Sunday, May 23, 2010

ပုဒ်မကြီး ခုနစ်ခုသာ ပါသော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ကျနော်က ဥပဒေပညာရှင် တယောက်၊ သမိုင်းပညာရှင် တယောက် မဟုတ်ပါ။ သာမန် အရပ်သား တယောက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် American Constitution ကို ဥပဒေရှုထောင့်၊ သမိုင်းရှုထောင့်တို့မှ ရှုမြင်သုံးသပ်ပြ နိုင်မည် မဟုတ်ကြောင်း ကြိုတင်ဝန်ခံထားလိုပါသည်။ ထူးဆန်းသလို ရှိသောအရာတခုကို တွေ့မိ၍ ရင်းနှီးရာ မိတ်ဆွေတွေ ကို အရပ်ပြော လက်တို့ပြောသည့် သဘော၊ တချို့ နိုင်ငံရေးအကြောင်း သိပ်စိတ်မဝင်စားသည့် မြန်မာ လူငယ်တွေကိုလည်း ဗဟုသုတရရုံ အကြမ်းဖျင်းမျှ ပြောပြသည့် သဘောသာဖြစ်ပါသည်။ သည်ဥပဒေ ထူးဆန်းသလိုရှိသည်ဟု ဆိုရခြင်းမှာ ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂျော့ ဝါရှင်တန်တို့ တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ ကြပြီး ယနေ့အထိ တည်တန့်နေသေးသော အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေ ( ဖြည့်စွက်ပြင်ဆင်ချက် ၂၇ ခုတော့ ပြုလုပ်ခဲ့ရသည်) တွင် အကြောင်းအရာ ခေါင်းစဉ်တခု အတွက် ပုဒ်မကြီး တခုနှုန်းဖြင့် ပုဒ်မကြီး ခုနစ်ခုသာပါသည်ကို တွေ့ရ၍ ဖြစ်ပါသည်။ ကျနော် လွန်ခဲ့သော ငါးနှစ်ခန့်က ကိုယ်ထင်ရာမြင်ရာ စာတမ်းကလေးတစောင် ရေးရာတွင် ကိုးကားချင်လို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပေါ်ယံ လျှပ်ပြီး ဖတ်ကြည့်ခဲ့ဖူးရာ ထိုစဉ်ကပင် သည် ဖွဲ့စည်းပုံ ၏ လိုရင်းတိုရှင်းဖြစ်မှုကို သတိထားမိခဲ့ပါသည်။ သို့သော် သူတို့ဖွဲ့စည်းပုံတခုလုံးကို သုံးသပ်ပြဖို့ထိလည်း ဥာဏ်မမီလှသဖြင့် မဆွေးနွေးခဲ့ဖူးပါ။ ယခုလည်း နှိုက်နှိုက်ချွတ်ချွတ် ပြောပြဖို့အထိ ဥာဏ်မီလှသေးသည် မဟုတ်ပါ။ သို့ရာတွင် စာဖတ်သူတို့လည်း ဥပဒေ မူရင်းစာသားနှင့် နှိုင်းယှဉ်ကာ ဖြည့်စွက်နားလည်နိုင်ကြမည် သာဖြစ်၍ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အနှစ်သဘောကို မှန်းကြည့်နိုင်ရုံလောက် ကောက်နှုတ် တင်ပြလိုက်ပါသည်။

The Constitution of the United States of America
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ
Preamble
နိဒါန်း
We the people of the United States, in order to form a more perfect union, establish justice, insure domestic tranquility, provide for the common defense, promote the general welfare, and secure the blessings of liberty to ourselves and our posterity, do ordain and establish this Constitution for the United States of America.
( အထက်ပါ နိဒါန်းကို ဥပဒေ အငွေ့အသက်လည်း ပါအောင် သည်လို မြန်မာပြန်လိုက်ကြရလျှင် ကောင်းမလားမသိ။း-)
ကျွန်ုပ်တို့ အမေရိကန်ပြည်သူ အပေါင်းတို့သည် ပိုမို ပြီးပြည့်စုံသော ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းတည်ထောင် နိုင်ရန် အလို့ငှာ ၎င်း၊ တရားမျှတမှုကို တည်ဆောက် နိုင်ရန်အတွက်၎င်း၊ နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှု ကို အာမခံနိုင်ရန် ၎င်း၊ ဘေးရန်ကျရောက် လာလျှင် စုပေါင်းကာကွယ်နိုင်ရန်၎င်း၊ အထွေထွေ သာယာဝပြောရေး ကိုမြှင့်တင်နိုင်ရန် အတွက် ၎င်း၊ ကျွန်ုပ်တို့နှင့် နောင်လာနောက်သား တို့အတွက် လွတ်လပ်မှုကောင်းချီးမင်္ဂလာကို လုံခြုံစေရန်အတွက်၎င်း၊ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အမေရိကန် ပြည်ထောင်စုအတွက် အတည်ပြု ပြဌာန်း အာဏာ သက်ရောက်စေလိုက်သည်။
Article I:
Section 1.
All legislative powers herein granted shall be vested in a Congress of the United States, which shall consist of a Senate and House of Representatives.
( Section 1 – 10 under this Article.)
ပထမ ပုဒ်မ။ ( ဥပဒေ ပြုရေး )
ပုဒ်မခွဲ ၁ ။ ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပေးအပ်ထားသော တရားဥပဒေပြုရေး အာဏာအရပ်ရပ်ကို ဆီးနိတ် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် ( ပြည်သူ့ကိုယ်စားလှယ်များ) တို့ဖြင့် ဖွဲ့စည်းထားသည့် ကွန်ဂရက်လွှတ် တော်ထံသို့ အပ်နှင်း ရမည်။
( ဤ ပထမ ပုဒ်မကြီး အောက်တွင် ပုဒ်မခွဲ ၁၀ အထိရှိပြီး လွှတ်တော် နှစ်ရပ်ကို မည်သို့ ရွေးကောက် တင်မြှောက်ရမည် ကို ရှင်းလင်းထားသည်။ အသေးစိတ် မဖော်ပြတော့ပါ။ ကိုးကားထားသည့် link: http://topics.law.cornell.edu/constitution တွင် ဖတ်ရှုနိုင်ပါသည်။ ဥပဒေ ပြုရေး ကိစ္စ သည် ပုဒ်မကြီး နှင့်ပင် ပြီးသွားလေ၏။ )
………………………………………………………………………………………………….
Article II:
Section 1.
The executive power shall be vested in a President of the United States of America. He shall hold his office during the term of four years, and, together with the Vice President, chosen for the same term, be elected, as follows:
( Section 1 - 4 under this Article.)
ဒုတိယ ပုဒ်မ။ ( အုပ်ချုပ်ရေး)
ပုဒ်မခွဲ ၁။ နိုင်ငဲတော် အုပ်ချုပ်ရေး အဏာကို အမေရိကန် ပြည်ထောင်စု သမ္မတ ထံသို့ အပ်နှင်း ရမည်။ နိုင်ငံတော် သမ္မတ နှင့် သက်တမ်းတူဖြစ်သော ဒုတိယသမ္မတ တို့ကို လေးနှစ်သက်တမ်း ကာလအတွက် အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ရမည် -
( ပုဒ်မခွဲ ၄ အထိရှိ၏။ အုပ်ချုပ်ရေးကိစ္စ လည်း ဤတွင်ပြီးလေ၏။ )

…………………………………………………………………………………………………….
Article III
Section 1.
The judicial power of the United States, shall be vested in one Supreme Court, and in such inferior courts as the Congress may from time to time ordain and establish. The judges, both of the supreme and inferior courts, shall hold their offices during good behaviour, and shall, at stated times, receive for their services, a compensation, which shall not be diminished during their continuance in office.
( Section 1- 3 under this Article.)
တတိယ ပုဒ်မ။ ( တရား စီရင်ရေး)
ပုဒ်မခွဲ ၁။ ပြည်ထောင်စု တရားစီရင်ရေး အာဏာကို တရားရုံးချုပ် တရပ်သို့ အပ်နှင်းရမည်။ ကွန်ဂရက် လွှတ်တော် သည် တရားရုံးချုပ် ထက်နိမ့်သော တရားရုံးများကို ဥပဒေနှင့်အညီ ထူထောင်ခွင့် ရှိသည်။ တရားသူကြီး အားလုံးသည် အကျင့် စာရိတ္တ ကောင်းမွန်နေသရွေ့ ၎င်းးတို့၏ ရာထူးတာဝန်များ၌ တာဝန်ထမ်းဆောင်ခွင့် ရှိစေရမည်။ ရာထူး တာဝန် ထမ်း ဆောင်နေသည့် ကာလ အတွင်း လစာ၊ ရိက္ခာ ခံစားခွင့်ကို မလျှော့ချနိုင်စေရ။
( ပုဒ်မခွဲ ၃ အထိရှိ၏။ ဤတွင် တရားစီရင်ရေးကိစ္စ ပြဌာန်းချက် ပြီးလေ၏။ )

…………………………………………………………………………………………………..
Article IV
Section 1.
Full faith and credit shall be given in each state to the public acts, records, and judicial proceedings of every other state. And the Congress may by general laws prescribe the manner in which such acts, records, and proceedings shall be proved, and the effect thereof.
(Section 1- 4 under this Article.)
( ကျနော် သည်ပုဒ်မကို ဝါးတားတားပဲ နားလည်ပြီး သိပ်အဆင်ချောအောင်လည်း ဘာသာမပြန်တတ်ပါ။ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ ဖြစ်မည်။ ဤသို့မြန်မာပြန်လိုက်ရသော် နီးစပ်ပြီး သဘောကိုငုံမိလေမလားမသိပါ ။
“ပြည်နယ် အသီးသီးအား အများပြည်သူအကျိုးအတွက် ဆောင်ရွက်ချက်များ၊ မှတ်တမ်းမှတ်ရာများ၊ တရားစီရင်ပုံ စီရင် နည်းတို့နှင့်စပ်လျှဉ်း၍ ယုံကြည်စွာလုပ်ပိုင်ခွင့်အပ်နှင်းရမည်။ ကွန်ဂရက်လွှတ်တော်သည် ပြည်နယ်များအနေဖြင့် ထို လုပ်ထုံး လုပ်နည်းများနှင့်စပ်လျှဉ်း၍ မည်သို့မည်ပုံဆောင်ရွက်ရမည်ကို ဥပဒေပြဌာန်းသတ်မှတ်ပေးနိုင်သည်။” )
…………………………………………………………………………………………………….
Article V
The Congress, whenever two thirds of both houses shall deem it necessary, shall propose amendments to this Constitution, or, on the application of the legislatures of two thirds of the several states, shall call a convention for proposing amendments, which, in either case, shall be valid to all intents and purposes, as part of this Constitution, when ratified by the legislatures of three fourths of the several states, or by conventions in three fourths thereof, as the one or the other mode of ratification may be proposed by the Congress; provided that no amendment which may be made prior to the year one thousand eight hundred and eight shall in any manner affect the first and fourth clauses in the ninth section of the first article; and that no state, without its consent, shall be deprived of its equal suffrage in the Senate.
(ဥပဒေ ပြင်ဆင်ရေး ကိစ္စ ပြဌာန်းချက်။ အချိန်ရလျှင် နောက်မှ ကြိုးစားပြန်ကြည့်ဦးပါမည်။ )
………………………………………………………………………………………………………
Article VI
All debts contracted and engagements entered into, before the adoption of this Constitution, shall be as valid against the United States under this Constitution, as under the Confederation.
This Constitution, and the laws of the United States which shall be made in pursuance thereof; and all treaties made, or which shall be made, under the authority of the United States, shall be the supreme law of the land; and the judges in every state shall be bound thereby, anything in the Constitution or laws of any State to the contrary notwithstanding.
The Senators and Representatives before mentioned, and the members of the several state legislatures, and all executive and judicial officers, both of the United States and of the several states, shall be bound by oath or affirmation, to support this Constitution; but no religious test shall ever be required as a qualification to any office or public trust under the United States.
( ကြွေးမြီ၊ သဘောတူ စာချုပ်များဆိုင်ရာ ပြဌာန်းချက်။ ထိုနည်း၎င်း … )
………………………………………………………………………………………………………
Article VII
The ratification of the conventions of nine states, shall be sufficient for the establishment of this Constitution between the states so ratifying the same.
သတ္တမပုဒ်မ။
ဤ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ထောင်ပြဌာန်းခြင်းသည် ဤသဘောတူစာချုပ်တွင် ပါဝင်သော ပြည်နယ်ကိုးခုက ထပ်ဆင့် အတည်ပြုလိုက်သည်နှင့် ထိုအတည်ပြုပြီးဖြစ်သော ပြည်နယ်များအတွင်း လုံလောက် ( အဏာသက်ရောက် ) စေရမည်။
Signers
Done in convention by the unanimous consent of the states present the seventeenth day of September in the year of our Lord one thousand seven hundred and eighty seven and of the independence of the United States of America the twelfth.
In witness whereof We have hereunto subscribed our Names,
G. Washington-Presidt. and deputy from Virginia
New Hampshire: John Langdon, Nicholas Gilman
Massachusetts: Nathaniel Gorham, Rufus King
Connecticut: Wm: Saml. Johnson, Roger Sherman
New York: Alexander Hamilton
New Jersey: Wil: Livingston, David Brearly, Wm. Paterson, Jona: Dayton
Pennsylvania: B. Franklin, Thomas Mifflin, Robt. Morris, Geo. Clymer, Thos. FitzSimons, Jared Ingersoll, James Wilson, Gouv Morris
Delaware: Geo: Read, Gunning Bedford jun, John Dickinson, Richard Bassett, Jaco: Broom
Maryland: James McHenry, Dan of St Thos. Jenifer, Danl Carroll
Virginia: John Blair--, James Madison Jr.
North Carolina: Wm. Blount, Richd. Dobbs Spaight, Hu Williamson
South Carolina: J. Rutledge, Charles Cotesworth Pinckney, Charles Pinckney, Pierce Butler
Georgia: William Few, Abr Baldwin
………………………………………………………………………………………………………
( မှတ်ချက်။ ။ American Constitution က ပထမ၊ ဒုတိယ၊ တတိယ ပုဒ်မကြီး သုံးခုတည်းနှင့် ဥပဒေပြုရေး/ အုပ်ချုပ်ရေး/ တရားစီရင်ရေး သုံးရပ်စလုံးကို အပြီးပြောသွားသောအချက်ကို သဘောကျမိ၊ ရယ်ချင်မိ၊ ပေါ့ပေါ့ပါးပါး ပြန်ပြောပြချင် မိ၍ အင်္ဂလိပ်စာ မတတ် တတတ်နှင့် ဤ post ကို ရေးမိ သွားခြင်းသာ ဖြစ်ပါသည်။ )