ဟောဒီကမ္ဘာမှာ ( ဝတ္တရားအရ မဟုတ်ပါဘဲ )
ငါ authentically, Platonically, romantically အချစ်ရဆုံးမင်းက
ငါ့ကို နှုတ်မဆက်ဘဲ ထားရစ်ထွက်ခွာ…
“ချစ်၍ စွန့်သွားတဲ့ မင်းကို…"
“ဩော်.. စွန့်၍ ချစ်သွားမယ်လေ.. မောင့်လပြည့်ဝန်း..” ကိုထီး သီချင်းကိုငါဆို
ကြာရင် ငါ ဒုက္ခရောက်နိုင်လို့ မင်း ငါ့ကို “ချစ်၍စွန့်” ထားခဲ့တာ နေမှာပါလေ..
ဘာလို့လဲဆို မင်း ငါ့ကို တကယ်မမုန်းတာကို ငါကသိပြီး..
ငါ မင်းကိုတကယ်ချစ်တာကိုလည်း မင်းကသိနေတာပဲလေ..
အဲဒါနဲ့တောင် မင်းက ငါ့ကို ထားရစ်ခဲ့ရက်တယ် ဆိုရင်
မင်းက ငါ့ကို ချစ်လို့ စွန့်ထားရစ်ခဲ့တာပဲ ဖြစ်မှာပေါ့..
ငါကတော့ မင်းကိုစွန့်၍ချစ်သွားဖို့ အဆင်သင့် မဖြစ်သေးဘူးကွယ်..
ဟုတ်ချင်မှတော့ဟုတ်မယ်… ဒါပေမဲ့ ငါ့နှလုံးသားက မင်းကို စိတ်မနာချင်လို့ ပေးတဲ့ ဆင်ခြေပါ..။
ငါက အငိုသန်တယ် ညီမလေးရဲ့..
လူကြီးဆိုတော့ ကလေးငယ် တယောက်လိုတော့
အသံထွက်ပြီး ငိုမနေဘူးပေါ့လေ..
ဒါပေမဲ့ ငါ့ရင်ဘတ်က အသံထွက်ပြီး ( ဝမ်းပန်းတနည်း ) ရှိုက်ငိုနေသံ ငါကြားတယ်..
fully-contented ဖြစ်ရတဲ့ အရသာ မပေးနိုင်ဖူးတဲ့ ငါ့ရင်ဘတ်ကို ငါအားနာတယ်..
လောကက ဒီဘဝတော့ ငါ့ကို ခြေလက်ရိုက်ချိုးခဲ့တဲ့ လျော်ကြေး မပေးခဲ့ပေဘူး..
နောင်ဘဝမှာ နိဗ္ဗာန် ( ဝင်လို့ရရင်တောင် ) ငါ မဝင်ချင်သေးဘူး..
သံမဏိနှလုံးသား ပြောင်းတပ်ပြီး လောကဆီက လျော်ကြေးလာတောင်းဦးမယ်..
ဦထီးသီချင်းလေးနဲ့ပါ ပေါင်းထဲ့ထားပေးလို့ဖတ်လို့ကောင်းတယ်
ReplyDeleteဟုတ်တယ်နော်---လူကြီးဆိုတော့ ကလေးငယ် တယောက်လိုတော့
အသံထွက်ပြီး ငိုမနေဘူးပေါ့လေ
သံမဏိနှလုံးသား ပြောင်းတပ်ပြီး လောကဆီက လျော်ကြေးလာတောင်းဦးမယ်
လေးလေးနက်နက်ခံစားဖတ်ခဲ့ပါတယ်
jasmine(တောင်ကြီး) .. မစပါယ်.. လာလာဖတ်တာ ကျေးဇူးပါ..း))
Delete