကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ် ပွားနေတာနဲ့ ပတ်သက် ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်းတဲ့အတွက် ညွန်ကြား ချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆိုသွားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။"
( 2011-12-17, RFA News )
ပြောပြန်လျှင်လည်း ဆောင့်ကြွားကြွား ပြောသည် ဖြစ်ဦးမည်။ ကျနော်သာ သူတို့နေရာမှာ ရှိလျှင် ( ၃ ) နှစ် မဟုတ်ဘဲ ( ၃ ) လအတွင်း တပြည်လုံး ငြိမ်းချမ်းရေး ရအောင်လုပ်ပြနိုင် ပါလိမ့်မည်။ ကျနော်မှမဟုတ်၊ ကိုယ့်နိုင်ငံကို lagged behind ( နောက်ကျ ကျန်ရစ် ) မနေ ခဲ့စေလိုသော၊ စစ်မှန်သော နိုင်ငံချစ်စိတ် ရှိသူတိုင်း ဒါကို လုပ်နိုင်ကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သွားရမည့်လမ်းကြောင်းက အင်မတန် ရှင်းလင်း၊ မြင်သာ၊ လွယ်ကူလှ သောကြောင့် ဖြစ်ပါသည်။ ကျနော်တို့ နိုင်ငံမှာ ယခု လောလောဆယ် ပြည်ထောင်စုကြီးမှ ခွဲထွက်ခွင့်၊ နောင် ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့် တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့မှ မရှိပါ။ သည်လောက် ဆိုလျှင် ကျန်တာကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် အကုန်ညှိနှိုင်းလို့ ရပါပြီ။ မရ ရအောင်လည်း ညှိနှိုင်းရပါမည်။ ကျနော်တို့ တိုင်းရင်း သားလူမျိုးစု ညီအကိုတွေ ချစ်စရာကောင်းလိုက်ကြပုံမှာ သူတို့ကပင် စတင်၍ နိုင်ငံတော် အစိုးရ အနေဖြင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းနှင့် သီးခြားစီ တွေ့ဆုံနေမည့်အစားသူတို့၏ တပ်ပေါင်းစု ( (UNFC) နှင့် ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုသော ကိုယ်စား လှယ်အဖွဲ့ တို့ တွေ့ဆုံကြရန် လွယ်သော၊ တိုသောလမ်းကို ကမ်းလှမ်း နေကြသေးသည်။ ဒါကိုမှ မြန်မာနိုင်ငံ အစိုးရသစ်ဖက်မှ ဘာများ ခက်ခက်နိုးနိုး နှင့် သုံးနှစ်ကြာရပါမည်နည်း။ အဲသည်လိုလွယ်တာကို ခက်အောင် လုပ်နေကြတော့ ထိုသို့လုပ်နေကြသူတွေကို စိတ်တို မိရ၊ ဒေါသထွက်ရသည်။ ထပ်ပြောပါမည်။ ယင်းသည် ဒီမိုကရေစီ ဘက်တော်သားလို့ အခေါ်ခံချင်လို့ မဟုတ်ချေ။ တမင်ကပ်တီးကပ်ဖဲ့ လုပ်နေသူကို လူသားဆန်စွာေ-ာက်မြင်ကပ်မိခြင်းသာ ဖြစ်လေသည်။
"ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်း တဲ့အတွက် ညွန်ကြားချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆို သွားတယ်" ဆိုသော မယုံကြည်နိုင်လောက်စရာ ဆင်ခြေ ဆင်လက်မျိုးကိုလည်း တော်တော်စိတ်ပျက်မိရပါသည်။
ဆရာကြီး (Expert ) ၊ ပညာရှင် ( Scholar ) တွေက မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးတို့ကို တောင်ထိပ်ပေါ်က ကြည့်သလို ကြည့်ကာ "ဟိုဒင်းက ဟိုဟာ ဖြစ်နေလို့ ဒီဒင်းကို ဒီလို လုပ်ရမယ်" ဟု ပြောဆို ရေးသားကြ ပါသည်။ ဒါပေမဲ့ကျနော်က ဆရာကြီး၊ ပညာရှင် တယောက် မဟုတ်သဖြင့် တောင်ထိပ်ပေါ် အထိ တက် မကြည့်နိုင်ဘဲ၊ မိမိ၏ စိတ်ခံစားမှုကိုသာ အခြေခံ၍ သည်စကားတွေ ကို ပြောပါသည်။ ( ဤပိုစ့်ကို ကျနော့် emotion က တွန်းလို့သာ ရေးနေမိခြင်းဖြစ်ပါသည်။ ပညာရှင်ဆန်စိမ့်သောငှါ emotion ကိုသတ် လိုက်လျှင် ကျနော့် မှာ ရေးစရာ ဘာမျှရှိတော့မည်မဟုတ်ပါ။ လူပြိန်းတယောက်က နှလုံးသားနှင့် ရေးသောစာသည် ပညာရှင် တယောက်က သူ့ knowledge နှင့်ရေးသော စာတမ်းတစောင်ထက် မနိမ့်ဟုလည်း ကျနော် ထင်လေသည်။ )
မြန်မာပြည်ကြီး ဆောလျှင်စွာ ငြိမ်းချမ်းပါစေ..။
Saturday, December 3, 2011
Announcement
So, I humbly apologize you, whoever visit my blog, for my being unable to write new posts anymore, and I'll be blogging only when I can buy a new computer. Right now, I'm broke to throw this computer and to buy a new one! :))
Regards,
Pyay Kaung Aung
Monday, October 17, 2011
An Appointment with the Death
သူသည် ဗန်ဂိုးထက် အသက် ၁၀ နှစ်ကြီးနေပြီ ဖြစ်ပါသည်။ သူက ယခင် ဆိုဗီယက်ပြည်ထောင်စုက ခေါင်းဆောင်ကြီးဟုဆိုသူ စတာလင်ကို နွားဟု ထင်ပြီး လီယိုတော်လစတွိုင်း နှင့် အင်တန်ချက်ကော့ဗ် တို့ကို လူဟု ထင်ပါသည်။ ( In light of revelations from the Soviet archives, historians now estimate that nearly 700,000 people (353,074 in 1937 and 328,612 in 1938) were executed in the course of the terror, with the great mass of victims being "ordinary" Soviet citizens: workers, peasants, homemakers, teachers, priests, musicians, soldiers, pensioners, ballerinas, beggars. ( ref: http://en.wikipedia.org/wiki/Joseph_Stalin ) ဒါက နှစ်နှစ်စာပဲ ရှိသေးသည်။ စတာလင်က ၁၉၂၄ မှ ၁၉၅၃ ထိ ဆိုဗီယက် ပြည်ထောင်စုကို အုပ်ချုပ်ခဲ့ပါသည်။ တကယ်တော့ သန်းချီသော ကိုယ့်နိုင်ငံသား၊ ကိုယ်နဲ့အတူ အလုပ်လုပ်လာသည့် ရဲဘော်ရဲဖက် တွေကို သူ့အာဏာခိုင်မြဲရေး အတွက် သတ်ရက်သူကို နွားဆိုတာထက် ပိုနာနာကျည်းကျည်း ခေါ်သင့်ပါသည်။ တရားကိုချစ်သူ၊ တရားကိုသိသူ ဆိုတာေ-ာက်မြင်ကပ် သင့်တာကို /ကပ်သင့်သူကို ထိုက်ထိုက်တန်တန်ေ-ာက်မြင်ကပ်တာလည်း ပါသည်ဟု သူထင်ပါသည်။ ) ထို့ကြောင့် နွားတွေ တည်ထောင်သော ဆိုဗီယက်နိုင်ငံတော် ( ဒေါက်တာ ဇီဗားဂိုး ရုပ်ရှင်ကို ကြည့်ပါ ) ကို အားမကျလှသော်လည်း လူတွေရေးသော ရုရှဂန္ဓဝင် စာပေကို အထင်ကြီးလှသည်နှင့် Russian for Beginners ဆိုသော စာအုပ်ဟောင်း တအုပ်ကို သူ တခါတုန်းက ဈေးမေးကြည့်ဖူးသည်။ သူနှင့်ခင်နေသော ထိုစာအုပ်ဟောင်း ရောင်းသူက ကမ္ဘာသုံးလည်း မဟုတ်တဲ့ ရုရှစာကို လေ့လာနေမည့် အစား ... တရားတော်များ ကို လေ့လာရန် အကြံပြုခဲ့သည်။ သူလည်း တရားတော်တွေ ကျေးဇူးကြောင့် တရားတွေ အတော်ရနေပြီဟု ပြောပြသည်။ ထိုအခါ သူ (= စတာလင်ကို နွားဟု ထင်သောသူ ) က "တရားဆိုတာ Absolute fairness ဗျ။ အဲဒီ fairness ကို ချစ်တာကတော့ ကျုပ်က တရား မလိုက်စားဖူးဘဲနဲ့ကို ချစ်ပြီးသားပါ၊ ဒါကြောင့် ကျုပ်ရင်ထဲမှာ တရားရှိပြီးသားလို့ ယုံပါတယ်။ နောက်ပြီး ကျုပ်က ဘဝရဲ့ အဓိပ္ပါယ်မဲ့မှု ( meaningless existence of life ) ကို မြင်လွန်းနေလို့ ခက်နေတာဗျ။ ဒီတော့ ကျနော် အမှန်အတိုင်းပြောရရင် ခုနေခါမှာ ဘဝကို တက်တက်ကြွကြွ၊ စိတ်ပါလက်ပါ ခံစားနိုင်မဲ့ တရားပဲလိုချင်တယ်ဗျာ။ ဘဝကို စိတ်ကုန်မဲ့ တရား မလိုအပ်ဘူးဗျ။ အဲဒါက ရှိနေပြီးသား" ဟု ပြန်ပြောခဲ့မိသည်။ ထိုအခါ တရားရှိသော စာအုပ်ဆိုင်ပိုင်ရှင်က ဒီလူ တရားမရသေးဘူးဟု အခြားလူတဦးကို ပြန် ပြောပြသည်ဟု သိရ၏။ နောက်ဆုံးတော့ တရားမရသေးသော သူကပဲ တရားရထားသောသူကို တရားနှင့် ဖြေလိုက်ရလေသည်း))
Fairness ဆိုလို့ မြန်မာမတွေ ပဲများပုံကလည်း တယ် fair မဖြစ်လှဟု သူ ထင်မိသည်း)) တခါတုန်းက သူ အပြင်မှာ လူချင်း မတွေ့ဖူး၊မမြင်ဖူး၊ မှုန်ဝါးဝါး ဓါတ်ပုံလောက်မျှလည်း မတွေ့ မမြင်ဖူးသော်လည်း စိတ်ကောင်း နှလုံးကောင်း ရှိသည်ဟု မှန်းဆ၊ ခံစားမိသော ( သူနှင့် စံတော်ချိန် ၁၅ နာရီ ကွာခြားသော အရပ်မှ ) မြန်မာ ဘလော့ဂါမလေး တယောက်ကို "တော်သည့်၊ ထက်မြက်သည့်၊ ယဉ်ကျေးသိမ်မွေ့သည့် တူမလေးတယောက်" ကို ချစ်ခင်မိသလို သူခင်မင်သွားခဲ့ဖူး သည်။ သို့နှင့် သူမ၏ မွေးနေ့နား ရောက် လာသောအခါ ( Happy Birthday wish လောက်လုပ်တာက လျှာဖျားပေါ်က ဟန်ဆောင်ခင်မင်မှု ဆန်လှသည်၊ ဘာမှ အနှစ်အသား မပါဘူးထင်၍ ) မွေးနေ့လက်ဆောင် တခု ပို့ပေးချင်ကြောင်း ပြောမိ၏။ ဤနေရာတွင် ဖခင်/ ဦးလေးတွေက တော်သော၊ လိမ်မာသော သမီး/ တူမ တယောက်ကို ဂုဏ်ယူစွာနှင့် ချစ်ခင်ကြသလောက် အဲသည် ကလေးမကို သူချစ်ခင်ခဲ့ကြောင်း ဝန်ခံပါသည်။ သူပြောချင်တာ တချက် ရှိပါသည်။ ယောက်ျားတွေဟာ သမီး/တူမ တွေကို သား/ တူတွေထက် ပိုချစ် ခင်မိကြခြင်းမှာ romantically attracted ဖြစ်တာ မဟုတ်ဘဲ သူမတို့၏ innocence, cleverness, cuteness ကို ငြိမ့်ငြိမ့် အေးအေး၊ သန့်သန့်ရှင်းရှင်းလေး နှစ်သက် ချစ်ခင်မိကြတာသာ ဖြစ်ပါသည်။ ဤကဲ့သို့သော ချစ်ခင်မှုမျိုး သွေး မတော် သားမစပ်သော ယောက်ျား တယောက်ထံမှလည်း လာနိုင်သည် ဆိုတာပဲ ဖြစ်ပါသည်။ မိမိချစ်ခင်မိသော မိန်းကလေး တယောက်ကို romantically attracted ဖြစ်တာ ဟုတ်၊ မဟုတ် သူ စမ်းသပ်လေ့ရှိသည့် နည်းမှာ ခုနေခါ သူမ boyfriend တယောက် ရသွားကြောင်း သိရလျှင် မိမိ ဘယ်လိုခံစား ရမလဲဟု အငှားဝင် ခံစားကြည့်ခြင်း ဖြစ်သည်။ သူ မွေးနေ့လက်ဆောင် ပေးချင်ကြောင်း ပြောမိဖူးသည့် မိန်းကလေးကိုလည်း အဲသည် စမ်းသပ်နည်းနှင့် စမ်းသပ်ကြည့်ရာ သူမ boyfriend ရသွားလည်း သူ မနှမြော မတွန့်တိုမိပေ။ သူမ ယောက်ျားရပြီး ကလေးတွေ ရနေလည်း သူမကို မေတ္တာမပျက် မိမိဖက်မှ တစုံတရာ ဖြည့်ဆည်းပေးနိုင်တာ ရှိလျှင်သာ ဖြည့်ဆည်း ပေးနေချင်လေသည်။ အဲသည် ခံစားမှုကို သူက လှပ သန့်ရှင်းသည်ဟု ထင်သော်လည်း သူမကတော့ "ဖွန်ကြောင်သည်" ဟု အဓိပ္ပါယ် ကောက်ခဲ့ဟန် ရှိသည်။ ( တခု ပဲ ရှိတာက သူ ဖွန်ကြောင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သလားတော့ မသိ၊ သူမ၏ အရွယ်လောက် ရှိပြီး သူမလောက်ပင် လိမ္မာ၊ ထူးချွန်၊ ထက်မြက်သော တူအရွယ် ယောက်ျားလေး တယောက်ကိုတော့ သူ အဲသည်လို စေတနာမျိုး တခါမှ မပေါ်ပေါက်ဖူးပေ :))
သူမကို လက်ဆောင်ပေးချင်ကြောင်း ပြောခဲ့ခြင်း၏ အကျိုးဆက် အဖြစ်ဖြင့် သူမသည် သူ့ကို ကိုယ်ကျင့်တရား ဖောက်ပြန်သူတယောက်ကို စိတ်မပါလက်မပါဖြင့် ဆက်ဆံနေရသလို ဆက်ဆံလာခဲ့သည်။ ဥပမာ၊ သူမ၏ facebook wall ပေါ်မှာ birthday wish ပေးခဲ့ကြ သူတိုင်းကို သူမက like နှင့် ကျေးဇူးတင်စကား ရွှန်းရွှန်းဝေအောင် ပြောသော်လည်း သူပို့ထားသည့် အရုပ်ကလေး ကိုတော့ မထိမတို့ဘဲ တမင်ချန်လှပ်ထားခဲ့ပြီး ( လူအများအလယ်မှာ ထင်းကနဲ ပေါ်လွင်နေစေကာ ) အရှက်ခွဲခြင်းမျိုး ဖြစ်သည်။ ဒါကို တချို့က နိုင်ငံကြီးသား ဖြစ်လေယောင်ဆောင်ကာ "ဟာ.. ဒါက သူ့ individual right ပဲလေ၊ သူ ပြန်ပြောချင်မှ ပြောမှာပေါ့" ဟု ဆိုကြပါလိမ့်မည်။ ဟုတ်ကဲ့.. ခင်ဗျားက လူတယောက်ကို လူပုံအလယ်မှာ တစုံတရာ လှမ်းနှုတ်ဆက်လိုက်စဉ် ထိုသူက ( မကြားလို့မဟုတ်ပါဘဲ ကြားပါလျက် သူ့ individual right ကိုသုံး၍ ) ခပ်စိမ်းစိမ်းကြည့်ပြီးမှ ဘာမှ ပြန်မပြောဘဲ ဟိုဖက်ကို မျက်နှာလှည့်သွားလျှင် ခင်ဗျားရင်ထဲ ဘယ်သို့ရှိပါမည်နည်း။ လောကတွင် "ယဉ်ကျေးသောအပြုအမူ ဆိုသည်မှာ မိမိကြောင့် လူတယောက် အိုးတိုးအန်းတန်း၊ စိတ်အနှောက်အယှက် မဖြစ်စေရအောင် မိမိ၏ အပြုအမူကို ထိန်းသိမ်းခြင်း၊ သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် ထားခြင်း" ဟု သူထင်ပါသည်။ သည်လိုနှင့် သူ အခု သူမကိုမုန်းတီးလို့ မဟုတ်ဘဲ သူမ၏ အလိုကို လိုက်ပေးသည့် အနေဖြင့် သူမကို ဘာမှ သွားမပြောတော့ပါ။ A relationship is mutual; one-sided relationship cannot be sustainable. သူက ဒါတွေကို စမြုံ့ပြန်ပြီး သူမကို မကျေမချမ်း ဖြစ်နေတာမျိုး မဟုတ်ဘဲ၊ သူခံတွင်း မတွေ့မိခဲ့သော "မြန်မာပဲ" အကြောင်းကို သူ့ရဲ့ နောက်ဆုံးအချိန်မှာ ပြန်လည် သတိရနေမိတာသာ ဖြစ်ပါသည်။
အခြားတယောက်သော မိန်းကလေးကိုတော့ သူတကယ်ချစ်သွားမိခဲ့တာ ဖြစ်သည်။ သည် မိန်းကလေး၏ ရယ်မောသံက ညှင်းညှင်းသွဲ့သွဲ့နှင့် အလွန်သာယာနာပျော်ဖွယ် ရှိလှသည်။ သူသည် သူမ၏ အသက်ဝင်လှသော ( lively ) ရယ်သံချိုချိုလွင်လွင်ကို ကနဦး စွဲလန်းငြိတွယ်သွားခဲ့တာ ဖြစ်သည်။ နောက်တော့ သူမ ( တခုလုံး ) ကို ချစ်သွားခဲ့တော့သည်။ သူ့၏ "မိန်းကလေး တယောက်ကို ချစ်မချစ် စမ်းသပ်နည်း" ကတော့ စိတ်ကူးထဲမှာ သူမကို အသက် ၆၀-၇၀ အရွယ်လောက် ထားလိုက်ပြီး မိမိ ( အဖိုးကြီး ) က သည်အဖွားကြီးကို ညှာတာ၊ မြတ်နိုး၊ တစိမ့်စိမ့် ကြည့်မဝချင်စိတ် ဖြစ်နေသေးလျှင် တကယ် ချစ်မြတ်နိုးသည်ဟု ယူဆလေသည်။ နောက်ပြီး သူမအပေါ် ( ဆိတ်ကွယ်ရာမှာ ) ဘယ်လောက် သစ္စာစောင့်သိချင်သလဲ ဟု ကိုယ့်စိတ်ကို တိုင်းတာကြည့်ခြင်း ဖြစ်သည်။ သူက သူမကို ချစ်ပါသည်ဆိုလျှက် အခြားမည်သည့် မိန်းကလေး အပေါ် တွင်မျှ romantically attracted မဖြစ်ချင်မိပေ။ သူမသည် အဲသည်လို အမျိုးမျိုးသော စမ်းသပ်မှုတို့ကို အစမ်းသပ်ခံနိုင်ပါပေသည်။ သူ့မှာ သူမနှင့် ပတ်သက်လာလျှင် နှမြောတသမှု၊ လောဘကြီးမှု၊ နီးစပ်လိုမှု၊ တသိမ့်သိမ့် ဆွတ်ပျံ့ကြည်နူးရမှု၊ တထိတ်ထိတ် စိုးရိမ် ပူပန်ရမှုတို့ ရှိသည်။ အလှပဆုံး မျှော်လင့်ချက်နှင့် အကြောက်လန့်ဆုံး အနာဂါတ်တို့ ရှိသည်။ သူသည် သူမကို အသေးအဖွဲ့ကလေးမျှလည်း မလိမ်ညာ၊ မထိန်ချန်ချင်မိပေ။ ဟောဒါတွေကို သူမအား ပြောပြဖူးသည်။ သူသည် အင်္ဂလိပ်လို 20's ဟုဆိုကြသည့် ၂၀-၂၉ နှစ်များအတွင်းက သူ ဆွတ်ပျံ့ကြည်နူးစွာ မြတ်နိုးမိသော မိန်းကလေး ( မန္တလေးသူ ) တယောက်ကို စာတိုက်ကနေ သူမ၏ရုံးသို့ စာတစောင်ထည့်ပြီးချစ်ရေး ဆိုဖူးသည်။ "ဒါ ပထမဦးဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ် ဖြစ်ပါစေ" ဟုကြိမ်းမောင်းခံရပြီး ဘာမှရှေ့မတိုး နိုင်တော့ပေ။ နောင် သုံးနှစ်ခန့် ကြာသောအခါ သူမ DSA စစ်ဗိုလ်တယောက်နှင့် လက်ထပ်သွားပြီး သူကတော့ အသက် ၂၉ နှစ် အရောက်တွင် အရက်ကို မနက်ပိုင်းပါ သောက်တတ်သည့် alcoholics အဆင့် အရက်သမားတယောက် ဖြစ်လာခဲ့လေသည်။ 30's ( ၃၀-၃၉ ) အတွင်း ဒုတိယမြောက် မိန်းကလေးတယောက်ကို ချစ်ရေးဆိုမိရာ ဇာတ်ပေါင်းသော် သူ နိုင်ငံရပ်ခြားသို့ လွင့်ထွက်လာခဲ့ရလေသည်။ ယခု 40's (၄၀- ၄၉ ) အတွင်းမှာ သူမကို သူချစ်မိ ပြန်သည်။ ထုံးစံအတိုင်း သူမလည်း သူ့ကို မချစ်ပါ။ ဒါပေမဲ့ သူမကို ကျေးဇူးတင်ဖို့ ကောင်းသည်မှာ သူမက ပဲတော့သိပ် မများလှပါ။ "အကို ကျမကို တကယ်ချစ်တာ သိပါတယ်.. ဒါပေမဲ့ ကျမက အကို့ကိုအကိုတယောက်ထက်ပိုပြီး မချစ်နိုင်လို့ပါ" ဟု ကောင်းမွန်စွာ ပြောရှာလေသည်။ သူမ သူ့ကို အနည်းငယ် ချစ်သော်တောင်မှ "နှစ်ယောက် တဘဝ" ထူထောင်ဝံ့လောက်သည် အထိတော့ ဘယ်လိုမှ မဖြစ်နိုင်ချေ။ နောက်ပြီး သူမက အလွယ်တကူ စိတ်ထိခိုက်ခံစားလွယ်သူ ( စိတ်ဆောင်ရာ နောက်လိုက်မည့်သူ ) တယောက်လည်း မဟုတ်ပါ။ သူ့လို ဘဝကို ကလေကချေ ဆန်ဆန် ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ဖြတ်သန်းလာခဲ့သူလည်း မဟုတ်ဘဲ ဘယ်အချိန်၊ ဘယ်အသက်အရွယ်မှာ ဘာဖြစ်ရမည်ဟု အချိန်ဇယားဆွဲထားသော scheduled life တခုထဲမှာသာ ကျင်လည်ဖူးသူ၊ကျင်လည် ဦးမည့်သူ ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် သည် ချစ်ရသူနှင့်လည်း ဘဝချင်း မပေါင်းစပ်နိုင်မည့်ဖက်က ၉၀ ရာခိုင်နှုန်းလောက် ရှိလေသည်။
( ၂ )
သူသည် သေခြင်းတရားကို လက်ခံတွေ့ဆုံရန် ဧည့်ခန်းမဖက်သို့ ထွက်လာခဲ့သည်။ သေခြင်းတရားက သူ့ကို သက်တောင့်သက်သာ မရှိဟန်ဖြင့် မေးသည်။
"တခုခု ရေးထားခဲ့ချင်လား။ note လေး ဘာလေး တခုခု လောက်ပေါ့"
"ဟုတ်ကဲ့ .. ကျနော့် landlord ရဲတွေနဲ့ ပြသနာ ရှင်းမနေရအောင်တော့ တခုခု ရေးထားခဲ့မှ ဖြစ်မယ်"
"ဟောဒီမှာဗျ .. I testify that ...................................................................................................."
"....... ကို သတိရနေမိလား.."
"Oh, my Gosh, ကျနော့်ရဲ့ နောက်ဆုံး အချိန်မှာ သူ့ကို သတိရနေမိတဲ့ စိတ်က ဖုံးလွှမ်းနေလို့ ကျနော် ခင်ဗျားနဲ့ ရင်ဆိုင်တွေ့နေရတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်လောက်အောင်ပါလား။ ကျနော် ခင်ဗျားကို တုန်လှုပ်ဖို့ တောင် မေ့နေတယ်ဗျ။ ဒီလောက်ထိ သန့်သန့် ရှင်းရှင်း ချစ်တတ်တဲ့ ရင်ဘတ်တခုကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက် ကျနော့်ကို create လုပ်ခဲ့တဲ့ အင်္ဂျီနီယာ၊ The Law of Karma, or the God, whatever it maybe ကို လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်ဗျာ .."
"ဒါဆိုရင် ကျုပ်ပြန်တော့မယ်"
"ရော်.. ဟိုကိစ္စက.."
"နောက်များမှပဲ တွေ့ကြသေးတာပေါ့.. "
သည်တကြိမ် ဇာတ်ပေါင်းသော်ကား သူ ဘယ်ဆီသို့လွင့်မျောသွားရမည် မသိတော့ချေ..။
Saturday, September 24, 2011
အတွေး တခု
ဒါပေမဲ့ အဲဒီဘဝမှာ ကျုပ်တို့ ဘာလို့နေနေသေးသလဲ..။
ဟိုတနေ့က ကျနော့်ကို ကားတစီး ပွတ်တိုက်သွားခဲ့တယ်
လဲပြိုကျသွားတော့ သေရမှာ ကြောက်လိုက်တာ တုန်လို့
ငါ့နှယ် သေချင်တယ် သေချင်တယ်နဲ့
အခုတော့ ဖြစ်ပျက် နေလိုက်တာ .. ဟာဟး))
ခင်ဗျားတို့ကို ထားရစ်ခဲ့ပြီး ထွက်မသွားချင်တာလည်း ပါပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ကို ချစ်လွန်းလို့ လို့ မထင်ပါနဲ့ ..း))
ခင်ဗျားတို့က ပြုံးလို့ပျော်လို့ နေခဲ့ရပြီး
ကျုပ် တယောက်ထဲ ထွက်သွားရမှာလား ဆိုတဲ့ jealousy မျိုးနဲ့ ပါ..း))
မနက်ဖြန်ကမ္ဘာပျက်ပြီး လူတွေအားလုံး သေမယ်ဆိုတာ သေချာတယ် ဆိုပါတော့
ဘယ်သူကမှ သေမှာကို ခုလောက်ကြောက်ကြမယ် မထင်..။
အဲသလို ခင်ဗျားတို့ကို ပစ်မထားခဲ့ချင်စိတ်နဲ့ ပဲ
အချိုရည် ခန်းခြောက်သွားတဲ့ ပီကေတခုကို လှိမ့်ပိန့်ပြီး ဝါးနေရလေ၏း))
[ လူတို့၏ သေခြင်းတရား အပေါ် သဘောထားကို ကျနော် ဆင်ခြင်မှန်းဆမိသမျှ ရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ ကဗျာဓါတ် အတော် ခန်းခြောက် နေသော ကဗျာတပုဒ်မှန်း သိပါ၏။ ]
Tuesday, August 23, 2011
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းခွင် ဗီဒီယို
Monday, August 8, 2011
၂ ၃ နှစ် သား တော် လှန် ရေး
ကျုပ် အဲဒီတုန်းက ဘယ်ထောင့် ဘယ်နေရာကမှကို မပါဖူးပါဘူး ..
ကျုပ် မပါဖူးမှန်း ခင်ဗျားက မသိတောင် ... ( ဩော် .. ပါဖူးတယ် ထင်နေတယ်လား .. ဟာဟး))
ကျုပ် လိပ်ပြာက သိပါတယ်။
ခင်ဗျား ကိုယ့်ဘဝကို ပိုမိုကောင်းမွန်၊ လွတ်လပ်ချင်တဲ့အထဲ မပါဘူးလား ပြော
ခင်ဗျားလိုပဲ ကျန်တဲ့လူတွေလည်း ပိုမိုကောင်းမွန်၊ လွတ်လပ်တဲ့ဘဝ မလိုချင်လောက်ဘူးလား ပြော
ခင်ဗျားအတွက်ပါ ပိုကောင်းလိမ့်မယ်လို့ ထင်တဲ့ လူ့ဘောင်တခုကို သူတို့တောင်းခဲ့ကြတယ်
ခင်ဗျား အဲဒီ အဖြစ်အပျက်ကြီးကို ရွှေရောင်အတိပြီးသော ခမ်းနားမှုလို့ ဘာကြောင့် မထင်နိုင်ရတာလဲပြော
သူတို့ အနည်းဆုံးတော့ သူတို့ရဲ့ အသက်ကို စွန့်ခဲ့ကြတယ်။
သူတို့ရဲ့ ငယ်ရွယ်ပျိုမျစ်မှုကို စတေးခဲ့ကြတယ်။
သူတို့ တကိုယ်ရည်၊ တမိသားစုအတွက် မဟုတ်တဲ့ အလုပ်ကို လုပ်ခဲ့ ကြတယ်။
သူတို့ကို ကျုပ် ကျေးဇူး အထူးတင်၊ အောက်မေ့၊ ဦးညွှတ်ရိုကျိုး လိုက်ပါပေရဲ့ ..
( ကျနော် မပါဝင်ခဲ့ဖူးသော ၈. ၈. ၈၈ အရေးတော်ပုံသို့ အလွမ်းဖြင့် .. )
Sunday, August 7, 2011
မတူကွဲပြားစွာနှင့်ပင် ရှေ့သို့အတူတကွ ချီတက်ခြင်း
ပထမဦးစွာ မြို့ခံ ဝါရင့်နိုင်ငံရေးသမား အဘတဦးက “မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး အခုထိ မအောင် မြင်သေးတာ အချင်းချင်း ညီညွတ်မှုမရှိလို့ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာတွေ စုစုစည်းစည်း၊ ညီညီ ညွတ်ညွတ်နဲ့ အလုပ်လုပ်နိုင်အောင် အဖွဲ့အစည်းတခု ဖွဲ့စည်း ထူထောင်သွားကြဖို့ လိုအပ်ကြောင်း”တိုက်တွန်း သွားပါတယ်။ ကျနော် စကားပြောဖို့ အလှည့်ကျတဲ့အခါ ဒီအကြံပြုချက်အပေါ် ကျနော့်ရဲ့ အမြင်ကို အတိုချုပ် ထည့်ပြောဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြောဖို့ ခွင့်ပြုချိန် တဦးလျှင် ၅ မိနစ်ခန့်ပဲရလို့ ရင်ထဲရှိသမျှ၊ ခေါင်းထဲရှိသမျှ အကုန်လုံးကို ထည့်ပြောဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြောချင်နေသေးတာကို ဒီ post မှာ ပြောကြည့်လိုက်ပါတယ်။
သွေးစည်းညီညွတ်ခြင်းဟာ ကောင်းမြတ်တဲ့၊ လိုလားအပ်တဲ့၊ နှစ်လိုဖွယ်ရာရှိတဲ့ မင်္ဂလာတရား တပါးဖြစ်ပါ တယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်လောက်အထိ တကယ် ညီညွတ်နိုင်ကြမလဲ ဆိုတာကို ဆန်းစစ်ကြည့် သင့်တယ်လို့ ထင်ပါတယ်။ ကျနော် အပါအဝင် လူအတော် များများရဲ့ မူလ စိတ်နေစရိုက်ဟာ perfectionism ဆန်ချင်တဲ့သဘော ရှိတယ်လို့ ထင်ပါတယ်။ ( မိမိယုံကြည်တဲ့ အတိုင်း အားလုံးကလည်း တက်ညီလက်ညီ၊ ထထကြွကြွ ယုံကြည်နေကြမှ ကျေနပ်တတ်ကြတယ်လို့ ဆိုလိုတာပါ။ ) ဒီနေရာမှာ နိုင်ငံရေး ဝေဖန်ချက်တရပ် အနေနဲ့ မဟုတ်ဘဲ လူရဲ့ စိတ်သဘာဝကို သိသာစေရုံမျှ ကျနော့် ကိုယ်တွေ့ ဥပမာတခုကို ပြောပြပါမယ်။ ကျနော်က ၂၀၀၈ နှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝ လက်ခံလို့မရပါဘူး။ ဖတ်ကြည့်လိုက်တိုင်း ဒေါသတလိပ်လိပ် ထွက်မြဲ၊ ထွက်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဥပဒေ အရ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ် မှောက်ခဲ့တာဟာ ဦးဆောင်ပါတီကြီး တရပ်ရဲ့ ဂုဏ်သိက္ခာ ရှိတဲ့ အပြုအမူ၊ အင်မတန် လုပ်သင့်တဲ့၊ အနစ်နာခံပြီး လုပ်ကိုလုပ်ရမဲ့ ကိစ္စလို့ မြင်ပြီး ကျနော် ထောက်ခံပါတယ်။
အဲဒီလို ယူဆတာကြောင့် NDF က NLD က ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တာကို ကျနော် အရင်က သိပ် အစာကြေမိပါဘူး။ ဒါပေမဲ့ အခုတော့ NLD က ရွေးကောက်ပွဲ မဝင်ခဲ့တာဟာ သူ့အဖို့ မှန်ကန်ပြီး NDF က ရွေးကောက်ပွဲ ဝင်ခဲ့တာဟာလည်း မမှားပါဘူးလို့ ထင်လာပါတယ်။ ဘယ်လို ဖြစ်တာတုန်း..။ ရွေးကောက်ပွဲ မဝင်တာလည်း မှန်တယ်။ ဝင်တာလည်း မမှားဘူးဆိုရင် မှားတာ ဘာရှိတော့ သတုန်း လို့ မေးစရာ ရှိပါတယ်။ NDF အနေနဲ့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ နိုင်ငံတော်အပေါ် ထားရှိတဲ့ စေတနာအစစ်အမှန်ကို သိမြင် နားလည်လာလို့ ကျနော်တို့ သူ့အစီအမံကို လက်ခံလိုက်ခြင်း ဖြစ်တယ်” လို့ပြောနေရင်တော့ ကျနော့်အမြင်မှာ ( ကျနော့် စံချိန်၊ တန်ဖိုးထားမှုအရ ) မလုပ်ကောင်းဘူးလို့ ထင်မိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားမမျှတမှု ( ဝါ ) တရားမမျှတသူကို “တရားမျှတတယ်” လို့ ဘယ်သောအခါမှ၊ ဘယ်သူကမှ မပြောကောင်းဘူးလို့ ကျနော်ထင်လို့ပဲ ဖြစ်ပါတယ်။
ဒီ NLD, NDF ကိစ္စကိုပဲ မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် (က) မြို့ ဟာ အာဏာရှင် အုပ်စိုးတဲ့ မြို့တမြို့ ဆိုပါစို့။ (ခ) မြို့ ကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ မြို့တမြို့ ဆိုပါစို့။ ကျနော့်မှာ ယခုနေထိုင်နေတဲ့ (က) မြို့ ကနေ (ခ) မြို့ကို ပြောင်းရွှေ့လိုတဲ့ ပြင်းထန်သော ဆန္ဒရှိ သလို ခင်ဗျားမှာလည်း အဲဒီဆန္ဒ အစစ်အမှန်ရှိတယ် ဆိုပါစို့။ ဒါဆိုရင် ခင်ဗျားကော ကျနော်ကော နှစ်ယောက်စလုံးဟာ ဒီမိုကရေစီ လိုလားသူများ ဖြစ်ကြပါတယ်။ ခင်ဗျားက (ခ) မြို့ ကို ဆိုင်ကယ်နဲ့သွားချင် ပြီး ကျနော်က ကားနဲ့သွားချင်စေကာမူ၊ အခြားအဖွဲ့တွေကတော့ လှည်းလမ်းကြောင်း၊ လှေ ( ရေ ) လမ်း ကြောင်းက သွားနေကြစေကာမူ ကျနော်တို့ဟာ တခရီးတည်းသွား မိတ်ဆွေတွေပဲ ဖြစ်ကြပါတယ်။ ဒီနမူနာနဲ့ NLD ၊ NDF ကို တခရီးတည်းသွားတွေပဲ လို့ ကျနော် မြင်လာတာ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက ကျနော်တို့ ရွေးချယ် ထားတဲ့လမ်းတွေ မတူရင်တောင်မှ၊ စီးသွားမဲ့ ယာဉ်တွေ မတူရင် တောင်မှ ဆုံရပ်ချင်းလောက် တူနေရင်ကို ညီညွတ်တယ်၊ အကျိုး စီးပွားချင်း ထပ်တူ ဖြစ်တယ်လို့ မှတ်ယူသင့် ကြတယ်လို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့မြန်မာ လူမျိုးအများစု တွေးမိတတ်ကြပုံက “အားလုံး ကားစီးပြီးသွားရအောင် ဘတ်စ်ကား အစီး ( ၁၀၀ ) လောက် စုပြီးငှားကြမယ်လို့ ပြောတာကို ကိုယ့်လူတွေက မညီညွတ်ကြဘူးလေ။ ဆိုင်ကယ်နဲ့သွားချင် တဲ့လူနဲ့၊ ဆိုက်ကားနဲ့ စက်ဘီးနဲ့ သွားချင် တဲ့လူနဲ့၊ ကုန်းကြောင်း လျှောက်ချင်တဲ့လူနဲ့။ ငွေရှိတဲ့လူတွေက အပင်ပန်း မခံနိုင်ဘူးဆိုပြီး တကိုယ်ကောင်းဆန်ဆန် လေယာဉ်နဲ့ သွား ချင်ကြတာက ရှိသေးတယ်။ ဒီလို မညီမညွတ် ဖြစ်နေလို့ မြို့ (ခ) ကို မရောက်နိုင်တာ” လို့ပြောသလို များ ဖြစ်နေတတ်တာ များသလားလို့ တွေးမိပါ တယ်။ ကျနော့် အယူအဆက ဘတ်စ်ကား အစီး (၁၀၀)စာ လူစုမိမှ မြို့ (ခ) သို့ သွားသင့်တာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကား ရှိသူက ကိုယ် ပိုင်ကားနဲ့၊ ဆိုင်ကယ် ရှိသူက ဆိုင်ကယ်နဲ့၊ စက်ဘီး၊ ဆိုက္ကားသာ ရှိသူက စက်ဘီး၊ ဆိုက္ကား နဲ့၊ ကုန်းကြောင်းသာ လျှောက်နိုင်သူက ကုန်း ကြောင်းခရီးနဲ့ ဒီ (က ) မြို့ကနေ အမြန်ဆုံး ခွာချင်တဲ့ စိတ် ကိုယ်စီ ကိုယ်စီ ရှိကြဖို့နဲ့ (ခ) မြို့ကို မိမိ သန်ရာသန်ရာ နည်းလမ်းနဲ့ ကိုယ်စီကိုယ်စီ သွားနေကြဖို့သာ လိုတယ်လို့ ထင်ပါတယ်။ ဒီလိုသွားနေမှ (ခ) မြို့ကိုရောက်ဖို့ ပိုမြန်ဆန်မယ်လို့ တွေးမိ ပါတယ်။
ကျနော် မကြာခဏ ကြားရလေ့ရှိတာက “ဒေါ်စုကလည်း ဒီစစ်တပ်ကို လူလိုသူလို သဘောထားပြီး non- violence ၊ အမျိုးသား ရင်ကြား စေ့ရေး တွေ သွားလုပ်နေတယ်။ မရဘူး။ ကိုယ့်ဖက်က power balance မလုပ်နိုင်ဘဲနဲ့ သူတို့ ဖြုံမှာ မဟုတ်ဘူး” ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်စုကပဲ ခိုင်းတာလုပ်တတ်တဲ့ စစ်တပ်တခု ပိုင်ထားတဲ့ အစိုးရနဲ့တူညီတဲ့ power- balance ရအောင် “လက်နက်ကိုင် တော်လှန်ရေးသာ လုပ်ကြဦးစို့ရဲ့။ ကျမတို့ လူငယ်တွေ ဗုံးခွဲနိုင်သူကလည်း ခွဲကြပါ” လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒေါ်စုကလည်း အဲဒီလို ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ပါ။ ကျနော့် သဘောကတော့ ဒေါ်စုက ဒေါ်စုမို့ အခုလို သွားမှသာ မှန်မှာပါ။ အဲဒါကြောင့် “နှေးနေတယ် အစိုးရ ယန္တရား ရဲ့ ဒေါက်တိုင်တွေ ဖြစ်တဲ့ ကြံဖွံ့ရုံးတို့ ၊ အစိုးရရုံးတို့ ဘာတို့ကို အဖဂနစ္စတန်မှာလို ဗုံးသွားခွဲတာကမှ အဖြေမြန်မြန် ပေါ်မယ်” လို့ ထင်ရင်လည်း အဲဒီလို လုပ်ချင်တဲ့ လူတွေက လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုတော့ “ဘယ်သူတွေက ဘယ်လို မူဝါဒ မှားယွင်းနေကြလို့” ဆိုတာတွေ ပြောရင်း သူတို့ မူဝါဒ မှားယွင်း နေကြရင် သူတို့ကို အားမရလို့ ကိုယ် ဒီလိုလုပ်လိုက်ဦးမယ် ဆိုတာတော့ မရှိသလောက် ဖြစ်နေပါတယ်။ ကိုယ့်မှာ better method တခု မရှိဘဲနဲ့၊ ချမပြနိုင်ဘဲနဲ့ old method က “ချာလှတယ်” လို့ ပြောသူတွေချည်းနဲ့ပဲ တွေ့နေရတယ်လို့ ထင်မိပါ တယ်။
ဘတ်စ်ကား အစီး ၁၀၀ လောက်နဲ့ လူတိုင်းစေ့ ခွပ်ဒေါင်းနဖူးစည်း စည်းပြီး ခွပ်ဒေါင်းအလံ တလူလူလွှင့်ထူ လို့ “ကမ္ဘာမကျေဘူး” သီချင်း သီဆိုရင်း (ခ)မြို့ကို ပြိုင်တူ ညီညာစွာ ချီတက်သွားနိုင်ရင်တော့ တော်တော် smart ကျမှာပဲပေါ့။ ဒါပေမဲ့ ဘတ်စ်ကား ငှားမရ လည်း ရရာနည်းနဲ့ (က) မြို့က ထွက်ခွာသွားနေရင် လမ်း ခရီးမှာပဲ ကားသမားများအစုက ကားသမားသမဂ္ဂ၊ ဆိုင်ကယ်စီးသူများသမဂ္ဂ၊ ဆိုက္ကားသမဂ္ဂ၊ စက်ဘီးသမဂ္ဂ၊ ကုန်းကြောင်းချီတပ် တွေကို ဖွဲ့မိရက်သား ဖြစ်သွားမယ် ထင်ပါတယ်။ ဒီ သီအိုရီကို လက်တွေ့ ဥပမာ တခု လောက် ပြပါဦးလို့ ဆိုရင် အခုအချိန်မှာ တစုံတယောက်ကသာ -
(၁) “ မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အမြန် ဆုံးတွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရာတွင် ဒေါ် အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးမည်ကို သင် လိုလား/ ထောက်ခံပါ သလား” [ ဒါ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်နေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အမျိုးသားရေး ပြဿနာကို အဖြေ ရှာတဲ့နေရာမှာ မိမိလည်း ထိုင်ရာက မထ ဝင်ရောက် ပါဝင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို မလုပ် သင့်ဘူးထင်ရင် ဒီထက်ကောင်းတဲ့ နည်းကလေး တခုလောက်များ ရှိကြရင်လည်း ကြားချင်မိပါတယ်။ ]
(၂) “အေ*ရာဝတီ မြစ်ဖျား ( ကျနော့်ကွန်ပြူတာမှာ (*) ကို ရိုက်မရ လို့ပါ ) ဖက်တွင် တရုတ်ပြည်အတွက် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် မြစ်ဆုံရေကာတာ တည်ဆောက်မည်ကို လိုလား / ထောက်ခံပါ သလား”
“(၃) “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်သားမရှိ ( ပြစ်မှုဆိုင်ရာ အကျဉ်းသားသာ ရှိသည် ) ဟုဆိုလျှင်ပင် ယခု ကိုမင်းကိုနိုင် အစ ရှိ သော ကျောင်းသားခေါင်းဆောင်များအား ချမှတ်ထားသည့် ထောင်ဒါဏ် ၆၅ နှစ်သည် တရားမျှတသည်ဟု သင် ထင်ပါသလား။ သူတို့ အား ကျခံနေရသည့် ပြစ်ဒါဏ်များမှ လွှတ်ပေးသင့်သည်ဟု သင် ထင်ပါသလား။
(၄) “ဦးသိန်းစိန် အစိုးရမှ ဤအမျိုးသားရေးကိစ္စများ ( national issues ) တို့ကို ( - ) လအတွင်း သင့်မြတ် လျော်ကန်စွာ မစဉ်းစား၊ မလိုက်လျောပေးခဲ့ပါက ပြည်လုံးကျွတ် ဆန္ဒပြသင့်သည်ဟု သင် ထင်မြင်ယူဆ မိ ပါသလား” ( ထင်ပါသည် / မပြောတတ်ပါ / မထင်ပါ ) စသည်ဖြင့် FB account ရှိတဲ့ လူငယ်တွေက ထိုင်ရာ က မထ လုပ်နိုင်ကြပါတယ်။ လုပ်လည်း လုပ်ကြစေချင်ပါတယ်။
ဒါဆိုရင် ခင်ဗျားကြီး ကိုယ်တိုင်ကော ဘာ လို့ မလုပ်သလဲလို့ မေးစရာ ရှိပါတယ်။ ကျနော့်က မိတ်ဆွေ ၁၀၀ ကျော် လောက်ပဲရှိတဲ့ မထင်ရှားသူ၊ အရှိန်အဝါမကြီးသူ တယောက်သာ ဖြစ်တာမို့ လုပ်သာလုပ်ပြီး ဘာမှ အရာမရောက်လိုက်မှာ စိုးမိလို့ပါ။ အကြောင်းကြောင်း ကြောင့် ကိုယ်တိုင် မလုပ်နိုင်တဲ့ အတွက် ဒီလို လုပ်ရင် ကောင်းမလား လို့ အကြံပြုကြည့်တာပါ။ ဒါကို ကြိုက်တဲ့သူရှိရင် လုပ် သွားကြလိမ့်မယ်လို့ ယုံကြည် မိပါတယ်။ ပြီးတော့ ကျနော်က ဖြစ်နိုင်ရင် group တွေ ဘာတွေဖွဲ့ တာမျိုးလည်း သိပ်မလုပ်ချင် လို့ပါ။ ကျနော့်မှာ တချိန်ချိန်မှာ ကိုယ့်ပြည် ကိုယ့်မြေအတွက် လုပ်ချင်တာ တချို့ စိတ်ကူထားတာ ရှိပါတယ်။ အဲဒီ အချိန်ကျမှ တိုင်းပြည်ကို သေချာ ချစ်ပါတော့မယ်း))
ဟိုတလောတုန်းက “မောင်ထိပ်ကွက်” ကိစ္စ FB မှာ ဟိုးလေးတကြော် ဖြစ်သွားတာကြောင့် အဲဒီအမှု ပြီးပြီး ပျောက်ပျောက် မဖြစ်သွားဘဲ မြန်မြန်ဆန်ဆန် အပြစ် ပေးခံရတာလို့ ထင်ပါတယ်။ ဒါကို Citizen Journalism ပုံစံတမျိုးလို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းက ဒီကိစ္စကို ငါတို့ လုပ်ကြရအောင် ဘယ်သူက ဥက္ကဌ၊ ဘယ်သူက အတွင်းရေးမှူး တာဝန်ယူပါ ရယ်လို့ organization ဆန်ဆန် လှုပ်ရှားခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ common sense က unfair ဖြစ်တဲ့ ကိစ္စမျိုး ကို လက်ပိုက်ကြည့်နေတတ်လေ့ မရှိပါ ဘူး။ အာရပ် ကမ္ဘာမှာ ဒီမိုကရေစီလှိုင်း ထကြွလာတာကလည်း သာမန်ဆင်းရဲသား လူငယ်တယောက် ( ဆိုလိုတာက ဘာမှ နိုင်ငံရေး အရှိန်အဝါ မရှိ သူ ) က လုပ်စားရင် မိုးခေါင်၊ တောင်းစားရင် ခွေးဟောင်လွန်း လို့ ကိုယ့်ကိုယ်ကို မီးရှို့သတ်လိုက်တာကို လူတွေရဲ့ common sense က မခံမရပ်နိုင်လွန်းလို့ စခဲ့တာပါ။
ဒါကြောင့် နိုင်ငံရေး စိတ်ဝင်စားသူရော၊ စိတ်မဝင်စားသူရော ကျနော်တို့အားလုံးရဲ့ အကျိုးစီးပွားကို သိသာ ထင်ရှားစွာ ထိခိုက်စေတဲ့ အကြောင်းရပ်တွေကို public awareness ရအောင် လုပ်ခြင်းသည်လည်းပဲ ကိုယ့် နိုင်ငံ ကောင်းစားဖို့ လုပ်တာပဲ လို့ထင်ပါတယ်။ အဲဒီတော့ ခုနက ကျနော် ရည်ညွှန်းခဲ့တဲ့ အဘက ပြောသွားတဲ့ “မြန်မာနိုင်ငံ အသင်းချုပ်” မျိုး မဖွဲ့နိုင်သေးခင်မှာ ကျနော်တို့ နိုင်ငံသားတိုင်း တဦးစီ၊ တဦးစီ ကိုယ်နိုင်သရွေ့လေးလောက် အဲဒီလိုမျိုး လုပ်ကြပါဦးလို့ ဆရာလုပ်တာ မဟုတ်ဘဲ “ပညာရှိ သတိဖြစ်ခဲ” ဆို သလို ပညာရှိ ကိုကို မမ၊ ညီ ညီမ တွေကို လက်တို့ လိုက်ပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင် ခုနကပြောခဲ့သလို စက်ဘီးနဲ့၊ ကုန်း ကြောင်း နဲ့ (ခ)မြို့ကို သွားနိုင်တဲ့သူက သွားနေတဲ့ သဘောပဲလို့ ယူဆမိပါတယ်။ ကုန်းကြောင်း လျှောက်နေသူတွေ ကို တွေ့ရင် နောက် က ကားနဲ့လာတဲ့သူလည်း လိုက်လာကြပါလိမ့်မယ်။
ကျနော်တို့ မြန်မာလူမျိုးတွေက ဘာအဖွဲ့ ဥက္ကဌ၊ ညာအဖွဲ့ လူကြီး ဆိုတာတွေကို တယ် မက်မော တတ်ကြပါတယ်။ ကျနော်လည်း လူတယောက်ပဲမို့ ဘဝင်မြင့်ချင်တဲ့စိတ်၊ proud ဖြစ်ချင်စိတ် ရှိပါတယ်။ ဒါပေမဲ့ ကျနော်က ကိုယ့် status အတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ dedication / commitment/ moral/ intelligence/ good-heartedness တွေအတွက်ပဲ proud ဖြစ်ချင်မိပါတယ်။ ကိုယ့်ကိုယ်ကို ဘာ status မှ မရှိဘဲနဲ့လည်း ကိုယ့်ရဲ့ personality ကြောင့်ပဲ မြင့်ပြီးသားပဲလို့ တကယ်ယုံကြည် နေနိုင်ရင် လူကြီးဖြစ်ချင်တဲ့၊ လူရာဝင်ချင်တဲ့၊ status ရူးတဲ့ရောဂါ နည်းနည်း သက်သာသွားပါလိမ့်မယ်။ ကျနော်က team work လုပ်တဲ့ဖက်မှာ အားနည်းမှု ရှိပါတယ်။ ဒါကြောင့် ကျနော် နိုင်ငံ့အတွက် အကျိုးပြုရင်လည်း ကိုယ့်ဖာသာကိုယ် individually ပဲ ပြုတော့မယ်လို့ တွေးထားပါတယ်။ ကိုယ် တွေးမိတာလေး၊ ကိုယ်ယုံကြည်တာလေး လွတ်လွတ်လပ်လပ် ပြောပြရင်း၊ ဝေမျှရင်း ကိုယ်ရည်သွေးတီးလုံး သံကြောင် ကလေးများ တီးမိနေပြီလား။ ခွင့်လွှတ်ကြပါလေကုန်..း)))
( ၈-၈-၈၈ ပြည်သူ့ အရေးတော်ပုံအတွင်း ကျဆုံး၊ အနစ်နာခံခဲ့ကြဖူး၊ အနစ်နာခံနေကြဆဲ ဂုဏ်ပြုအပ်သော မြန်မာနိုင်ငံသားများသို့ )
Sunday, July 17, 2011
မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၅ )
မြစ်ကြီးနားတက္ကသိုလ်ဝင်း အတွင်းရှိ လဘက်ရည်ဆိုင်တခုအတွင်း ကျောင်းသားတစု လဘက်ရည် သောက် နေကြသည်။ ခွန်ဆိုင်းက စားပွဲပေါ်မှာတွေ့သည့် “မြစ်ကြီးနားနေ့စဉ်” သတင်းစာကို ကောက် ဖတ်နေရာမှ ဝမ်းသာအားရနှင့်..
“ဟား..ဟား.. ကောင်းလိုက်တာကွာ..။ ဟေ့ကောင်တွေ.. ငါတို့ မြစ်ကြီးနားတက္ကသိုလ်ကို Berkeley တက္ကသိုလ်က စီးပွားရေး နိုဘယ်လ်ဆုရ ပါမောက္ခကြီး တယောက် လာဟောပြောဖို့ တက္ကသိုလ် အုပ်ချုပ် ရေး ကောင်စီက ဖိတ်ထားတယ်တဲ့ကွ။ ရှေ့လ (၅) ရက်နေ့ ဂျင်းဖောဟောလ် မှာတဲ့နော်။ ဟိုက်.. ရှာလပတ် ရည်.. ဒီမှာလည်း သတင်းအဆန်းတခု.. “လက်ထပ်မင်္ဂလာ ကျေးဇူးတင်လွှာ..“ဗိုလ်ကျော်မောင် ( ခလရ ... ) နှင့် ဗိုလ်ကြီးဂျနူး ( M.B.B.S (Mdy.), KIA )” တဲ့ကွ။ ကောင်းရော့.. အခု မြန်မာနိုင်ငံမှာ မြန်မာ စစ်သားနဲ့ ကချင်သူပုန်မ ယူကုန်ကြပြီကွ.. ဟဲ..ဟဲ.. ”
“ဟင်.. ဟုတ်လား..။ ငါတို့ကိုလည်း ပေးပါဦးကွာ.. ဖတ်ကြည့်ရအောင်”
ဟု ဆိုကာ သူငယ်ချင်းတွေက ခွန်ဆိုင်းလက်ထဲက သတင်းစာကို အတင်းယူသွားပြီး အလုအယက် ဖတ်နေ ကြသည်။
“အဲဒီ စစ်ဗိုလ်က တိုက်ပွဲမှာ မိုင်းထိလို့ KIA က သုံ့ပန်းအဖြစ်နဲ့ ဖမ်းမိသွားပြီး သူ့အသက်ကို ကယ်လိုက် တာကနေ အခု သူ့မိန်းမဖြစ်လာမဲ့ KIA ဆရာဝန်မနဲ့ တွေ့ပြီး ချစ်သွားကြတာလို့ ကြားတယ်။ သူတို့ အရမ်း ကို ချစ်ကြတယ်လို့ ပြောကြတယ်”
“ဟုတ်လား..။ ရန်သူကနေ ချစ်သူ ဖြစ်သွားကြတာဆိုတော့ သူတို့ ချစ်ဇာတ်လမ်းလေးက တော်တော် romantic ဖြစ်မှာပါ ကွာ...”
သူ့ သူငယ်ချင်းတွေက တယောက်တပေါက် ပြောနေကြသည်။
သူတို့တက္ကသိုလ်မှ ကျောင်းသားသတင်းစာက တပါတ်တကြိမ်သာ ထုတ်ရာ ဤ နိုဘယ်ဆုရပါမောက္ခကြီး လာရောက်မည့်သတင်းက လာမည့်အပတ် သတင်းစာ မှာမှ ပါလာတော့မည် ထင်သည်။ အင်း.. သတင်းစာ ဆိုမှ သတိရမိသည်။ ခွန်ဆိုင်း၏ချစ်သူ အဲယ်လ်နန်းရီက လက်ရှိနိုင်ငံတော်သမ္မတ၏ အထူး တိုက်တွန်းချက် အရ တနိုင်ငံလုံးရှိ တက္ကသိုလ်တိုင်းမှာ သည်စာသင်နှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့သော သတင်းစာပညာ ( journalism ) ဘာသာရပ်ကို တက်ရောက် သင်ယူနေလေသည်။ သူမ၏ newspaper production အတန်း အတွက် assignment က တပတ်လျှင် သတင်း (သို့ ) ဆောင်းပါးတပုဒ် ရေးပေးရခြင်း ဖြစ်သည်။ journalism ကျောင်း သား ကျောင်းသူတို့၏ ထိုသတင်း/ ဆောင်းပါးများကို ကျောင်းသတင်းစာတွင် ပုံနှိပ် ဖော်ပြပေးသည်။ မနေ့က သူနှင့်တွေ့ခဲ့စဉ် သူမက “ဒီတပါတ် assignment အတွက် ဘာအကြောင်း ရေးရ မလဲမသိဘူး၊ ရေခဲတောင်ပေါ်သွားပြီး ရှားပါးသစ်ခွတွေ အကြောင်း photo story တင်ရမလို ဖြစ်နေပြီ” ဟု ညည်းညူနေတာ ကြားခဲ့ ရသည်။ “ကိုယ့်ကို အင်တာဗျူးလိုက် ပါလား” ဟုသူက နောက်တော့ “ကိုက high-profile မှ မဟုတ်တာ။ ကိုနဲ့ဗျူးလို့ သတင်း ဘယ်ဖြစ်လာမလဲ။ သတင်းဖြစ် ချင်ရင်တော့ ကိုက ခါကာဘိုရာဇီတောင်ကို တက်မယ်လို့ ပြောလိုက်လေ” ဟု သူမက သူမခံချင်အောင် ရယ်ဟဟ ပြောခဲ့သည်။ အခုတော့ သူစဉ်းစားမိပြီ။ ထူးထူး ဆန်းဆန်း ဖူးစာဆုံကြသော ဗိုလ်ကျော်မောင်တို့ ဇနီးမောင်နှံကို သွားပြီး အင်တာဗျူးလုပ်ဖို့ သူမကို ပြောရမည်။ အုတ်အော်သောင်းနင်း သတင်းကြီးမျိုး မဟုတ် သည့်တိုင်အောင် အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည့် အုပ်စုနှစ်ခုမှ အုပ်စုဝင်နှစ်ယောက်၏ ချစ်စဖွယ်ကောင်းသည့် romance တခုတော့ ဖြစ်ဖွယ် ရှိလေသည်။ အထူးသဖြင့်ကား ပါးစပ်ကသာ အော်လေ့ရှိခဲ့ပြီး တခါမှ လက်တွေ့ မလုပ် သွားဖူးသည့် အရင်အစိုးရ အဆက်ဆက်တို့၏ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသော ကြွေးကြော်သံတွေကို ကိုယ့်ချစ်သူက သူမ၏လက်ကလေး နှင့် တနိုင်ဝန် ဝင်ထမ်း (ရေး) နေတာ ကို မြင်ချင်တာ ဖြစ်လေသည်။
( ၂ )
မေး။ ။ ကျမက ဒီ မြစ်ကြီးနား တက္ကသိုလ်မှာ သတင်းစာပညာ ( journalism ) သင်ယူနေတဲ့ ကျောင်းသူ တယောက်ပါ ရှင့်။ ကျမနာမည်က အယ်နန်းရီဖြစ်ပါတယ်။ အခု ဒီ အင်တာဗျူးကို ကျမတို့ကျောင်းက အပါတ် စဉ်ထုတ် သတင်းစာအတွက် လုပ်တာပါ။ ကဲ..အဲဒီတော့ ကျမတို့ စလိုက်ကြရအောင်နော်။ ပထမဦးဆုံး အနေနဲ့ ဗိုလ်ကြီးရဲ့ ကိုယ်ရေး အကျဉ်းလေး အရင်ပြောပြပေးပါလား ရှင်..။
ဖြေ။ ။ ....................................................................................................
မေး။ ။ ကဲ..မမ ကလည်း မမရဲ့ ကိုယ်ရေး အကျဉ်းလေး နည်းနည်းလောက် ပြောပြပေးပါဦး နော်..။
ဖြေ။ ။ .....................................................................................................
မေး။ ။ ဟုတ်ကဲ့.. အခု ဗိုလ်ကြီးနဲ့ မမတို့ ဘယ်လိုစတွေ့၊ ချစ်ကြိုက်ပြီးတော့ ယူဖြစ်သွားကြတာလဲ ဆိုတာကို ဗိုလ်ကြီးက အရင် ရှင်းပြ ပေးပါဦးရှင့်..။
ဖြေ။ ။ လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၂ ရက်နေ့မှာ ကျနော်တို့တပ်ရင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ လိုင်ဇာ မရောက် ခင် စစ်မြေပြင်တနေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ပါ တယ်။ အဲဒီတိုက်ပွဲမှာ ကျနော် မိုင်းထိပြီးလဲနေတုန်း ကျနော်တို့ စစ်ကြောင်းက သတ်ကွင်းထဲ ရောက်နေလို့ နောက်ပြန် ဆုတ်သွားပါတယ်။ ကျနော်ရယ် သေနတ် ဒါဏ်ရာ ရနေတဲ့ ရဲဘော်တယောက်ရယ်ကို KIA ဖက်က ဖမ်းမိသွားခဲ့ပါတယ်။ တော်သေးတာက သူတို့က အပြည်ပြည် ဆိုင်ရာ စစ်မြေပြင် ကျင့်ထုံးကို အတိအကျ လိုက်နာကြတယ်ဗျ။ သူတို့ ကျနော်တို့ နှစ်ယောက်ကို သတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ မသတ်ကြဘူး။ သွေးတိတ်အောင် အရင် လုပ်ပေးပြီး ကျနော်တို့ကို သူတို့ ဌာနချုပ် လိုင်ဇာကို ထမ်းခေါ်သွားကြတယ်။ အဲဒီမှာ ဆေးကု ပေးကြတယ်။ ကျနော် တို့ စစ်တပ်က ဒါမျိုးဆို အရှင်မထားဘူး။ ထမ်းလည်း ခေါ်မနေဘူး။ သူပုန်ဆိုရင် တွေ့တဲ့နေရာမှာ သတ်ပစ် လိုက်တာပဲ။ သူတို့ကတော့ အဲဒါတခု ကျနော်တို့ စစ်တပ်ထက် အများကြီး ပိုယဉ်ကျေးကြပါတယ်။ နောက် ဆေးတွေ ဘာတွေလည်း ကောင်းကောင်းမွန်မွန်၊ စေတနာပါပါနဲ့ ကုပေးကြပါတယ်။ ဥပမာ ဆိုပါတော့။ ကျနော်က အိုသွေးဗျ။ ကျနော့် အတွက်သွေးလိုရင် သူတို့ရဲဘော် တွေပဲ လာလှူ ကြတာပဲ။
မေး။ ။ ဟုတ်ကဲ့.. အခု အစ်မက တလှည့်ပြောပါဦး။ ဗိုလ်ကြီးနဲ့ စတွေ့ပြီး ဘယ်အချိန်လောက်မှာ သူ့ကို အစ်မက စချစ်သွားမိတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ သူ့ကို စတွေ့တာ ခွဲစိတ်ခန်းထဲမှာ ရန်သူ စစ်ဗိုလ် တယောက်အနေနဲ့ပါ။ မမ ဆရာဝန်တယောက် အနေနဲ့ သူ့လို အသည်းအသန် ဒါဏ်ရာရလူနာမျိုးကို မကြာခဏ တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က ကိုယ့် ပိုင်နက် နယ်မြေထဲမှာလေ။ သူကတော့ ဒါသူ့နယ်မြေ မဟုတ် ဘူး။ တစိမ်းတရံစာ နယ်မြေ၊ ပြောရမယ် ဆိုရင် ရန်သူ့နယ်မြေမှာ ရောက်နေတာ ဆိုတဲ့အသိနဲ့ သူ့ကို သနားတဲ့စိတ်ကလေး စဖြစ်မိပါတယ်။ နောက်ပိုင်းမှာ သူ့ရဲဘော်က မမတို့ဆေးရုံမှာ ဆုံးသွားတော့ KIA ရဲ့ ရန်သူဆိုလို့ သူတယောက်တည်းပဲ ကျန်တယ် လေ။ ဒီတော့သူ အားငယ် နေရှာပါမယ်လေလို့ သူ့ကို အ*ည့်သည် တယောက်လို ပြုစု စောင့်ရှောက် ရင်းနဲ့ သံယောဇဉ် ပိုသွားမိတာပါပဲ။ ဒါပေမဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်တဲ့ဘဝတွေလို့ ကိုယ်စီသိ နေကြတော့ ဘာမှ ဖွင့်မပြောဖြစ်ကြပါဘူး။ ဒီကြားထဲမှာ အားလုံးသိကြတဲ့ အတိုင်း မြန်မာပြည်မှာ မမျှော်မှန်း နိုင်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ We were no longer enemies. ဒါပေမဲ့ သူက မသန် စွမ်းတော့လို့ မမကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ ပြောမထွက်ဘူး။ ဒါကို သူ့မျက်လုံးတွေ၊ အမူအရာတွေ ကြည့်ပြီးတော့ မမသိပါတယ်။ ဒါနဲ့ မမကပဲ သူ့ကို ချစ်ကြောင်း ပါးစပ်က တိုက်ရိုက်ဖွင့် မပြောရုံတမယ် ပြခဲ့ရပါတယ်တော်..။ အောင်မယ်.. သူက ပဲကလေးနဲ့ လုပ်နေသေးတာ..း))
မေး။ ။ ဒါဆို ကျမတခု တည့်တည့်ပဲ မေးမယ်နော် မမ..။ ဗိုလ်ကြီးကော မမကော စိတ်တော့ မဆိုးကြပါနဲ့..။ ကျမမေးချင်တာက ဒီလိုပါ။ ဗိုလ်ကြီးက ခြေထောက် တဖက်လည်း မရှိတော့ဘူး။ လက်တဖက်ကလည်း လက်ကောက်ဝတ်လောက်က ဖြတ်ထားရတယ်။ ဒီလူတယောက်က မထုံတက်တေးလည်း လုပ်နေလိုက် သေး တယ်၊ ဒါကို မမက “ဒါဆို လည်း ရှင့်ထိုက်နဲ့ ရှင့်ကံပဲ တော်ရေ့” ဆိုပြီး ဘာဖြစ်လို့ ပစ်မထားနိုင်ခဲ့ တာလဲ မမ..။
ဖြေ။ ။ အဲဒါက ချစ်လို့ပေါ့ ညီမလေးရယ်။ မမက သူ့ကို ကိုယ့်အကိုအကြီးဆုံး တယောက်လို အားကိုးတကြီး၊ ယုံယုံကြည်ကြည်နဲ့လည်း ချစ်တယ်။ သူက အရမ်းကို တည်ကြည်တဲ့၊ သူတကယ် ရည်ရွယ်တာကိုမှ ပြော တတ်တဲ့ ယောက်ျား တယောက်မို့ပါပဲ။ ပြီးတော့ တခါ ကိုယ့်မောင်အငယ်ဆုံးလေး တယောက်လို စိုးရိမ် တကြီး၊ ကြင်ကြင်နာနာနဲ့လည်း ချစ် တယ်။ ဒီနေရာမှာ တချက် စဉ်းစားကြည့်ရအောင်၊ ညီမမှာ အဲဒီလို သိပ် လေးစားရတဲ့ အကိုကြီးတယောက် ဖြစ်ဖြစ်၊ သိပ်ကြင်နာရတဲ့ မောင်ငယ်လေးတယောက် ဖြစ်ဖြစ် ရှိတယ် ဆိုပါတော့။ သူဟာ တနေ့မှာ ဖွဟဲ..လွဲပါစေ၊ ဖယ်ပါစေ၊ အက်ဆီးဒင့် တခုခုဖြစ်လို့ အခု သူ့လို မစွမ်းမသန် ဖြစ်သွား တယ်ဆိုပါတော့။ ညီမ သူ့ကို နဂို ချစ်တာ လျော့သွားမလား။ မလျော့သွားလောက်ဘူး နော်။ မမလည်း အဲလိုပဲ။ ကဗျာ ဆန်ဆန် ပြောရရင် သူက မမ သူ့ဘေးနား က ဘယ်မှ ထွက်ပြေးသွားဖို့ မဖြစ်နိုင်လောက်အောင် မမကို ဖွဲ့နှောင်ထားနိုင်ပါတယ်။ ( ရယ်လျှက် )
အယ်လ်နန်းရီ။ ။ ( ခွန်ဆိုင်းဖက်သို့ လှည့်လျှက် ) ကို သူတို့ကို ဘာမေးချင်သေးလဲ။
ခွန်ဆိုင်း။ ။ ဗိုလ်ကြီး.. ကျနော် ဗိုလ်ကြီးရဲ့နိုင်ငံရေးအမြင်ကို နည်းနည်း မေးကြည့်လို့ ရမလား။ ဒီလို မေးရ တာက ဗိုလ်ကြီးက စာတော်တော်ဖတ်တယ် ထင်တယ်။ ဗိုလ်ကြီးတို့ အခန်းက လူနေအိမ်ခန်း တခုထက် စာကြည့်တိုက် အသေးစားကလေး တခုနဲ့ ပိုတူနေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗိုလ်ကြီးဟာ ကျနော် မြင်ဖူးတဲ့ စစ်သားတွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျနော် ဗိုလ်ကြီးရဲ့ နိုင်ငံရေးအမြင် ဘယ်လို ရှိလေ မလဲလို့ စူးစမ်းချင်လာမိတာပါ။ ကျနော်က ကျောင်းမှာ နိုင်ငံရေး သိပ္ပံ ( Political Science ) မေဂျာ ယူထား တာပါ ဗိုလ်ကြီး။
ဗိုလ်ကျော်မောင်။ ။ ဟုတ်ကဲ့။ ရပါတယ်။ မေးကြည့်ပါ။
မေး။ ။ ဗိုလ်ကြီးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ အရှေ့က နေဝန်းထွက် သည့်ပမာလို စာအုပ် ကောင်းတွေချည်းပဲ တွေ့ရပါ တယ်။ ဒီတော့ ကျနော် ပထမဆုံး မေးချင်တာက စစ်သားဘဝနဲ့ ဒီလောက်များပြားတဲ့ ရှားပါးစာအုပ်တွေကို ဘယ်လို စုဆောင်းခဲ့တာပါလဲ ခင်ဗျ။
ဖြေ။ ။ ( ရယ်လျှက် ) ဒီစာအုပ်တွေက ကျနော့် လစာနဲ့ ဝယ်တာမဟုတ်ဘူးဗျ။ ကျနော့် အကိုက ဝယ်ပေး တာပါ။ သူက အမေရိကမှာနေပါတယ်။ ကျနော် မိုင်းထိ တယ်လို့ သူကြားတော့ ဒေါ်လာတထောင်နဲ့ ဝယ်ရ မဲ့ စာအုပ်စာရင်းတခု ပို့ပေးလိုက်ပါတယ်။ သူက မြန်မာနိုင်ငံသား တယောက်ဟာ မြန်မာ့သမိုင်းကို ၁၇၅၂- မှာ အလောင်း မင်းတရားက စတင်ထူထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်ကနေ ဒီကနေ့ခေတ်ထိလောက်တော့ သိသင့်တယ်၊ သမိုင်းအမှန်ကို နားမလည်ရင် ကြည်လင်၊ မျှတတဲ့ မျိုးချစ်စိတ်ဓါတ် မရှိနိုင်ဘူးလို့ ဆိုပြီး အဲဒီ နှောင်းခေတ် မြန်မာ့သမိုင်းအကြောင်း ရှင်းပြထားတဲ့ စာမျက်နှာ ၅၀ လောက်ပါတဲ့ စာတစောင်လည်း ရေး ပေး လိုက်ပါသေးတယ်။ အဲဒီစာက ဟောဒါဗျ။ ဖတ်ကြည့်ချင်ရင် ယူသွားနိုင်ပါတယ်။ ကျနော် photo ဆွဲထား တာပါ။ ဒီစာထဲမှာ ကျနော်တို့ မိသားစု ရေးရာကိစ္စတွေ မပါပါဘူး။ စာဖတ်တာကတော့ ကျနော်တို့ ညီအကို တွေက ငယ်ငယ်ကတည်းက ဝါသနာပါကြတာပါ။ ဒါပေမဲ့ သေချာ critically စာဖတ်တတ်လာတာ သိပ် မကြာသေးပါဘူး။ ဒါလည်း ကျနော့် အကို ကျေးဇူးကြောင့်ပါပဲ။ သူက စစ်ဗိုလ်ဆိုရင် လူမမယ်ကလေး လောက် သဘောထားတာဗျ။ အကုန်သင်ပေး တော့တာပဲ။
မေး။ ။ ဟုတ်ကဲ့.. အဲဒါဆို ကျနော် ဗိုလ်ကြီးအကိုရဲ့စာ မိတ္တူကို ယူသွားလိုက်ပါ့မယ်။ အခု ကျနော် ဗိုလ်ကြီး ကို မေးခဲ့ချင်တာက မြန်မာပြည်မှာ ( စစ်တပ်ကလို့ ကျနော်မပြောဘူးနော် ) ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ ကိစ္စမှာ ကောင်းမွန်၊ လုံလောက်တဲ့ အကြောင်းတရား ရှိခဲ့တယ် လို့ ထင်ပါသလား။ ဆိုလိုတာက အဲဒီအချိန်တုန်းက သူအာဏာသိမ်းဖို့ တကယ်လိုအပ်ခဲ့တယ်လို့ ထင်ပါ သလား။
ဖြေ။ ။ လုံးဝ မထင်ပါဘူး။ ၁၉၆၂ ခု ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကနေ ဗိုလ်နေဝင်း အာဏာမသိမ်းခင် တရက်အလို မတ်လ (၁) ရက်နေ့အထိ မြန်မာ့အသံခန်းမ မှာ ( ၁ ) ဖက်ဒရယ်မူကို တင်ပြကြတဲ့ တိုင်းရင်း သားလူမျိုးစု ကိုယ်စားလှယ်တွေရယ်၊ ( ၂ ) ပထစအစိုးရကိုယ်စားပြု ဝန်ကြီးချုပ် ဦးနုရယ်၊ ( ၃ ) ဖဆပလ၊ ပမညတ စတဲ့ပါတီတွေက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးဗဆွေ၊ ဝိဓူရ သခင်ချစ်မောင်တို့ရယ်ဟာ အချင်း ချင်း အမြင်မတူကြတာတွေ ရှိကြပေမဲ့ “ပြည်ထောင်စု စစ်စစ်မူ ( ဖက်ဒရယ်မူ )” ကို အေးအေး ချမ်းချမ်း၊ ချစ်ချစ်ခင်ခင်နဲ့ လူကြီးလူကောင်းဆန်ဆန်၊ ညီရင်းအကိုတွေလို ဆွေးနွေးနေခဲ့ကြပါတယ်။ ဒါဟာ ပင်လုံ စာချုပ် ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသား၊ အစိုးရ၊ နိုင်ငံရေးပါတီများကြားမှာ အရေးအကြီးဆုံး သုံးပွင့်ဆိုင် ဆွေးနွေးပွဲကြီး တခုလို့ ကျနော်မြင်မိပါတယ်။ ဒီဆွေးနွေးပွဲကနေ win-win resolution တခုကျလာဖို့ ဆိုတာ အင်မတန် ဖြစ်နိုင်တဲ့ အနေအထား၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်တခုဆီကို သွားဖို့ လက်တကမ်း သာလို တော့တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် “တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလို” မဟုတ်ပါဘူး။ “တိုင်းပြည် တောင်ထိပ်ကိုရောက်ဖို့ လက်တလုံးအလို” မှာ ဗိုလ်နေဝင်းက တိုင်းပြည်ကို ချောက်ထဲ ဆွဲချခဲ့တာ ဖြစ်ပါတယ်။ ကျနော်လည်း အရင်တုန်းက ဒါတွေကို မသိပါဘူး။ ကျနော့်အကို ညွှန်လို့ ၂၄/ ၂/ ၁၉၆၂ - ၁/ ၃/ ၁၉၆၂ အတွင်း မူရင်းဆွေးနွေးချက်တွေကို ဖတ်ကြည့်လိုက်တော့မှ ဇာတ်ရည်လည် သွားတော့တာပါ။ ( ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။ )
ဒီ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားတွေဖက်က တင်ပြခဲ့ကြတဲ့ ဖက်ဒရယ်မူ ဆိုတာကလည်း ဗိုလ်နေဝင်း လိမ်ရေးသွားတဲ့ သမိုင်းလောက်သာ သင်ခဲ့ဖူးတဲ့သူ တွေက ထင်နေကြသလို ရှမ်းတွေက ပင်လုံစာချုပ် ဆယ်နှစ်ပြည့်လို့ ခွဲထွက်ခွင့်တောင်းလာခြင်း ဆိုတာ လုံးဝမမှန်ပါဘူး။ ဒါဟာ တကယ်တော့ ဗိုလ်နေဝင်းက သူအာဏာ မသိမ်းချင်ဘဲနဲ့ သိမ်းရတဲ့အကြောင်း ဆင်ခြေတခုလည်း ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်း ကမ ကထ လုပ် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ သက်ရှိထင်ရှား မရှိတော့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြဿနာမီး မွေးခဲ့တယ်လို့ အပြစ်ဖို့ပြီးသားလည်း ဖြစ်စေ၊ ၁၉၄၇ ဖွဲ့စည်းပုံကို ရုပ်သိမ်းဖို့ အကြောင်းပြချက် လည်း ဖြစ်စေ၊ တချက်ခုတ် သုံး-လေးချက်ပြတ် အနေနဲ့ ရှမ်းတိုင်းရင်းသားတွေကို သက်သက် လက်ညှိုးထိုး အပြစ် ဖို့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးရဲ့ ပါးစပ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ တွင်တွင် ပြောထွက်ခဲ့ တာကို အံ့ဩလို့ မဆုံးပါဘူး။ ရှမ်းလူမျိုးထဲက စော်ဘွားတဦးတလေမှာ ခွဲထွက်ဖို့အကြံ ရှိကောင်း ရှိနိုင် ပါတယ်။ ဒါပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ပြည်နယ်တခုက အဲသလို ဗြုန်းကနဲ ခွဲထွက်လို့ မရအောင် အဆင့်ဆင့် restrict လုပ်ထားပြီးသားပါ။ “ငါတို့ ထွက်တယ်ကွာ” ဆိုပြီး ချက်ချင်း ထွက်လို့ရတာမျိုး မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ တပ်က ( ဗိုလ်နေဝင်းက ) တိုင်းပြည်ကို တကယ် ချစ်ခဲ့ရိုးမှန်ရင် သူအလွန်ဆုံး ပြောသင့်တာက အဲလို unconstitutionally အတင်းထွက်သွားရင် တပ်က ပြည်ထောင်စုအပြိုကွဲ မခံနိုင်လို့ အင်အားသုံး ဖြေရှင်းမယ်၊ အဲဒီ စာအုပ်ပေါ်မှာ ရှိနေတဲ့ ခွဲထွက်ခွင့် ဆိုတာကို လည်း နိုင်ငံရေးသမားတွေက ဖြုတ်ဖို့ လုပ် သင့်ပြီ ဆိုတာလောက် ပါပဲ။
အဲဒီတော့ ခုနက ပြောတဲ့ ၂၄/ ၂ / ၁၉၆၂ ကနေ ၁/ ၃/ ၁၉၆၂ ရက်နေ့ထိ ကျင်းပတဲ့ “ပြည်ထောင်စု စစ်စစ်မူ ( ဖက်ဒရယ်မူ )” ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ဖက်က တရားဝင်ဆွေးနွေးတင်ပြခဲ့ကြတာကို လေ့လာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့က အခု အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါတို့မှာ ရနေကြ သလောက် ပြည်ထောင်စုစစ်စစ်မျိုးတခု ဖွဲ့စည်းရေးကို အဆိုပြုခဲ့ကြတာသာ ဖြစ်ပါတယ်။ ဒါဟာ မတောင်းကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ တောင်းတာမရရင် ပြည်ထောင်စုထဲက ခွဲထွက်မယ်လို့လည်း သူတို့ အဲဒီဆွေးနွေးပွဲမှာ လုံးဝ မခြိမ်းခြောက် ခဲ့ကြရုံသာမက ကချင်ကိုယ်စားလှယ်ကဆိုရင် ကျနော်တို့ဟာ သီးခြား နိုင်ငံငယ် ဆန်တဲ့ confederation တခုကို တောင်းဆိုနေကြတာ မဟုတ်ပါဘူးလို့ အတိအလင်း ပြောသွားခဲ့တာတောင် ရှိပါတယ်။ ကျန်တဲ့ ရှမ်း၊ ချင်း၊ ကရင်နီ ကိုယ်စားလှယ်တွေကလည်း ကျနော်တို့က အကိုကြီးတယောက် ( ဗမာလူမျိုး ) ဆီ ညီလေးတွေက ကိုယ်လိုချင်တာ စဉ်းစားပေးဖို့ တင်ပြတဲ့ သဘော ပါလို့ နှိမ့်နှိမ့်ချချနဲ့ ပြောဆိုခဲ့ကြပါတယ်။ ဒီ “ဖက်ဒရယ်မူ” ရဲ့ တရားဝင် မြန်မာနာမည်ကိုက “ပြည်ထောင်စု စစ်စစ်မူ” ပါ။ “ခွဲထွက်ရေး” ဆိုရင် “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးကို သုံးနေစရာ မလိုပါဘူး။ ဒါကြောင့် ဗိုလ်နေဝင်း လက်ထက်တုန်းက “ဖက်ဒရယ်မူ” ဟာ နိုင်ငံ့အတွက် အန္တရာယ်ရှိတယ်ဆိုရင် ဘယ်လိုရှိတာလဲ လို့ ကျောင်းသုံးစာအုပ်တွေမှာ “ဖက်ဒရယ်မူ” မူရင်း၊ ပင်လုံစာချုပ် မူရင်းတို့ကို ထုတ် မပြဝံ့တာပါပဲ။
မေး။ ။ ၁၉၈၈ လူထု အုံကြွမှုကို အကိုဘယ်လို သဘောထားပါသလဲ။
မေး။ ။ ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ နဝတ/ နအဖ စစ်အစိုးရတွေကို အကို ဘယ်လို သဘောထား ပါသလဲ။
ဖြေ။ ။ အဲဒီအစိုးရတွေက ကျနော်လည်း ဝင်ပါခဲ့တဲ့ တပ်က လုပ်ခဲ့တာတွေ ပါပဲ။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ် အသတ် အနိုင်ရခဲ့တာကို အာဏာလွှဲ မပေးခဲ့တာ၊ အနည်းဆုံး သူတို့ကို အုပ်ချုပ်ရေး အာဏာ ( Executive Power ) လွှဲပေးဖို့ Election လုပ်ခဲ့တာ မဟုတ် ပါဘူး၊ Constitution ဆွဲဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ လုပ်ပေးခဲ့တာပါ ဆိုရင်လည်း သူတို့ကို လွှတ်တော် ခေါ်ပြီး ဟန်ပြပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ စေတာမျိုး ဘာတခုမှ မလုပ်ခဲ့တဲ့ အတွက် မြန်မာ့သမိုင်းမှာ တပ်မတော်ကို အိုးမည်းသုတ်ခဲ့တဲ့၊ တိုင်းပြည်ကို တရုတ်လက်ထဲ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ အစိုးရတွေလို့ ထင်ပါတယ်။
မေး။ ။ အခု လက်ရှိအစိုးရကိုကော လယ်လို ထင်ပါသလဲ။
ဖြေ။ ။ ကိုယ် မမွေးခင်ကတည်းက ခရီးထွက်သွားတဲ့ ကိုယ့်အဖေ အခု အမေ့အတွက်နဲ့ ညီအကို မောင်နှမ တွေအားလုံးအတွက် လက်ဆောင်တွေ တပွေ့တပိုက် နဲ့ အိမ်ပြန်ရောက်နေသလို ခံစားမိပါတယ်။ စိတ်ထဲ မှာ လုံခြုံပြီး ပျော်ရွှင်ပါတယ်ဗျာ။
“... ဒါကြောင့် ညီလေးမှတ်ထားဖို့က ခရစ်သက္ကရာဇ် ၁၇၅၂ မတိုင်ခင်အထိ ယခု ရန်ကုန်၊ ပဲခူး၊ ပုသိမ်၊ သထုံ၊ မော်လမြိုင် စတဲ့ အောက် မြန်မာပြည်တခြမ်းလုံးဟာ မွန်တို့ဌာနေ မွန်တိုင်းပြည် ဖြစ်တယ်။ အလောင်း မင်းတရားက ဒဂုံမြို့ကို ၁၇၅၅ ခုမှာမှ သိမ်းပိုက်မိပြီး “ရန်-ကုန်” လို့ အမည်သစ်ပေးခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ဗမာစစ်သားတွေက မွန်တွေကို အခုခေတ်စကားနဲ့ ပြောရရင် လူမျိုးတုံးသတ်ဖြတ်မှု ( genocide ) လုပ်ခဲ့ကြတယ်လို့ မွန်တွေက ယုံကြည်ကြတယ်။ အဲဒီတုန်းက စစ်နိုင်သူက လုပ်ချင်ရာ လုပ်စတမ်း ခေတ်ကြီး ဖြစ်လို့ အဲဒါ အများကြီး ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အဲဒီလို ဗမာမင်းရဲ့ ရန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသက မွန်လူမျိုးတွေဟာ သထုံ၊ မော်လမြိုင်နဲ့ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေး ခိုလှုံ ခဲ့ကြရတယ်။ အဲဒီအချိန်မှာ အနောက်ဖက်မှာလည်း ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခုပဲ ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ တည်တန့်လာခဲ့တဲ့ ရခိုင်ထီးနန်းဟာ အလောင်းမင်းတရားရဲ့ သားတော် ဘိုးတော်ဘုရားလက်ထက် ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်မှာမှ ကျဆုံးခဲ့ရတာ ဖြစ်တယ်။ ဒါတွေ ဟာ နှစ်ပေါင်း ၂၀၀ ကျော်၊ ၂၅၀ လောက်ပဲ ကြာမြင့်သေးတဲ့ သမိုင်းတွေ ဖြစ်တယ်။
ဒါကြောင့်မို့ ဒီလူမျိုးတွေရဲ့ရင်ထဲမှာ “ငါတို့ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရလေခြင်း၊ လွတ်လပ်ရေး ဆုံးရှုံးရ လေခြင်း” လို့ ရင်ထုမနာ ဖြစ်နေကြတာကိုတွေ့ရင် သမိုင်း ကို သိတဲ့၊ နားလည်တဲ့လူက သူတို့ကို ကိုယ်ချင်း စာနိုင်တယ်။ ကိုယ်ချင်းစာသည့် အားလျော်စွာ သူတို့ကို ဘယ်လို ဖြေသိမ့်ရာ ( remedy ) ပေးနိုင်မလဲ လို့လည်း တွေးတယ်။ သမိုင်းကို နားမလည်တဲ့သူတွေကတော့ ဒီတိုင်းရင်းသားလူမျိုးစုတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး မဖြစ်နိုင်တာတွေကို တောင်းဖို့၊ ဆူဆူပူပူ လုပ်ကြဖို့ပဲသိတယ် လို့မြင် တယ်။ ဒါဟာ ဇစ်မြစ် ကို သေချာ မသိဘဲနဲ့ အထက်စီးက မြင်လိုက်ပုံမျိုးဖြစ်တဲ့၊ unfair ဖြစ်တဲ့ အမြင်မျိုး ဖြစ်တယ်။ မင်းမေးထားတဲ့ မြန်မာပြည် ကို ဖက်ဒရယ် ပြည်ထောင်စုတခုအဖြစ် ဖွဲ့စည်းဖို့ ဘာဖြစ်လို့ လိုအပ်တာလဲ ဆိုတာ ဒီလို တိုင်းရင်းသား ညီအကိုတွေရဲ့ suffering, pain, insecurity and dignity ကို ထည့်သွင်း စဉ်းစားပေး တဲ့အနေနဲ့ ဆိုတာကို နားလည်စေချင်တယ်။ ဒီလိုပြောလို့ အခုနေ ဓညဝတီနိုင်ငံတော်၊ ဟံသာဝတီ နိုင်ငံတော်တို့ကို ပြန်လည်ထူထောင် အသက်သွင်းချင်တယ်ဆိုရင် တရားတယ်လို့ အကို မပြောဘူး။ အကို့ရဲ့ လက်ရှိသဘောထားကတော့ အရင်တုန်းက အဲဒီလို သမိုင်းရှိခဲ့တာကို အသိအမှတ်ပြုတယ်။ သို့ပေမဲ့ အခုအချိန်မှာတော့ အကြောင်းကြောင်း ကြောင့် ဘယ်တိုင်းရင်းသားလူမျိုးစုကမှ ဒီပြည်ထောင်စု ထဲက မခွဲထွက်သင့်တော့ဘူးလို့ ယူဆတယ်။ ညီလေးကိုလည်း တစုံတရာကို ဇစ်မြစ်ကနေ ဂဂနနသိပြီးမှ တစုံတရာ reasonably သဘောထားတဲ့သူ ဖြစ်စေချင်တယ်။”
“... အကိုက ဒီကကျောင်းတွေမှာ “အမေရိကန် ပြည်ထောင်စုသမိုင်း” ကို သင်ခဲ့ရတာ ရှိပါတယ်။ အမေ ရိကန် တွေက သူတို့ဘိုးဘေးတွေ ဌာနေအင်ဒီယန်းတွေကို လက်နက်အားကိုးနဲ့ မျိုးပြုန်းလုနီး သတ်ဖြတ် ခဲ့ကြတာ၊ အစောပိုင်းတုန်းက မိန်းမတွေ မဲပေးခွင့်မရခဲ့တာ၊ မာတင်လူသာကင်း မတိုင်ခင်က လူဖြူ လူမည်း ခွဲခြားမှု တော်တော် ဆိုးဆိုးရွားရွား ရှိခဲ့တာတွေကို ဖုံးကွယ်ဖို့ မကြိုးစားကြပါဘူး။ သမိုင်းဆိုတာ ရာစုနဲ့ချီ လိမ်ထားလို့ မရပါဘူး။ မရမဲ့ အတူတူ မလိမ်ကောင်းဘူးလို့ အကို ထင်မိပါတယ်။”
Friday, July 8, 2011
Buddha Puzaniya ( ရခိုင် ရိုးရာ ဗုဒ္ဓပူဇနိယ)RAKHINE
Monday, June 27, 2011
အပြောအဟောပညာ။ ။ အိုဘားမား မကြာသေးမီက ပြောခဲ့တဲ့ မိန့်ခွန်းတခု။
( အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဒီလ ၂၂ ရက်နေ့ ညနေမှာ အမေရိကန် တပ်ဖွဲ့ တချို့တဝက်ကို အဖဂနစ္စ တန်နိုင်ငံက ပြန်လည်ရုပ်သိမ်းတော့မဲ့ အကြောင်း သူ့နိုင်ငံက ပြည်သူတွေကို မိန့်ခွန်း ပြောခဲ့ ပါတယ်။ သူ စကားပြော ကောင်းတာကိုတော့ ကျနော် ဝင်ပြောနေစရာ မလိုပါဘူး။ သူ့ သမ္မတရာထူးလက်ခံ မိန့်ခွန်း ဆိုရင်လည်း အင်မတန်ကောင်းတာ လူတိုင်း အသိပါ။ အခု အောက်မှာ ကျနော် တင်ပြထားတဲ့ သူ့ရဲ့ မိန့်ခွန်းက ( မိသားစု အချင်းချင်းကြား ပြောဆိုတဲ့ ပုံစံမျိုး ) ရိုးရိုးလေး ပြောထားတဲ့ မိန့်ခွန်းတခုပါ။ အခမ်းအနား တခုခု အတွက် special ပြောရတာ မဟုတ်တာကို ဆိုလိုတာပါ။ သူ့ရဲ့ ပြည်ပအရေး၊ ပြည်တွင်းအရေး ပေါ်လစီ ကို ပြည်သူကို ချပြတဲ့ မိန့်ခွန်းမို့ ဒီမိန့်ခွန်းဟာ အမေရိကန်တွေ အတွက် အရေးတော့ ပါပါတယ်။ ဒီ မိန့်ခွန်းထဲမှာ သူက ပထမဦးဆုံး အမေရိကဟာ ဘာဖြစ်လို့ စစ်ပွဲတွေထဲမှာ ပါနေရသလဲ၊ ကမ္ဘာ့အရေးတွေ မှာ ပါနေရသလဲ ဆိုတာကို အခွန်ထမ်းပြည်သူ တွေကို နားဝင်အောင် ရှင်းပြပါတယ်။ နောက်မှ အာဖဂန်မှာပြုဖွယ်ကိစ္စလည်း သိပ်မရှိတော့ပြီမို့ ကိုယ့်ပြည်တွင်း အရေးကိုလည်း အားထည့်ပြီး လုပ်ကြပါစို့လို့ ပြောသွားတာလေးတွေဟာ (နိဒါန်း) ချီပုံလေး၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြပုံလေး၊ နိဂုံးချုပ်ပုံလေးတွေက အချိတ်အဆက် မိမိနဲ့ အင်မတန် ပြေပြေပြစ်ပြစ်၊ လှလှပပလေး ရှိလွန်းလို့ Public Speech ကို လေ့လာနေသူ၊ စိတ်ဝင်စားသူ တွေ အတွက် တစုံတရာ အကျိုး ရှိနိုင်တယ်လို့ ယူဆတာကြောင့် ကျနော့်ဘလော့ဂ်မှာ တင်ထားချင်စိတ် ပေါက်သွား မိပါတယ်။ ကျနော် ဘာသာ ပြန်လိုက်ရင် သူ့နဂိုလှနေတာလေး ပျက်သွားမှာစိုးလို့ရယ်၊ ဒီလောက်ကတော့ ကိုယ့်လူတွေက “လာထား၊ အေးဆေးပဲ” ဖြစ်ကြလိမ့်မယ်လို့ ထင်မိတာကြောင့်ရယ် တတ်ယောင်ကားလုပ်ပြီး ဘာသာမပြန် တော့ဘဲ နဲ့ မူရင်းအတိုင်းပဲ ထားလိုက်ပါကြောင်း။ ပထမ အပိုဒ် လောက်ပဲ ဖတ်ကြည့်ပါလေ။ ခင်ဗျား ဆက်ဖတ်ချင် သွားပါ လိမ့်မယ်။း))
မှတ်ချက်။ ။ သူ ဒီမိန့်ခွန်းကို ဘယ်လောက် sincerely ပြောခဲ့သလဲ ဆိုတာကို ကျနော် မမှန်းဆတတ်ပါ။ မဝေဖန်လိုပါ။ ကျနော်ကတော့ ဒီမိန့်ခွန်းကို ကောင်းမွန်သော စကားပြောအတတ်ပညာ တရပ်အဖြစ် နှစ်ခြိုက် မိရုံပါ။ Youtube က ဟောဒီ Video Link ကနေယူထားပါတယ်။
အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ သူတော်ကောင်းယောင် ဆောင်နေတာ များလား၊ အိုစမာ ဘင်လာဒင်ကို ဟိုတလောက Navy SEAL က သွားသုတ်သင်လိုက်တယ် ဆိုတာဟာ လုပ်ကြံဇာတ်လမ်း များလား၊ တကယ် တော့ အိုစမာကို သတ်ခဲ့တာ ကြာလှရော့ပေါ့ ( ဝါ ) အခုထိ အသက်ရှင်လျှက် ရှိနေဆဲပဲ ဆိုတာရော မဖြစ်နိုင်ဘူးလား အစရှိတဲ့ ဖြစ်နိုင်ခြေအားလုံးကို အတွေးပွား ထားတဲ့ Youtube clip တခုကို ဘလော့ဂါ နှမငယ်တယောက်က ဘက်ညီသွားအောင် ဆိုပြီး ပေးပို့လာလို့ အဲဒီ ဗီဒီယို ကလစ်ကိုလည်း တင်ပေး လိုက်ပါတယ်။ လူတွေ ရန်လာလုပ်ရင်တော့ ညည်းလည်း လာကူရမယ်နော်။ ဟွင်း .. ဒါပဲ ...း))
The White House
Office of the Press Secretary
For Immediate Release June 22, 2011
Remarks by the President on the Way Forward in Afghanistan
East Room
8:01 P.M. EDT
THE PRESIDENT: Good evening. Nearly 10 years ago, America suffered the worst attack on our shores since Pearl Harbor. This mass murder was planned by Osama bin Laden and his al Qaeda network in Afghanistan, and signaled a new threat to our security –- one in which the targets were no longer soldiers on a battlefield, but innocent men, women and children going about their daily lives.
In the days that followed, our nation was united as we struck at al Qaeda and routed the Taliban in Afghanistan. Then, our focus shifted. A second war was launched in Iraq, and we spent enormous blood and treasure to support a new government there. By the time I took office, the war in Afghanistan had entered its seventh year. But al Qaeda’s leaders had escaped into Pakistan and were plotting new attacks, while the Taliban had regrouped and gone on the offensive. Without a new strategy and decisive action, our military commanders warned that we could face a resurgent al Qaeda and a Taliban taking over large parts of Afghanistan.
For this reason, in one of the most difficult decisions that I’ve made as President, I ordered an additional 30,000 American troops into Afghanistan. When I announced this surge at West Point, we set clear objectives: to refocus on al Qaeda, to reverse the Taliban’s momentum, and train Afghan security forces to defend their own country. I also made it clear that our commitment would not be open-ended, and that we would begin to draw down our forces this July.
Tonight, I can tell you that we are fulfilling that commitment. Thanks to our extraordinary men and women in uniform, our civilian personnel, and our many coalition partners, we are meeting our goals. As a result, starting next month, we will be able to remove 10,000 of our troops from Afghanistan by the end of this year, and we will bring home a total of 33,000 troops by next summer, fully recovering the surge I announced at West Point. After this initial reduction, our troops will continue coming home at a steady pace as Afghan security forces move into the lead. Our mission will change from combat to support. By 2014, this process of transition will be complete, and the Afghan people will be responsible for their own security.
We’re starting this drawdown from a position of strength. Al Qaeda is under more pressure than at any time since 9/11. Together with the Pakistanis, we have taken out more than half of al Qaeda’s leadership. And thanks to our intelligence professionals and Special Forces, we killed Osama bin Laden, the only leader that al Qaeda had ever known. This was a victory for all who have served since 9/11. One soldier summed it up well. “The message,” he said, “is we don’t forget. You will be held accountable, no matter how long it takes.”
The information that we recovered from bin Laden’s compound shows al Qaeda under enormous strain. Bin Laden expressed concern that al Qaeda had been unable to effectively replace senior terrorists that had been killed, and that al Qaeda has failed in its effort to portray America as a nation at war with Islam -– thereby draining more widespread support. Al Qaeda remains dangerous, and we must be vigilant against attacks. But we have put al Qaeda on a path to defeat, and we will not relent until the job is done.
In Afghanistan, we’ve inflicted serious losses on the Taliban and taken a number of its strongholds. Along with our surge, our allies also increased their commitments, which helped stabilize more of the country. Afghan security forces have grown by over 100,000 troops, and in some provinces and municipalities we’ve already begun to transition responsibility for security to the Afghan people. In the face of violence and intimidation, Afghans are fighting and dying for their country, establishing local police forces, opening markets and schools, creating new opportunities for women and girls, and trying to turn the page on decades of war.
Of course, huge challenges remain. This is the beginning -- but not the end –- of our effort to wind down this war. We’ll have to do the hard work of keeping the gains that we’ve made, while we draw down our forces and transition responsibility for security to the Afghan government. And next May, in Chicago, we will host a summit with our NATO allies and partners to shape the next phase of this transition.
We do know that peace cannot come to a land that has known so much war without a political settlement. So as we strengthen the Afghan government and security forces, America will join initiatives that reconcile the Afghan people, including the Taliban. Our position on these talks is clear: They must be led by the Afghan government, and those who want to be a part of a peaceful Afghanistan must break from al Qaeda, abandon violence, and abide by the Afghan constitution. But, in part because of our military effort, we have reason to believe that progress can be made.
The goal that we seek is achievable, and can be expressed simply: No safe haven from which al Qaeda or its affiliates can launch attacks against our homeland or our allies. We won't try to make Afghanistan a perfect place. We will not police its streets or patrol its mountains indefinitely. That is the responsibility of the Afghan government, which must step up its ability to protect its people, and move from an economy shaped by war to one that can sustain a lasting peace. What we can do, and will do, is build a partnership with the Afghan people that endures –- one that ensures that we will be able to continue targeting terrorists and supporting a sovereign Afghan government.
Of course, our efforts must also address terrorist safe havens in Pakistan. No country is more endangered by the presence of violent extremists, which is why we will continue to press Pakistan to expand its participation in securing a more peaceful future for this war-torn region. We'll work with the Pakistani government to root out the cancer of violent extremism, and we will insist that it keeps its commitments. For there should be no doubt that so long as I am President, the United States will never tolerate a safe haven for those who aim to kill us. They cannot elude us, nor escape the justice they deserve.
My fellow Americans, this has been a difficult decade for our country. We've learned anew the profound cost of war -- a cost that's been paid by the nearly 4,500 Americans who have given their lives in Iraq, and the over 1,500 who have done so in Afghanistan -– men and women who will not live to enjoy the freedom that they defended. Thousands more have been wounded. Some have lost limbs on the battlefield, and others still battle the demons that have followed them home.
Yet tonight, we take comfort in knowing that the tide of war is receding. Fewer of our sons and daughters are serving in harm’s way. We’ve ended our combat mission in Iraq, with 100,000 American troops already out of that country. And even as there will be dark days ahead in Afghanistan, the light of a secure peace can be seen in the distance. These long wars will come to a responsible end.
As they do, we must learn their lessons. Already this decade of war has caused many to question the nature of America’s engagement around the world. Some would have America retreat from our responsibility as an anchor of global security, and embrace an isolation that ignores the very real threats that we face. Others would have America over-extended, confronting every evil that can be found abroad.
We must chart a more centered course. Like generations before, we must embrace America’s singular role in the course of human events. But we must be as pragmatic as we are passionate; as strategic as we are resolute. When threatened, we must respond with force –- but when that force can be targeted, we need not deploy large armies overseas. When innocents are being slaughtered and global security endangered, we don’t have to choose between standing idly by or acting on our own. Instead, we must rally international action, which we’re doing in Libya, where we do not have a single soldier on the ground, but are supporting allies in protecting the Libyan people and giving them the chance to determine their own destiny.
In all that we do, we must remember that what sets America apart is not solely our power -– it is the principles upon which our union was founded. We’re a nation that brings our enemies to justice while adhering to the rule of law, and respecting the rights of all our citizens. We protect our own freedom and prosperity by extending it to others. We stand not for empire, but for self-determination. That is why we have a stake in the democratic aspirations that are now washing across the Arab world. We will support those revolutions with fidelity to our ideals, with the power of our example, and with an unwavering belief that all human beings deserve to live with freedom and dignity.
Above all, we are a nation whose strength abroad has been anchored in opportunity for our citizens here at home. Over the last decade, we have spent a trillion dollars on war, at a time of rising debt and hard economic times. Now, we must invest in America’s greatest resource –- our people. We must unleash innovation that creates new jobs and industries, while living within our means. We must rebuild our infrastructure and find new and clean sources of energy. And most of all, after a decade of passionate debate, we must recapture the common purpose that we shared at the beginning of this time of war. For our nation draws strength from our differences, and when our union is strong no hill is too steep, no horizon is beyond our reach.
America, it is time to focus on nation building here at home.
In this effort, we draw inspiration from our fellow Americans who have sacrificed so much on our behalf. To our troops, our veterans and their families, I speak for all Americans when I say that we will keep our sacred trust with you, and provide you with the care and benefits and opportunity that you deserve.
I met some of these patriotic Americans at Fort Campbell. A while back, I spoke to the 101st Airborne that has fought to turn the tide in Afghanistan, and to the team that took out Osama bin Laden. Standing in front of a model of bin Laden’s compound, the Navy SEAL who led that effort paid tribute to those who had been lost –- brothers and sisters in arms whose names are now written on bases where our troops stand guard overseas, and on headstones in quiet corners of our country where their memory will never be forgotten. This officer -- like so many others I’ve met on bases, in Baghdad and Bagram, and at Walter Reed and Bethesda Naval Hospital -– spoke with humility about how his unit worked together as one, depending on each other, and trusting one another, as a family might do in a time of peril.
That’s a lesson worth remembering -– that we are all a part of one American family. Though we have known disagreement and division, we are bound together by the creed that is written into our founding documents, and a conviction that the United States of America is a country that can achieve whatever it sets out to accomplish. Now, let us finish the work at hand. Let us responsibly end these wars, and reclaim the American Dream that is at the center of our story. With confidence in our cause, with faith in our fellow citizens, and with hope in our hearts, let us go about the work of extending the promise of America -– for this generation, and the next.
May God bless our troops. And may God bless the United States of America.
END 8:16 P.M. EDT
Ref: http://www.whitehouse.gov/the-press-office/2011/06/22/remarks-president-way-forward-afghanistanWednesday, June 22, 2011
အပစ်ရပ်သွားသော အေကေ-၄၇ တလက် ( My Birthday Resolutions )
I'll make this year awesome." [ Anonymous ]
၁။ ဒီနေ့က စလို့ ကျနော် သက်ဆုံးတိုင်ထိ အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်သွားမယ်။
( ဒီတခါ တော့ တကယ်ပါ။ အဲဒါကြောင့် အများသိအောင် မောင်းခတ်ကြေငြာ ဝံ့တာပါ။ ကျနော့်ရဲ့ ကျန်းမာရေး အတွက်နဲ့ ရှေ့လျှောက် အားစိုက်ပြီးလုပ်ရ ကိုင်ရဦးမဲ့ အလုပ်တွေအတွက်ပါ။ ဒါကြောင့် နောင်များ ကျနော့်ဆီ က အရက် post မမျှော်လင့်ပါနှင့်တော့း))
၂။ ဒီနေ့က စလို့ သတိနဲ့နေတဲ့ အလေ့အကျင့်ကို ထူထောင်သွားမယ်။ [ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လိုချင်လို့၊ အဲဒီအတွက် အထောက်အပံ့ ဖြစ်စေချင်လို့ လုပ်မှာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် ကျနော်က အခု Buddhist အစစ်တယောက်လည်း မဟုတ်တော့ဘူး နဲ့တူပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမ ( Law of Karma: "Any action ( cause ) has an equal effect." ) ကို ယုံကြည်နေသေးပေမဲ့ I'm not supposed to end my Samsara because I myself didn't start it. It is "Something" that made me get involved in Samsara, so it is also responsible to end my involvement in Samsara. လို့ဆိုတဲ့ ဂျစ်ကန်ကန် အတွေး မျိုး ဝင်နေမိပါတယ်။ ဒါကြောင့် သံသရာဝဲဩဂမှ လွတ်မြောက်ရေး အတွက်တော့ဖြင့် ကျနော် ပူပူပန်ပန်မရှိလှပါ။ နောက်ပြီး နောင်ဘဝ ( ကမ္မနိယာမအရ ရှိကောင်း ရှိနိုင်ပါတယ် ) ဆိုတာရှိရင်လည်း ကျနော့်မှာ အတော်အတန် လှပတဲ့ လူ့နှလုံးသား တခုရှိတယ်လို့ ယုံကြည်တဲ့အတွက် ဒီလိုလူ့နှလုံးသားမျိုးနဲ့ နောင် ဘဝမှာ “နွား” သွား မဖြစ်နိုင်ဘူး လို့ယုံကြည်မိပါတယ်။ ( ကျနော် ဒီဘဝမှာ လူလို နေထိုင်ခဲ့တဲ့ကိစ္စ အချည်းနှီးတော့ မဖြစ်တန်ရာ။ ) ဒီကမ္ဘာမြေပြင်ပေါ်မှာ “မြင့်မိုရ် တောင်” မရှိတာ သေချာသလိုပဲ ဒီကမ္ဘာမြေပြင်ရဲ့ အောက်မှာလည်း “ငရဲပြည် ရှစ်ထပ်” မရှိနိုင်တာ သေချာတာကြောင့် ကျနော် ငရဲကျသွားနိုင်တယ် လို့လည်း မပူပန်မိပါဘူး။ ဒါကြောင့် စုစု ပေါင်းလိုက်ရင် နောင်တမလွန်ဘဝနဲ့ ပတ်သက်လို့တော့ဖြင့် ကျနော့်မှာ အပူအပင် မရှိသလောက်ပဲလို့ ဆိုနိုင် ပါတယ်။ ဒီလို မပူပန် တဲ့အတွက် ကျနော့်အဖို့ တမလွန်ဘဝအတွက် စိတ်လုံခြုံမှုရအောင် “တံဆိပ်ကပ်ထားတဲ့ ဘာသာတရား” တခုခုကို မဖြစ်မနေ လက်ဝယ်ကိုင်ထားဖို့လည်း မလို အပ်ပါဘူး။ အခု ကျနော် ဒီ “သတိနဲ့ နေ တဲ့ အကျင့်” လုပ်ချင်တာက What am I doing right now? လောက် သတိလေးကပ်ပြီး secularly, worldly-mined သိနေရုံပါ။ ဒီဘဝအတွက် မလုပ်သင့်တာ မလုပ်မိအောင်၊ လုပ်သင့်တာ လုပ်မိအောင်လို့ပါ။ ခုလို ကျနော့်ရဲ့ ယုံကြည်မှုကို ရိုးသားစွာ ပြောပြရင်း အခြားသူများရဲ့ ယုံကြည်မှုကို ထိခိုက်နာကျင်စေခဲ့ရင် အနူး အညွတ် တောင်းပန်ပါတယ်။ ကျနော်က “ရိုးသားတာဟာ ဘယ်တော့အခါမဆို/ ဘယ်သူ့ထက်မဆို မှန်တယ်” လို့ယုံလို့ ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောနေမိတာပါ။ ]
၃။ ဒီနေ့က စလို့ အခြားလူတွေမှာ ကျနော့်ကို ဖက်လှဲတကင်း လှိုက်လှဲဖော်ရွေဖို့၊ ကျနော့်အတွက် တွေးပေးဖို့ တာဝန်မရှိကြောင်း အမြဲတမ်း သတိရနေမယ်။ ( ကျနော်က ကိုယ်ခင်သလောက် ပြန်အခင်မခံ ရရင် ဝမ်းနည်းသလို ရှိတတ်လွန်းလို့ ဒီလိုစိတ်မျိုး လေ့ကျင့် မွေးမြူထားမှ ဖြစ်ပါမယ်။ I'm so childish :)
၎။ ဒီနေ့က စလို့ သမ္မာအာဇီဝကျကျ ငွေကြေးချမ်းသာနိုင်မဲ့ နည်းလမ်းများကို လိပ်ပြာသန့်စွာ ကြံဆ တွေးတောနေမယ်။ ( ကျနော် အသက် ၆၀ ပြည့်ဖို့ နောက် ၁၃ နှစ်ပဲ လိုပါတော့တယ်။ ဒါကြောင့် ယခင်က ငွေ ကို ငမ်းငမ်းတက်ဖြစ်ရမှာ ရှက်သလိုရှိလှတဲ့ attitude မျိုးရှိခဲ့တာကို ပြန်လည်သုံးသပ်ပြီး၊ ကျနော့်ရဲ့ နောင်ရေး (အိုစာနာစာ) အတွက် ဒီဆယ်စုနှစ်ထဲမှာတော့ ငွေကို ငမ်းငမ်းတက် မဟုတ်တောင် အာရုံစိုက်ပြီး ရှာဖွေဦးမှလို့ တွေးလာရပါတယ်။ ကျနော်က တယောက်တည်း အိုရမဲ့သဘော ရှိပါတယ်။ တကိုယ်တည်း အဖိုးကြီး အနေနဲ့ လက်ထဲမှာငွေရှိနေရင်များ materially secured ဖြစ်မလားလို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် နောင် ဘဝကိစ္စနဲ့ ပတ်သက်ပြီး emotionally stable ဖြစ်သလောက် အခုဘဝအတွက် ကိုယ့်နားမှာ အဖော်အလှော် ( အဖွားကြီး ) တယောက်မရှိဘဲနဲ့ အိုမင်းရမဲ့ ကိစ္စ တွေးမိတိုင်းတော့ insecured ဖြစ်မိပါတယ်။ ဟင်း..ဟင်း.. ဖွန် ကြောင်ချင်သေးတား))
၅။ ကျနော် မြန်မာပြည်အတွက်၊ humanity အတွက် တခါမှ၊တခုမှ dedicate မလုပ်ဖူးတာမို့ တခုခု လုပ်ပေးချင် တဲ့စိတ်နဲ့ အိပ်မက်တချို့ကို မနေ့ကအထိ သယ်ပိုး ထားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ ခါးမသန်ဘဲ တောင်ကြီး ကို ဖြိုမယ်လို့ မာန်ကြီးနေတဲ့ ခါချဉ်ကောင်တကောင် မျှသာဖြစ်တယ်ဆိုတာ ကြာလေ ကြာလေ ထင်ရှား လာတဲ့ အတွက် ကာလအတန်ကြာ ထမ်းပိုးလာခဲ့တဲ့ ကျနော့်ရဲ့ အိပ်မက် များကို ဒီကနေ့ ရင်နာနာနဲ့ လွှတ်ချလိုက် ပါ တယ်။ ( အဲဒီအိပ်မက်တွေက ဘာတွေလဲဆို တာ ကျနော်နဲ့ ခင်မင်တဲ့ မိတ်ဆွေတွေ သိကြပါလိမ့်မယ်။)
[P.S: ကျနော့် ဘာသာရေး အယူအဆများနှင့် ပတ်သက်၍ “ကျနော်ကတော့ အဲသည်လို ဖြစ်နေပါကြောင်း” ရိုးသားစွာ ပြောပြခြင်းမျှသာ ဖြစ်ပါသည်။ ကျနော့် အယူအဆ မှန်နိုင်သည်၊ မှားနိုင်သည်ကို ကျနော်သိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျနော် အယူလွဲနေသည်ဟု (စေတနာဖြင့်) မထောက်ပြကြပါရန် အနူးအညွတ် ကြိုတင် တောင်းပန်ထားလိုပါသည်။ အကြောင်းမှာ အများပြည်သူတွေ ကိုးကွယ်နေကြသော ဘာသာတရားများနှင့် ပတ်သက်၍ ကျနော် အကျယ် အကျယ် အပြန်အလှန် မဆွေးနွေးလိုသော ကြောင့်( သာ ) ဖြစ်ပါသည်။ ]
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပြည်ကောင်းအောင်
၆/ ၂၂ / ၂၀၁၁
Friday, June 10, 2011
ကျွ န်ု ပ် ၏ လ မင်း ( ဇာတ် ညွှ န်း )
( Scene Serials )
S.1 : Scene 1
နေ့ : နေ့အခါ ရိုက်ကူး ရမည့် scene
ည : ညအခါ ရိုက်ကူးရမည့် scene
တွင်း : အဆောက်အဦတွင်း ရိုက်ကူးရမည့် scene ( indoor)
ပြင် : အဆောက်အဦပြင်ပတွင် ရိုက်ကူးရမည့် scene (outdoor)
[ ]: ပါဝင်ရမည့် သရုပ်ဆောင်များ
....................................................................................................................................................
S.1
နေ့/တွင်း.............[ ဦးအောင်ဇေယျာ၊ ကုမ္ပဏီ အမှုဆောင်လူကြီးများ]
ခေတ်မီသားနားသော အစည်းအဝေးခန်းမ
S.2
နေ့/ပြင် ................[ ဦးအောင်ဇေယျာ၊ကားဒရိုင်ဘာ]
ရန်ကုန်မြို့ပြ ရှုခင်း
S.3
နေ့/တွင်း..................[ ဦးအောင်ဇေယျာ၊ လမင်းငယ်၊ ကားဒရိုင်ဘာ]
ဦးအောင်ဇေယျာ၏ နေအိမ်
S.4
နေ့/တွင်း .............[ဦးအောင်ဇေယျာ၊ လမင်းငယ်၊ သူမ၏သူငယ်ချင်းများ]
ဦးအောင်ဇေယျာ၏ နေအိမ်
အစား ခပ်ဟော့ဟော့တွေ ဝတ်ထားကြသည့် သူမ၏ သူငယ်ချင်းများက လမင်းငယ်အတွက် စတိတ်ရှိုး လက်မှတ် တစောင် ပိုဝယ်လာ ကြောင်း ပြောကြ၊ လမင်းငယ် ဖခင်ထံ ခွင့်တောင်း၊ ဖခင်က အသာတကြည် ခွင့်ပြု၊ လမင်းငယ် ပါတိတ်ဝမ်းဆက် (ရိုးရိုးထမီ ) ဖြင့် ထွက်လာ၊ သူမ၏ သူငယ်ချင်းများ ဆူညံစွာ ဝေဖန်၊ ဦးအောင်ဇေယျာက လူငယ်ဘဝမှာ “လွတ်လပ်ပေါ့ပါး” စွာ နေခွင့်ရှိကြောင်းပြော၊ လမင်းငယ်က “သူတို့ဝတ် ထားတာတွေက မလွတ်လပ် မပေါ့ပါးဘူး အဖေရဲ့” ဟု ရယ်မောကာပြော၊ ဟော့ရှော့ ဝတ်မှ စတိတ်ရှိုး နှင့်တန် သည်ဆိုလျှင် မလိုက်တော့ဘူးဟု ပြောသဖြင့် သူမကို ခေါ်သွားရပုံ။
( လမင်းငယ် ထည့်ပြောရန် အရေးကြီးသည့်စကား။ ။ “အများဝတ်နေတဲ့ ဖက်ရှင်ကို ကိုယ်လိုက်ဝတ်မိရင် ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူ လို့ခံစားရတယ်။ နောက်ပြီး ငါက ငါ့အသားအရေကို အလကားမတ်တင်း ဖောဖော သီသီ ယောက်ျားတွေကို မျက်စိအလှူ သိပ်မပေးချင်ဘူးဟ။ ဒီအဝတ်အစားနဲ့ charming မဖြစ်ဘူးဆိုရင်ငါ့မှာ အခြား charming ဖြစ်တဲ့ အရာတွေ ရှိမှာပါဟာ” )
S.5
နေ့/တွင်း .................[နေမင်း၊ သော်တာဝင်း၊ ရုံးသူရုံးသားများ]
နယ်မြို့ အစိုးရရုံး တရုံးအတွင်း
S.6 (A)
နေ့/တွင်း ................[နေမင်း၊ သော်တာဝင်း]
ရုံးခန်း
S.6 (B)
နေ့/ပြင် ...................[သော်တာဝင်း၊ အခြား ရုံးဝန်ထမ်း မိန်းကလေးများ]
ရုံးဝင်းအတွင်း သစ်ပင်ရိပ်အောက်/ Benches
S.7
နေ့/ပြင် ..................[နေမင်း၊ သော်တာဝင်း]
တောင်ပေါ် စေတီ
S.8
နေ့/တွင်း .............[သော်တာဝင်း၊ ( သူမတို့ရုံးမှ ) အပျိုကြီးခင်မမ]
လဘက်ရည်ဆိုင်
S.9
နေ့/ပြင် ...............[နေမင်း၊ သော်တာဝင်း၏မိခင်၊ အိမ်နီးချင်းများ]
နေမင်း၏ နေအိမ်ရှေ့
S.10 (A)
နေ့/တွင်း ..........[တရားသူကြီး၊ နေမင်း၊ ဒေါ်ရတနာ၊ သော်တာဝင်း၊ အခြား]
မြို့နယ်တရားရုံး
S.10 (B)
နေ့/တွင်း ........[တရားသူကြီး၊ နေမင်း၊ နေမင်း၏မိခင်၊ ဒေါ်ရတနာ၊ သော်တာဝင်း၊ အခြား]
မြို့နယ်တရားရုံး
S.11
နေ့/တွင်း .....................[နေမင်း၊ နေမင်း၏မိခင်၊ အခြား]
ထောင်ဝင်စာခန်း
S.12
နေ့/တွင်း ....................[ဒေါ်ရတနာ၊ သော်တာဝင်း]
ဒေါ်ရတနာ၏ နေအိမ်
S.13
နေ့/တွင်း ............[နေမင်း၏မိခင်၊ သော်တာဝင်းနှင့် အခြားရုံးဝန်ထမ်းမိန်းကလေးများ]
နေမင်း၏ အိမ်
S.14
နေ့/တွင်း ........[နေမင်း၏မိခင်၊ ရပ်ကွက်သူ/သားများ၊ ရုံသူ/သားများ၊ သော်တာဝင်း]
နေမင်း၏အိမ်
S.15
နေ့/ပြင် ............[သော်တာဝင်း၊ ဘိုဘို၊ ဘိုဘို၏ အပေါင်းအသင်းများ]
သော်တာဝင်း ရုံးကအပြန် လူပြတ်သော ကားလမ်းပေါ်
S.16
နေ့/တွင်း ....................[တရားသူကြီး၊ ဘိုဘို၊ သော်တာဝင်း]
မြို့နယ် တရားရုံး
S.17
နေ့/ပြင်/တွင်း .......................[နေမင်း၊ အိမ်နီးချင်းများ]
အကျဉ်းထောင်၊ နေမင်း၏ နေအိမ်
S.18
နေ့/ပြင်........................................................[နေမင်း]
အဝေးပြေးကားစခန်း/ သင်္ဘောဆိပ် / ဘူတာ စသည် တနေရာ။
နေမင်း ဇာတိမြို့မှ တကိုယ်တော် ထွက်ခွာလာပုံ။
( နောက်ခံ သီချင်း ထည့်နိုင်သည်။ )
...............................................................................................................................................
S.19
နေ့/တွင်း......[နေမင်း၊ ဆရာတော်၊ ကပ္ပိယ၊ ဘုန်းကြီးကျောင်းသား(၂)]
ဘုန်းတော်ကြီးကျောင်း (ရန်ကုန်)
S.20
နေ့/ပြင်.......................................[နေမင်း၊ လူစုံ]
နေရာစုံ ( ရန်ကုန် )
နေမင်း လုပ်ခဲ့ဖူးသမျှ အလုပ်များ၊ သစ်စက်၊ ကုန်ထမ်း၊ ပန်းရံ၊ ဆိုက္ကားနင်း စသည်တို့ကို Mix လုပ်၍ ပြရန်။
( နောက်ခံသီချင်း ထည့်နိုင်)
...............................................................................................................................................
S.21
နေ့/တွင်း.........................................[ ဆရာတော်၊ နေမင်း]
ဘုန်းတော်ကြီးကျောင်း
S.22
နေ့/တွင်း........................................ [ ဦးအောင်ဇေယျာ၊ နေမင်း ]
“အောင်စေရာ”ကုမ္ပဏီ
S.23
နေ့/တွင်း............................[ နေမင်း၊ အခြား ကုမ္ပဏီဝန်ထမ်းများ]
အောင်စေရာ ကုမ္ပဏီ
နေမင်း ကုမ္ပဏီဝန်ထမ်း အဖြစ်ဖြင့် အနစ်နာခံ၊ ကြိုးစားပန်းစား အလုပ်လုပ်ပုံ။
.............................................................................................................................................
S.24
နေ့/တွင်း....................................[ ဆရာတော်၊ နေမင်း]
ဘုန်းတော်ကြီးကျောင်း
နေမင်း ပထမဦးဆုံး ရသည့်လစာ ထဲမှ မိခင်အတွက်ရည်စူး၍ ဆရာတော်အား ဝတ္ထုငွေကပ်၊ ဆွမ်းကျွေး ပြုလုပ်ပုံ။
..............................................................................................................................................
S.25
နေ့/တွင်း....................................[ ဦးအောင်ဇေယျာ၊ လမင်းငယ် ]
ဦး အောင်ဇေယျာ နေအိမ်
S.26
နေ့/တွင်း/ပြင်..........................[ ဦးအောင်ဇေယျာ၊ နေမင်း ၊ လမင်းငယ်]
ကုမ္ပဏီ ရုံးခန်း၊ ရန်ကုန်မြို့တွင်း နေရာစုံ
S.27
ည/တွင်း ..............................[ ဦးအောင်ဇေယျာ၊ လမင်းငယ် ]
ဦးအောင်ဇေယျာ နေအိမ်
တနှစ်ခန့်ကြာသော်-
S.28
ည/တွင်း......................................[ ကုမ္ပဏီဝန်ထမ်းများ ( စုံညီစွာ)]
ကုမ္ပဏီ ခန်းမကျယ်
၆-လခန့်ကြာသော်-
S.29
နေ့/ပြင်............................................[ နေမင်း၊ လမင်းငယ်]
ကြာည်နူးဖွယ်ဝန်းကျင်ရှိ တနေရာ
S.30
နေ့/တွင်း........................[ ဦးအောင်ဇေယျာ၊ နေမင်း၊ လမင်းငယ်]
ဦးအောင်ဇေယျာနေအိမ်
ှS.31
နေ့/ပြင်..............................................[ နေမင်း၊ လမင်းငယ် ]
ဆွတ်ပျံ့ဖွယ် ဝန်းကျင်ရှိသည့် တနေရာ
................................................................................................................................................
S.32
နေ့/ပြင်...................[ နေမင်း ၊ သော်တာဝင်း၊ မင်းမောင်မောင်ဘို ( တနှစ်ခွဲသား )]
သော်တာဝင်း၏ တိုက်ခန်းအနီး စတိုးဆိုင် ( ရန်ကုန် )
S.33
နေ့/တွင်း.....................................[ ဦးအောင်ဇေယျာ၊ နေမင်း]
ဥက္ကဌ ရုံးခန်း
S.34
နေ့/တွင်း........................................[ ဦးအောင်ဇေယျာ၊ နေမင်း၊ သော်တာဝင်း]
ဥက္ကဌ ရုံးခန်း
S.35
နေ့/တွင်း....[ ဦးအောင်ဇေယျာ၊ နေမင်း၊ လမင်းငယ် ၊ သော်တာဝင်း၊ မင်းမောင်မောင်ဘို]
ထမင်းစားခန်း ( ဦးအောင်ဇေယျာ နေအိမ် )
S. 36
နေ့/တွင်း.......................................[ ဦးအောင်ဇေယျာ၊ နေမင်း၊ ဘိုဘို ]
ကုမ္ပဏီဥက္ကဌရုံးခန်း
S.37
နေ့/တွင်း......................................[လူစုံ]
မင်္ဂလာခန်းမ တခု
ကိုနေမင်း နှင့် လမင်းငယ်တို့၏ လက်ထပ်မင်္ဂလာ အခမ်းအနား။
................................................................................................................................................
S.38
နေ့/တွင်း ....[ဒေါ်ရတနာ၊ နေမင်း၊ လမင်းငယ်၊ ဘိုဘို၊ သော်တာဝင်း၊ မင်းမောင်မောင်ဘို]
စစ်ကိုင်းချောင်
ပြီးပါပြီ။