Tuesday, August 23, 2011

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းခွင် ဗီဒီယို



ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်း လုပ်ငန်းခွင်ဗီဒီယို ( ခရီးပေါက်ရောက်နေမှု အခြေအနေ ) ဖြစ်ပါ သည်။ ဧရာဝတီကို ရောင်းစားခဲ့သူ အချို့ကလွဲပြီး မြန်မာနိုင်ငံသားတိုင်း ဧရာဝတီကို ချစ်ကြသည်သာ ဖြစ်၍ ကျနော်လည်း ဧရာဝတီကို အများနည်းတူ ချစ်ရုံမျှဖြင့် ပို၍ လူရာဝင်မလာနိုင်ပါ။ အရောင်လည်း ပိုထွက် မလာနိုင်ပါ။ ဈေးလည်း ပိုတက် မလာနိုင်ပါ။ တကယ်တော့ ကျနော်ကလည်း ရောင်းရန်မဟုတ်သော ( not for sale ) ခပ်မှိန်မှိန် ပန်းချီကားတချပ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လူရာဝင်ချင်လို့ “ဧရာဝတီ” ဆိုသော နာမတော် ကို ရွတ်ဆိုခြင်း မဟုတ်ရပါ ကြောင်း၊ ကျနော့် ဒုတိယ comment ပါ ပုဂ္ဂိုလ်အတွက် နေရာတခု ဖန်တီးရပေးခြင်း ဖြစ်ပါကြောင်း၊ ဒါပေမဲ့ ကျန်ပုဂ္ဂိုလ်များ လည်း မိမိတို့၏ ထင်မြင်ချက်များကို ဝင်ရောက်သွန်ချ သွားနိုင်ပါကြောင်း ကြိုတင်ဖြေရှင်း အပ်ပါသည်း))

5 comments:

  1. ကျနော် မအိမ့်ချမ်းမြေ့ရဲ့ www.ainchannmyay.com မှာ ပေးခဲ့တဲ့ comment ပါ။

    “အကောင်းအဆိုးနှစ်ဖျာမှာ အဆိုးဘက်ကချည်း ကြည့်တတ်နေရင် မတရားပါဘူး။ ကျနော့်အမြင်ကိုပြောရရင် ဘယ်အရာကိုမဆို အစွဲစိတ် တခုမထားဘဲ ကြည့် ရင် ပိုမှန်ပါလိမ့်မယ်။ ကိုယ့်စာအရေးအသား ကောင်းတိုင်း လိုက်သွေးထိုးနေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဧရာဝတီမြစ်ကြီး တိမ်ကောပျက်စီး သွားမှာ ကျနော်အပါအ၀င် ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။ အဲဒီထဲမှာနိုင်ငံ အုပ်ချုပ်သူ လူတန်းစားတွေလဲ ပါမှာပါ။ သေချာပါတယ်။ သူတို့လဲ ဧရာဝတီကို ချစ်မြတ်နိုးကြ မှာပါ။ ဧရာဝတီဟာ ဘယ်တော့မှ ပျက်စီးမသွားနိုင်ပါဘူး။”

    အောင်တေဇ ( “နောင်တခေတ်ရဲ့ အောင်စစ်သည်” လားတော့မသိပါ )

    ဟိုတနေ့ကတော့ အထက်ပါ ပိုစ့်ကိုရေးသူ မအိမ့်ချမ်းမြေ့က အထက်ပါ မှတ်ချက်ကို ရေးသူကို တစုံတရာ ပြန်ရှင်းပြထားသည် ( ရန်တွေ့ထား တာ မဟုတ်သည်မှာတော့ သေချာပါသည် ) ကို ဖတ်လိုက်ရပါသည်။ သည်ကနေ့ ပိုစ့်အသစ်များ တင်သလားဟု လာကြည့်တော့ သူမ၏ ပြန်လည်ဖြေရှင်းချက်ကို မတွေ့ရတော့ပါ။ သိရသလောက် သူမက ကနေဒါ နိုင်ငံ၊ ဗင်ကူးဗားမြို့မှာ နေသော… မြန်မာသံရုံးနှင့် မကင်းနိုင် သော မြန်မာအမျိုးသမီးတဦး ဖြစ်ဟန်တူပါသည်။ ထို့ကြောင့်သူမမှာ ငဲ့စရာ၊ ထောက်ထားစရာတွေ ရှိလို့များ သူမ၏မှတ်ချက်ကို ပြန်ရုပ်သိမ်း သွားလေသလားဟု တွေးမိပါသည်။ မည်သို့ပင်ဖြစ်စေ ယခု ပြန်လှန် ချေပပြောဆိုသူ မရှိတော့သောကြောင့် အထက်ပါမှတ်ချက်ကို ကျနော် ဘဝင်မကျ၍ ဤမှတ်ချက်ကို ဝင်ရေးခဲ့ပါသည်။

    ကျနော်ကတော့ သူမသည် “အကောင်းအဆိုးနှစ်ဖျာ ( ဖြာ ) မှာ အဆိုးဘက်ကချည်း ကြည့်တတ်” သူဟု မထင်မိပါ။ တရုတ် နိုင်ငံမှာ “ယန်စီမြစ်ကို ပိတ်ပြီး ဆည်ဆောက်ခဲ့ကြသည်။ ဟောသည်လို ဖြစ်သွား ပါသည်ရှင့်” ဟု အမှန်တရား ( fact ) တခု ကို ဓါတ်ပုံနှင့်တကွ တင်ပြသူမျှသာ ဖြစ်သည်ဟု ထင်ပါသည်။ အဲသည် fact မဟုတ်မှန် ကြောင်း ကိုအောင်တေဇမှ ငြင်းဆိုခွင့် ရှိပါသည် / ငြင်းဆိုသင့်ပါသည်။ ထိုသို့ မငြင်းဆိုနိုင်ဘဲနှင့် “ခင်ဗျား အဆိုးမြင်သမား ပါလားဗျာ” ဟု ပြောရန် မသင့်ပါ။ ထိုသို့ ပြောခြင်းသည်သာလျှင် “အစွဲစိတ်တခုထား၍ ကြည့်ခြင်း” မည်ပါလိမ့်မည်။

    တဖန် “ကိုယ့်စာအရေးအသား ကောင်းတိုင်း လိုက်သွေးထိုးနေရင် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး” ဟုဆိုရာ၌ သူမက လိုက်သွေးထိုး တိုင်း ( အခြေအမြစ်မရှိဘဲ သွေးထိုးနေလျှင် ) စာဖတ်သူများက မျက်ကန်း ယုံကြည်ကြလိမ့်မည်ဟု မထင်မိပါ။

    ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျနော်ကတော့ “လူကြီးတွေလည်း တိုင်းပြည်ကို မချစ်ဘဲတော့မနေပါဘူး” ဟုပြောတတ်/ တွေးတတ် ကြသူများကို ဥာဏ်နုံနဲသူများ ဟုထင်တတ်ပါသည်။ အကြောင်းမှာ “လူကြီးတွေ တိုင်းပြည်ကို ဘယ်ပုံချစ်ကြသည်ဟု မိမိကိုယ်တိုင် ကြည်ကြည်လင်လင် တွေးခေါ်နိုင်စွမ်း မရှိသဖြင့် သူတပါးကိုလည်း ယုံကြည်နိုင်လောက်ဖွယ် အကျိုးသင့်အကြောင်းသင့် ရှင်းပြ နိုင်စွမ်း မရှိသည်ကို ထိုသို့ လုံးချ/ရောချ လိုက်ခြင်းဖြစ်သည်” ဟုထင်မိသော ကြောင့် ဖြစ်ပါသည် ။ ကျနော့်အဖို့မှာတော့ ပုဂ္ဂိုလ် တဦး/တစု၊ ကိစ္စတခုကို ကြိုက်လျှင်/ မကြိုက်လျှင် ဘာဖြစ်လို့ ကြိုက်ရသည့် အကြောင်း၊ မကြိုက်ရသည့်အကြောင်း အချိန်မရွေး ပြောပြနိုင်ပါသည်။ ကျနော် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို သဘောမတူပါ။ အကြောင်းမှာ ( ၁ ) အဲသည်က ထွက်လာမည့် လျှပ်စစ် ( ၉၉% ဟုသိရ ) ကို တရုတ်ဖက်က ရ၍ ကျနော်တို့က မြစ်တခု ကောသွားနိုင်သောကြောင့် နှင့် ( ၂ ) တရုတ်လို ကိုလိုနီ နယ်ချဲ့လက်သစ် သိက္ခာမဲ့ “အရင်း ရှင်” ( ကွန်မြူနစ် မဟုတ်တော့ ) နိုင်ငံတခုကို မိမိတို့မြေပေါ် ခြေကုပ်စခန်း မပေး သင့်ဟု ထင်သောကြောင့် ဖြစ်ပါသည်။ နောင်တချိန် ရေလွှတ်တာ/ ရေစုတာနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအချင်း မများဘူးလို့ ဘယ်သူ အာမခံနိုင်ပါသလဲ။

    ReplyDelete
  2. # www.ainchannmyay.com

    @ ကိုကျော်ဇော (နိုင်ငံကောင်းကျိုးလိုလားသူတဦး) ခင်ဗျား။

    “ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းက လျှပ်စစ်ထုတ်လုပ်မှုပမာဏဟာ လက်ရှိ မလေးရှားနိုင်ငံတစ်နိုင်ငံလုံး ရဲ့လျှပ်စစ်သုံးစွဲမှု ပမာဏ နဲ.ညီမျှ ပါတယ်။ ဒါဟာ မြစ်ဆုံတစ်ခုတည်းက ထွက်နိုင်မဲ့ပမာဏကိုဆိုလိုတာပါ။”

    ( တရုတ်က ဆည်ဆောက်တဲ့ နည်းပညာမှာ ကမ္ဘာပေါ်မှာ အတော်ဆုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီပိုစ့်မှာ မြင်ခဲ့ရသလိုပဲ ယန်စီမြစ် အောက်ပိုင်း ရေမခန်းအောင်တော့ မလုပ်တတ်ပါဘူး။ ဒါကြောင့် သူတို့ မြစ်တွေကိုတောင် ပက်ကြား မအက်အောင် မလုပ် နိုင်ဘူးဆိုတော့ ကျနော်တို့ဆီမှာ လာလုပ်ရင်လည်း ဧရာဝတီမြစ် ပက်ကြားအက်သွား နိုင်တဲ့ အန္တရာယ်ရှိတာကို ပထမ လက်ခံရပါ မယ်။ ဒါနဲ့တောင်မှ အဲဒီ အားကျလောက်ဖွယ် ကြီးမားလှတဲ့ လျှပ်စစ်စွမ်းအားရဲ့ တဝက်လောက်ကို ကိုယ့်နိုင်ငံက ရတာမျိုးဆိုရင် နောင်ခါလာ နောင်ခါဈေး၊ မြစ်ကြီးတခုလုံး ပဲကောကော မျက်စိစုံမှိတ်ပြီး လုပ်ထိုက်တယ်လို့ ဆိုနိုင်ပါသေးတယ်။ အခုတော့ လျှပ်စစ် ၉၉% ကို တရုတ်ဖက်က ရမယ်လို့ကြားရပါတယ်။ လျှပ်စစ်ရ မှာက တိုင်းတပါးက၊ မြစ်ကောသွားမှာက ကိုယ့်နိုင်ငံက ဖြစ် နေပါ တယ်။ တခါ လျှပ်စစ်ကိုမရရင်တောင် လျှပ်စစ်ရောင်းရငွေကို တဖက် ၅၀% လောက်စီရမယ်ဆိုရင် တော်ပါသေးတယ်။ အခုတော့ လျှပ်စစ်ရောင်းရငွေကိုလည်း မြန်မာက ၂၀% ပဲရမယ်လို့ သိရပါတယ်။ တရုတ်က ၇၀%၊ ပွဲစားက ၈၀% ရမယ်လို့ သိရပါတယ်။ ဒါတွေဟာ ဖြစ်ထိုက်သလား၊ အဲလိုဖြစ်နေတာကို ရင်နာတာဟာ “အစိုးရကို အကြပ် အတည်း ရိုက်စေဖို. အကြည်အညိုပျက်စေဖို. ဆိုတဲ့ နိုင်ငံရေး ရည်မှန်း ချက်တွေကပိုများနေတာ” ဆိုတာ ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်သင့် ပါတယ်။ )

    “ … ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားခြင်းပြည်သူများကို မီးလင်းစေဖို. အတွက် ကျွန်ုပ်တို့မှ မုဓိတာပွားနိုင်ရမယ်ဖြစ်ပါတယ်။ တရုပ် ပြည်သူ များက မြန်မာပြည်သူများကို ထာဝရ ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။”

    ( ခင်ဗျား မုဒိတာပွားနိုင်ပေမဲ့ မြန်မာနိုင်ငံသား တော်တော် များများ ကတော့ ကိုယ့်ဆီက မြစ်တမြစ်အကောခံပြီး မုဒိတာပွားနိုင်ကြ မယ် မထင်ပါ။ ဒါကြောင့် သူတို့ “မုဒိတာ ပွားနိုင် / မပွားနိုင်” နိုင်ငံတော် အစိုးရက ပြည်သူ့စစ်တမ်း တခု ကောက်ယူသင့်ပါ တယ်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်သည်နှင့်အညီ နိုင်ငံသားအများစုက ဧရာဝတီ မြစ်ကြီးကို အထက်ပါဓါတ်ပုံတွေလို အဖြစ် ခံပြီး တရုတ်ကို မီးအလှူဒါန မပြုချင်ကြဘူ ဆိုရင် အဲဒီအလှူကို ဖျက်သင့်တာပေါ့ဗျား))

    “မြစ်ဆုံရေကာတာကိုကန်.ကွက်နေတဲ့သူတွေဟာ တိုင်းပြည်အတွက် လျှပ်စစ် ဘယ်လိုရနိုင်မယ်ဆိုတဲ့နည်း ကိုတော့ ရှာဖွေပေးနိုင်တာ မဟုတ် ကြပါဘူး”

    ( မြစ်ဆုံရေကာတာကို ထောက်ခံတဲ့ ခင်ဗျားကော “တိုင်းပြည် အတွက် လျှပ်စစ် ဘယ်လိုရနိုင်မယ်ဆိုတဲ့နည်း” ကို ပြနိုင်ပါရဲ့လား။ မြစ်ဆုံက ထွက်မဲ့ လျှပ်စစ်အားလုံးနီးပါးက တရုတ်ကပဲရမှာမို့ အဲဒီနည်းကိုတော့ မပေးလိုက်ပါနဲ့။ တကယ် မြန်မာတနိုင်ငံလုံး မီးလင်းမဲ့နည်းကိုသာ ကျနော် ပြောနေတာပါ။ အဲဒီနည်းကို ကျနော်ပေးလိုက်ဦးမယ်။ Shwe gas, Yadanar gas တွေကထွက် တဲ့ သဘာဝဓါတ်ငွေ့ကို တရုတ် / ယိုးဒယားကို တဝက်ရောင်းချင် ရောင်းပါ။ ဒါပေမဲ့ မိမိပြည်တွင်း အတွက် လိုအပ်သလောက်ကို ချန်ထားပြီး တပြည်လုံးလင်းထိန်ရေး လုပ်နိုင်မှာပါ။ တပြည်လုံးမှာ ထင်းအစား gas နဲ့ ချက်ပြုတ်စေပါ။ သစ်တောပြုန်းတီးမှု လည်းသက်သာနိုင်မှာပါ။ )

    “နည်းပညာမရှိတဲ့တိုင်းပြည်တွေဟာ ကမ္ဘာ မှာ နည်းပညာတစ်ခုရဖို. အတွက် အမျိုးသားရေးစွမ်းဆောင်မှု အနေနဲ့ လမ်းစဉ်ချမှတ် ရပြီး တိုင်းပြည်နဲ.တစ်မျိုးသားလုံး ဒုက္ခမျိုးစုံခံရလေ့ရှိပါတယ်။”

    ( ဆည်ဆောက်မဲ့ နည်းပညာလောက် ရဖို့အတွက်တော့ဖြင့် ကိုယ့်မြစ် ကြီးတခုလုံး အဆုံးမခံသင့်ဘူး ထင်တာပဲဗျ။)

    “အမှန်တော့ NLD ကိုယ်တိုင်အာဏာရလည်း အဲဒီနေရာက ရေအား လျှပ်စစ်ကို မရရအောင် ထုတ်လုပ်ရမှာပဲဖြစ်ပါတယ်။”

    ( NLD ကိုယ်တိုင်အာဏာရပြီး လုပ်နေတာဆိုရင်တော့ သူတို့ ပြည်သူ့ စကားကိုတော့ နားထောင်မှာ သေချာပါတယ်း))

    ( ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ ကျနော်လည်း စစ်တိုက်ရင်း ခြေ ထောက်တဖက်၊ လက်တဖက် စွန့်လွှတ်ခဲ့ရတဲ့ စစ်မှုထမ်းဟောင်း တယောက်ပါပဲ။ ဒါပေမဲ့ ကျနော့် “ခေါင်း” နဲ့ “ရင်ဘတ်” ကတော့ အမေမွေးလိုက်တုန်းက အတိုင်း အကောင်းကြီး ကျန်ပါသေးတယ်။ ကျနော် ဒီစာရေးသူ မအိမ့်ချမ်းမြေ့ကို အားနာလို့ ဒီမှာ နောက်ထပ် အပြန်အလှန် ရေးတော့မဟုတ်ပါဘူး။ မကျေနပ်သေးလို့ ကျနော်နဲ့ ဆက်လက် ဆွေးနွေးချင်သေးရင် ကျနော့် ကိုယ်ပိုင် ဘလော့မှာ “ဧရာဝတီကိစ္စ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်” လို့ ရေးထားတဲ့အောက် လာရောက် ဆွေးနွေးနိုင်ပါတယ်။

    http://pyaykaungaung.blogspot.com )

    Comment by ပြည်ကောင်းအောင် — August 23, 2011 @ 12:08 pm

    ReplyDelete
  3. ကျနော့်ရဲ့ facebook တနေရာမှာ ဆွေးနွေးချက်

    ကျနော် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သော မြန်မာနိုင်ငံသား တဦး ဖြစ်ပါ သည်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို သဘောမတူပါ။ အကြောင်းမှာ ( ၁ ) အဲသည် က ထွက်လာမည့် လျှပ်စစ် ( ၉၉% ဟုသိရ ) ကို တရုတ်ဖက်က ရ၍ ကျနော်တို့က မြစ် တခု ကောသွား နိုင်သောကြောင့် န...ှင့် ( ၂ ) တရုတ်လို ကိုလိုနီ နယ်ချဲ့လက်သစ် သိက္ခာမဲ့ “အရင်းရှင်” ( ကွန်မြူနစ် မဟုတ်တော့း)) နိုင်ငံတခုကို မိမိတို့မြေပေါ်မှာ ခြေကုပ်စခန်း မပေးသင့်ဟု ထင်သောကြောင့် ဖြစ်ပါ သည်။ နောင်တချိန် ရေလွှတ်တာ/ ရေစုတာနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အချင်းမများဘူးလို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ ( ၃ ) အကယ်၍ လုပ်ဖြစ်သွားခဲ့လျှင် မြန်မာတမျိုးသားလုံး၏ စိတ်ဓါတ်က “ငါတို့ ဘာမှ မစွမ်းသော၊ နုံချာ သော၊ မိမိတိုင်းပြည်ကို မကာကွယ် နိုင်သော၊ တရား မျှတမှုကို ခံစားခွင့် မရှိသော လူမျိုး” တမျိုးပါကလားဟု သိမ်ငယ်အငုံ့ စိတ် ဝင်သွာမည်လည်း ဖြစ်ပါသည်။ ( ၄ ) တရုတ် မုန်းတီးရေး စိတ် ဓါတ်ဝင်လာနိုင်ပြီး တရုတ် - မြန်မာ လူမျိုးရေး အဓိကရုဏ်း များ ပေါ် ပေါက်လာနိုင်ပါသည်။ ( စင်စစ်ကား တရုတ်နိုင်ငံအစိုးရကို မုန်းရမည့် ဒေါသ ကို မြန်မာပြည်ပေါက် တရုတ်တွေအပေါ် မပုံလိုက်သင့် ဟု သဘောရပါသည်။ မြန်မာ ပြည်ပေါက် တရုတ်တွေကလည်း ( ခင်ဗျား တို့ရဲ့ နောင်ရေးကို မျှော်တွေးပြီး ) ဤ ဧရာဝတီ လှုပ်ရှားမှုထဲ ပါဝင် သင့်ကြသည်ဟု ထင်ပါသည်။ ) အဲသည်လိုသာ မြိုင်မြိုင် ဆိုင်ဆိုင်ကြီး လုပ်နိုင်မည်ဆိုလျှင် ပိုလှသွားပါမည်။ သည် စာမျက်နှာမှာလည်း ကျနော် / ကျမက “တရုတ်လူမျိုး တယောက်ပါ” ဟု ရေးနိုင်ကြပါသည်။ ကျနော်လည်း ကိုယ့် အကြောင်း အနည်းငယ် ပြောခဲ့ပါမည်။ ကျနော် brainwash လုပ်ခံမထားရဟု မိမိကိုယ် မိမိ ယုံကြည်သော “စစ်မှု ထမ်းဟောင်း” တဦး ဖြစ်ပါသည်။

    ReplyDelete
  4. ကျနော့် အမြင်ကတော့ neo-colonialism ဟာ အနောက်ကနေ မလာဘူး။ ကျနော်တို့နဲ့ အနီးကပ်ဆုံး တရုတ်ဆီကနေ လာလိမ့်မယ်။ သူတို့မှာ communist party ကလွဲလို့ communism မရှိတော့ ဘူး။ nationalism ပဲ ရှိတော့တယ်။ အကျင့်သီလမရှိတဲ့ သူတို့ရဲ့ nationalism က ကျနော်တို့ကို အစဉ် ခြိမ်းခြောက် နေလိမ့်မယ်။ ( ဘယ်ပညာရှင်ဆီက မှ ကြားလို့ ပြောတာ မဟုတ်ဘူး။ ကျနော် ကိုယ့် ဖာသာကိုယ် တွေးပြီး ပြောတာပါ။ )
    August 18 at 11:13pm · LikeUnlike · 1 person

    ReplyDelete
  5. my facebook status:

    “ခွေးဖြစ်မည့် နွားများ”။ ။ ဆရာသုမောင်ကို သူ့အဖေဦးသာဓုက ( အရက်ကြောင့် ဒုက္ခရောက် ဦးမည် ဟူသော သဘောဖြင့် ) အဲသည်လို၊ သို့မဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင် ဆဲဖူးသည်ဟု ဆို ပါသည်။ ကျနော်သည် မြန်မာနိုင်ငံသားဖြစ်သဖြင့် တရုတ်က လျှပ်စစ် ၉၉% ရပြီး မိမိဖက်မှ မြစ်တခု တိမ်ကောသွားနိုင်သည့် ကိစ္စကို စိုးရိမ်ခွင့်၊ ရင်နာခွင့် ရှိလေသည်။ တရားမမျှတမှု တခုကို ခံစားသိရှိရန် ကျနော် ပညာရှင် တဦး ဖြစ်ဖို့ မလိုပေ။ အခုတော့ ခွေးဖြစ်မဲ့ နွားတွေက ..း(((
    August 18 at 5:32pm · Like Unlike ·

    my comment:

    ကျနော်တို့ မြန်မာလူမျိုးတချို့ဟာ မဖြစ်သင့်တာတခု “မဖြစ်သင့် ကြောင်း“ ပြောဆိုတဲ့ လူတွေကို “အများယောင်လို့ လိုက်ယောင်သူ” ဆိုပြီး တံဆိပ်ကပ်ကာ အမြင်ကတ်ချင် နေကြတာ / မနာလိုဝန်တိုမှု ရှိနေကြတာကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဥပမာ တခုပြ ရရင် ဧရာဝတီကို အများကချစ်နေကြလို့ ယောင်တောင် ပေါင်တောင်၊ ဝေလေလေ အနေနဲ့ ပဲ ချစ်ချစ်၊ မြစ်ဆုံဆည်က ထွက်လာမဲ့ လျှပ်စစ်ကို တရုတ်က ၉၉% ရပြီးတော့ မြန်မာက မြစ်တခု တိမ်ကောသွားနီုင်တာကို တကယ်ရင်နာလို့၊ မခံစားနိုင်လို့ပဲ ချစ်ချစ်၊ ထင်ပေါ် ချင်လို့ပဲ ချစ်ချစ် ကိုယ့်မြေမှာ ကိုယ်ရမှာမဟုတ်တဲ့ လျှပ်စစ်အတွက် ဆည် မဆောက် စေချင်တဲ့ ကိစ္စဟာ ဘယ်လိုအကြောင်းကြောင့် “ကဲ့ရဲ့ လှောင်ပြောင် မနာလို အမြင်ကတ်” ထိုက်ဖွယ် ကောင်းပါသလဲ။ လူတယောက်ဟာ အဆွယ် ကောင်းလို့၊ ယောင်တောင်ပေါင်တောင်နဲ့၊ ဒါမှ မဟုတ် ထင်ပေါ်ချင်လို့ ပဲဖြစ်ဖြစ် vegetarian ဖြစ် သွားတော့လည်း ကမ္ဘာ မြေရဲ့ အနာဂါတ်အတွက် ဘာမှ မထိခိုက်သလိုပဲ မြန်မာ တယောက်က အခုမှ တရေးနိုးထပြီး သူများတွေ ပြောနေကြသံကြားတာနဲ့ ခါတော်မီ ဧရာဝတီကို ချစ်လာတာပဲ ဖြစ်ဖြစ် အဲဒီလို အခုမှ ချစ်လာတာကို ဘာအပြစ်ပြောစရာ ရှိပါသလဲ ။ psychologists တွေက လူဟာ အုပ်စုသတ္တဝါ ဖြစ်တဲ့ အတွက် အုပ်စုလိုက်မှ ပိုလုပ်ချင်ကြတာ သဘာဝ ပဲလို့ ဆိုကြပါတယ်။ ( စစ်အတွင်းမှာ ဗုံးဒါဏ် ကြောက်ပေမဲ့ ဇရပ်တခု ထဲမှာပဲ စုပြီး နေချင်ကြတာပါ ) ဒီတော့ လူစုလူဝေးနဲ့မှ တခုခု လုပ်ရဲ တာဟာ “သူများယောင်လို့ လိုက်ယောင်တာ မဟုတ်ပါဘူး။ အဲဒါဟာ လူ့သဘာဝ ( သို့မဟုတ်) convergence of common inspirations လို့ ထင်ပါတယ်။ “ကောင်းတာ၊ တရားမျှတ တာ” လုပ်တာကို အမြင်ကတ်တတ်တဲ့ / လှောင်ပြောင်ချင်တတ်တဲ့ လူမျိုး တမျိုး၊ “မကောင်းတာ၊ မမျှတ တာ” မနာတတ်တဲ့ လူမျိုးတမျိုး / လူ့ အဖွဲ့အစည်း တခုဟာ “ကောင်းတာ၊ တရားမျှတတာ” ကို ခံစားရဖို့ နှေးနေပေလိမ့်မယ်လို့ စိတ်မကောင်း ဖြစ်နေမိပါတယ်။း((

    ReplyDelete