Saturday, August 4, 2012

ဘူး သီး တောင် န ယ် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း အ ပို င်း ( ၁ )

About Bengalis ( So-Called-Rohinja )  Told by a Native Buthidaung 

ဘူး သီး တောင် န ယ် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း

  အ ပို င်း ( ၁ )

     ( ဤ ဆောင်းပါးကို ကျနော့်ထက် အင်္ဂလိပ်စာ ကျွမ်းကျင် လိမ်မာသော ဖဘမိတ်ဆွေတဦးဦးအား ဘာသာ ပြန်ဆိုစေလိုသော ဆန္ဒရှိပါသည်။ ထိုသို့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလိုခြင်းမှာ မြန်မာပြည် အနောက်ဖက်စွန်းနေ ဘင်္ဂါလီလူမျိုးတို့၏ အခြေအနေအမှန်ကို တကယ် နဝေတိမ်တောင် ဖြစ်နေ ကြသော၊ သို့မဟုတ် ဖြစ်ယောင်ဆောင် နေကြသော ကမ္ဘာ့နိုင်ငံသားများ ( world citizens ) ၏နားသို့၊ ဘယ်နှစ်နားသို့ ပေါက်ပေါက်၊ ပေါက်စေချင် သောကြောင့် ဖြစ်ပါသည်။ အခြေအနေက ခွင့်ပြုလျှင် ဤဆောင်းပါးကို တိုသွားအောင် တည်းဖြတ်ပြီး၊ ……………………… သို့ပေးပို့လိုပါသည်။ ထို့ကြောင့် ဤဆောင်းပါးထဲတွင် “ဒီကုလားတွေ ( လူဦးရေတသန်းလောက်ရှိ ) ကို မြန်မာပြည်က အကုန်မောင်း ထုတ်ပစ်” ဟူသော လက်တွေ့ အလုပ်မဖြစ်သည့်၊ ဈေးပေါလှသည့် ကြုံးဝါးသံမျိုး ကြားရလိမ့်မည် မဟုတ်ပါ။ 

     ကျနော်တို့ ဘင်္ဂါလီမဟုတ်သော မြန်မာနိုင်ငံသားတွေက ဘင်္ဂါလီ ( ရိုဟင်ဂျာ ) အရေးနှင့် ပတ်သက်၍ လက်တွေ့ အလုပ်ဖြစ်နိုင်သော၊ ပြဿနာကို တကယ်ဖြေရှင်းဖို့ အာရုံစိုက်သော နည်းနာများ ကို မကြံဆ၊ မဆွေးနွေးကြဘဲ အလွယ်ကူဆုံးအလုပ်ဖြစ်သော “ကုလား” ကို ထိုင်ဆဲသည့် အလုပ်ကိုပဲ လုပ်နေကြပါသည်။ ထို့ကြောင့် ဘူးသီးတောင်မြိုနယ်တွင် မွေးဖွားခဲ့သူ၊ ကျနော့်၏ဆွေမျိုး သားချင်း မိသားစုဝင်များအားလုံး ဘူးသီးတောင်မြို့နယ်ထဲမှာပင် လက်ရှိနေထိုင်လျှက်ရှိကြသူ တဦး အနေဖြင့် မနေနိုင်လွန်း၍ ဤဆောင်းပါးကို ရေးပါသည်။ ဤသို့ရေးရာတွင် liberal journalism ၌ အရေးအကြီးဆုံးကျင့်ဝတ်သိက္ခာ ဟုယူဆကြသည့် “သမာသမတ်” ရှိစေခြင်း ( Being unbiased ( Fairness ): the most important ethic/ dignity of journalism ) အလို့ငှာ “ကုလား” တွေကို မဆဲထားသည့်အပြင် သူတို့အပေါ် တော်တော် ကောင်းထားသဖြင့် ကျနော်ကပဲ အဆဲခံရမည်ဟု ထင်ပါသည်။ ထို့ကြောင့် ၁၀၀% လိပ်ပြာသန့်စွာ ကြိုတင်ပြောထားလိုမှာ ကျနော့်ကိုယ်ထဲ၌ ဘင်္ဂါလီ သွေးတစက်မျှ မပါဝင်ပါ ( ၀% )။ ကျနော် ဘင်္ဂါလီတွေနှင့် အကျိုးစီးပွား ပတ်သက် ဆက်နွယ်မှု တပြားသားမျှမရှိပါ ( ၀% )။ ကျနော့်ကို “အသုံးမကျတဲ့ကောင်” ဟုဆဲရေးလိုကြလျှင် အဆဲ ခံရနိုင်မှန်းသိသိနှင့် ( လက်ရှိအချိန်မှာ အများတကာက သဘောကျကြမည် မဟုတ်ဟုသိသိနှင့်) သို့ရာတွင် ယခုအချိန်မှာပြောမှ အကျိုးရှိမည်ထင်သော၊ လူအုပ်ကြီးနှင့်အတူ လိုက်ယောင်တာ မဟုတ်ဘဲ မိမိအမှန်တကယ် ယုံကြည်သောစကားကို သင် လူသိရှင်ကြား ဘယ်နှစ်ကြိမ်လောက် ပြော ခဲ့ပြီးပြီလဲဟု ကိုယ့်ကိုကိုယ် အရင် မေးကြည့်စေချင်ပါကြောင်း။ ) 


********************************************************************
  

၁။  ကျနော် ဘူးသီးတောင်သား ( I am a native Buthidaung )

     ဦးစွာပထမ ကြေငြာထားသင့်သည်မှာ ကျနော်သည် မြန်မာနိုင်ငံ အနောက်ဖက်အစွန်ဆုံး၊ ရခိုင် ပြည်နယ်မြောက်ဖျားဒေသ၊ ဘင်္ဂါလီလူမျိုးတွေ အများအပြားနေထိုင်ရာ ( ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို၏ တရားဝင်ပြောကြားချက်အရ ၉၄% ) ဘူးသီးတောင်မြို့နယ်အတွင်း မွေးဖွား၊ ကြီးပြင်းခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း ဘင်္ဂါလီ ဘာသာ စကားကို အင်္ဂလိပ်ဘာသာစကားထက် ပိုမိုသွက်လက်စွာ ပြောဆိုနိုင်ပါသည်။ တကယ်တော့ ကျနော့်ကို ကကြီး၊ခခွေး မြန်မာသင်ပုန်းကြီး၊ A,B,C,D English Alphabet သင်ပေးခဲ့ကြသူတို့နှင့် (၈)တန်း အောင်သည်အထိ ကျနော့်၏ဆရာများအားလုံးမှာ ဘင်္ဂါလီလူမျိုး ကျောင်းဆရာများချည်း ဖြစ်ပါသည်။ ( ဘင်္ဂါလီ အမျိုးသမီးတွေက အပျိုဖော်ဝင်ပြီးချိန် မှစ၍ သွေးဆုံးချိန်အထိ အိမ်ပြင် မထွက်ရသဖြင့် ဘင်္ဂါလီဆရာမတော့ မရှိခဲ့ဖူးပါ။ ) မူလတန်းမှလွဲ၍ အထက်တန်းအထိ ကျနော့်၏ ကျောင်းနေဖက် အများစုသည်လည်း ဘင်္ဂါလီများသာဖြစ်ကြပါသည်။
 
    
     ကျနော် မွေးဖွား၊ ကြီးပြင်းခဲ့ သောကျေးရွာသည် ဘင်္ဂါလီတွေနေထိုင်ရာ ကျေးရွာများနှင့် ၁-၂ မိုင်ခန့် အကွာအဝေးမျိုး သာရှိပြီး နေ့စဉ် ဈေးရောင်း ဈေးဝယ် အစရှိသော ကူးလူးဆက်ဆံမှုရှိသဖြင့် ကျနော် ဤလူမျိုးတွေအကြောင်းကို သူတို့လောက်နီးပါး သိပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့မီဒီယာနှင့် မူဆလင်ကမ္ဘာတို့က ဂဂနန မသိသေးသော ( သို့တည်းမဟုတ် မသိချင်ယောင် ဆောင်နေကြသော )၊ ကျကျနန လှည့်ဖြားခံနေရသောအချက် အချို့ကို ပြောပြချင်ပါသည်။

     ( ၁ ) ဤလူမျိုး၏အမည်ကို ကျနော် “ဘင်္ဂါလီ” ( လူမျိုး ) ဟု တောက်လျှောက် ရည်ညွှန်းခေါ်ဝေါ် နေခြင်းမှာ ပြည်ပမှ “ရိုဟင်ဂျာ”အရေးလှုပ်ရှားနေကြသည့် ဘင်္ဂါလီနိုင်ငံရေးသမားများမှအပ ဤလူမျိုး ၉၉.၉၉% လောက်က သူတို့၏လူမျိုးအမည်ကို “မူ-ဆူလ် -မန်း” ( Muslim ) သို့မဟုတ် “ဘာ-ငါလ်း” ( ( Bengal = Bengali )  ဟူ၍သာ  ခေါ်ဝေါ်ကြပြီး ဘယ်သူကမှ “ရိုဟင်ဂျာ” ( Rohingya ) ဟု မခေါ်ကြသောကြောင့် ဖြစ်ပါသည်။ ကျနော်ကြုံဖူးသလောက် မေယုမြစ်ဝှမ်းတလျှောက် ( မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ် ) နေ အနောက်ပိုင်းသားဘင်္ဂါလီ ( Westerners ) များက မြောက်ဦး၊ ကျောက်တော်မြို့နယ်လောက်မှစ၍  ရခိုင်ပြည်နယ် အတွင်းဖက်/ အရှေ့ဖက်ခြမ်း နေ ရခိုင်စကားမွှတ်နေအောင် ပြောတတ်သော အရှေ့ပိုင်းသားဘင်္ဂါလီ ( Easterners ) များကို အနည်းငယ် မနှစ်လိုသံဖြင့် ( အမေရိကန်တွေက Southerners ဟုသုံးနှုန်းကြသလို ) “ရိုဟင်ဂျာ” ( ရွင်းဂျား ) ဟူ၍ ခေါ်တတ်လေ့ ရှိကြပါသည်။ 

     ထိုသို့“ရိုဟင်ဂျာ”( ရွင်းဂျား ) ဟူသောစကားလုံးမှာ “အရှေ့ပိုင်းသား” တွေဟု ခွဲခြားပြောလိုမှ သုံးစွဲရသဖြင့် အနောက်ဖက်ခြမ်းနေ ဘင်္ဂါလီများ ယခင်က မိမိကိုယ်မိမိ “ရိုဟင်ဂျာ” ဟု ရည်ညွှန်းလေ့ မရှိကြပါ။ ( ရန်ကုန်သားက ကျနော် “အညာသား” ပါခင်ဗျားဟု သုံးဖို့မဖြစ်နိုင်သလို ဖြစ်ပါသည်။ )  သူတို့သည် ဘာသာတရား အလေးထားသည့်အနေဖြင့် “Mu-sul-man” ( = Muslim ) ဟုအခေါ်ခံ ရသည်ကို ပိုသဘောကျကြပါသည်။ သို့သော်လည်း ယင်းမှာ Buddhist ဆိုသကဲ့သို့ ဘာသာဝင် အမည်သာ ဖြစ်ပြီး လူမျိုးနွယ် ( ethnic group ) အမည် မဟုတ်သေးပါ။ လူမျိုးနွယ်အမည် အဖြစ်ဖြင့် ကား ဤလူမျိုး ၉၉.၉၉% လောက်က သူတို့ကိုယ်သူတို့ “ဘာ-ငါလ် ( Ba-ngal = Bengal/ Bengali ) ဟူ၍သာ ရည်ညွှန်းကြ ပါသည်။ သို့ရာတွင် ထို “ဘာ-ငါလ်” ဟူသောအမည်ကို ရခိုင်နှင့် ဗမာတွေက ခေါ်လေ့ရှိသော “ကုလား” နှင့် အဓိပ္ပါယ်တူညီသည်ဟု ခံစားမိကြပုံတော့ ပေါက် ပါသည်။ တကယ်တော့ သူတို့ကလည်း ရခိုင်လူမျိုးကို “ရခိုင်” ဟုမခေါ်ဘဲ “Magh” ( မောဂ် ) ဟူ၍ သာခေါ်ကြပါသည်။ အဓိပ္ပါယ်ဆိုးဖြင့် ခေါ်ကြတာဖြစ်သော်လည်း ရခိုင်တွေကတော့ ( တရုတ်တွေက “တရုတ်” အခေါ်ခံရလို့ စိတ်မဆိုးသလိုပင် ) စိတ်မဆိုးကြပါ။ 

     အချုပ်အားဖြင့်ပြောရလျှင် “Rohingya” ဟူသော အမည်သည် လူမျိုးနွယ်အမည် / “နာမ်”စစ်စစ် ( ethnic group’s name/ “pure noun” ) မဟုတ်ဘဲ အမျိုးအစားခွဲခြားပြ “နာမဝိသေသန သဘော ဆောင်နာမ်” ( “adjectival noun” ) တခုသာ ဖြစ်ပါသည်။ ဥပမာ၊ Georgian, Southerner တို့သည် လူမျိုးစုအမည်မဟုတ်ဘဲ ထိုသူတို့၏လူမျိုး (နိုင်ငံသား) အမည်မှာ American သာဖြစ် သကဲ့သို့ပင်။ သို့ရာတွင် ယင်းအမည်သည် ယခုတော့ ဘင်္ဂါလီ lobby သမားများ၏ intentionally misled, manipulated and disguised information များဖြင့် မြန်မာပြည်မှဘင်္ဂါလီလူမျိုးအားလုံးကို ခေါ်ဝေါ်သည့် လူမျိုးနွယ်အမည်တခု ဖြစ်လာနေပါသည်။ ကျနော် ဤနေရာတွင် ထောက်ပြချင်သော အချက် ( point ) မှာ “ဘင်္ဂါလီ” ဆိုသောအမည်သည် ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးသော မြန်မာအစိုးရ က အစ္စလမ်ဘာသာဝင် ဘင်္ဂါလီများအား ယခုမှ တီထွင်ခေါ်ဝေါ်သော၊ နှိမ့်ချ၍ခေါ်ဝေါ်သော အမည် မဟုတ်ဘဲ သူတို့ကိုယ်တိုင် ခေါ်ဝေါ်ကြသည့်အတိုင်းနှင့် ဗြိတိသျှကိုလိုနီ အစိုးရကလည်း ၁၈၂၄-ခုနှစ် ရခိုင်ဒေသကို သိမ်းပိုက်ပြီးချိန်မှစ၍ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးချိန်အထိ အငြင်း ပွားမှု တစုံတရာမရှိဘဲ တရားဝင်ခေါ်ဝေါ်ခဲ့သည့် အမည်သာ ဖြစ်ပါသည်။ “Rohingya” ဟူသော လူမျိုးအမည်ကို မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ယူမှုသမိုင်းတွင် မည်သည့်အခါကမျှ မသုံးစွဲခဲ့ ဟုသိရပါသည်။

     လူမျိုးတမျိုးသည် မိမိတို့အခေါ်ခံလိုသည့်အမည်ကို ခိုင်လုံသောသမိုင်းအထောက်အထား၊ အများ စု၏ဆန္ဒ ( ဥပမာ၊ petion ပြုလုပ်ခြင်း ) များဖြင့် နိုင်ငံတော်သို့ တရားဝင် တောင်းဆိုနိုင်ပါသည်။ ( ရခိုင်လူမျိုး ၁၀၀%နှင့် မြန်မာနိုင်ငံသား ၉၀% လောက်က သဘောကျကြမည် မဟုတ်သော် လည်း ) ကျနော့်ရင်ထဲရှိသည့်အတိုင်း ရိုးသားစွာဘက်မလိုက်ဘဲရေးရလျှင် ဘင်္ဂါလီများသည် “မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ကြသူများ” အား နိုင်ငံသားဖြစ်ခွင့်ပြုရန်ကိုပင် ကောင်းမွန်၊ ချိုသာ၊ တရားဝင် အမူအရာဖြင့် တောင်းဆိုနိုင်ပါသေးသည်။ သို့ရာတွင် ယနေ့ လူဖြူအမေရိကန် ( Caucasian Americans) တို့က တိုင်းရင်းသား အမေရိကန် ( Native Americans ) ဟုအခေါ်ခံချင်၍ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်ကပင် အတ္တလန်တစ် သမုဒ္ဒရာကိုသစ်ဖောင်များဖြင့်ဖြတ်ကာ အမေရိကတိုက်သို့ ရောက်ရှိ ခဲ့ကြသည်ဟူ၍ သမိုင်းကိုလိမ်ညာ ဖို့မကြိုးစားကြသကဲ့သို့ပင် So-called Rohingyas တွေကလည်း တိုင်းရင်းသားဖြစ်ရဖို့အရေး အထောက်အထားမခိုင်မလုံနှင့် ကြိုးစားမနေသင့်ဟု ထင်ပါသည်။ အမေ ရိကန်သမ္မတ ( ၄၄ ) ယောက်စလုံး အမေရိကတိုက်၏ တိုင်းရင်းသားများ မဟုတ်ကြပါ။ အမေရိကန် ပြည်ထောင်စု၏ နိုင်ငံသားများသာ ဖြစ်ကြပါသည်။ ဘင်္ဂလီလူမျိုးများ တိုင်းရင်းသား ဖြစ်ထိုက်၊ မဖြစ် ထိုက် နည်းနည်းစဉ်းစားကြည့်ရအောင်..။

     ကျနော်သည် သမိုင်းပညာရှင်သော်၎င်း၊ မည်သည့်ပညာရှင်မှသော်၎င်း မဟုတ်သဖြင့် ဘင်္ဂါလီ လူမျိုး ( Rohingya ဆိုသူ ) တို့၏မူလဇစ်မြစ် ( origin ) ကိုသမိုင်းဆရာတဦးလို မလွဲနိုင်သော သမိုင်းအထောက်အထားများဖြင့် အခိုင်အခံ့ ရှင်းပြနိုင်မည် မဟုတ်ပါ။ ထိုအလုပ်ကို ပြည်တွင်း ပြည်ပမှ သမိုင်းပညာရှင်များ ( အစ္စလမ်ဘာသာဝင်များ အပါအဝင် ) သာဆောင်ရွက်သင့်ကြပါသည်။ ကျနော် တို့ ငြင်းခုန်နေ၍ မပြီးပါ။ သို့ရာတွင် “ဟုတ်ကို ဟုတ်ရမည့်” သမိုင်းဆိုင်ရာ အထောက်အထား ( historical evidences ) များမဟုတ်သော်လည်း Wikipedia တွင် ဖော်ပြထားချက်များကို ကျနော့်၏ conclusion နှင့်ပေါင်းစပ်ထားသော တွေးဆချက် ( assumption ) ကိုကား တွေးကြည့် နိုင်ရုံမျှ ပြောပြလိုပါသည်။

     “ရိုဟင်ဂျာ” ဆိုသောစကားရပ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုး ကွဲပြားကြ သည်။ ( The origin of the term "Rohingya" is disputed. ) လောလောဆယ် ခေတ်စားနေသော အဆိုတရပ်မှာ အဒီ ( ဂ ) ရာစုလောက်တွင် အာရပ်ကုန်သည်များ ရမ်းဗြဲကျွန်း ( Ramree Island ) အနီး၌ သင်္ဘောပျက်၍ ရခိုင်ရှင်ဘုရင်က “သတ်စေ” မိန့်တော်မူရာ အာရပ်တို့က အရဗီဘာသာတွင် “သနားတော်မူပါ” ဟု အဓိပ္ပါယ်ရသည့် “Rahma” ဆိုသောစကားလုံးဖြင့် ငိုယိုတောင်းပန်ခဲ့ ကြသည် ဆိုပါသည်။ ထိုသူတို့ကို “Raham” ဟုခေါ်ရာမှ၊ ကာလရွေ့လျှားလာသောအခါ “Rhohang”၊ ထိုမှ သည် “Rohingya” သို့ တရွေ့ရွေ့ ပြောင်းလာသည်ဟု ဆိုပါသည်။ နောက်ထပ် ရွှေဥာဏ်တော် စူးရောက်လှသော ဆရာတယောက်ကတော့ ရခိုင်ပြည်၏ “မြို့ဟောင်း” ( Mrohaung ) မှသည် (မ)သံ ပျောက်၍ “(M)Rohang”၊ ထိုမှသည် “Rohingya”  ဖြစ်လာသည် ဆိုပါ၏။ ဤသည်တို့မှာ ခိုင်မာသော သမိုင်းအထောက်အထားမျိုးမဟုတ်ဘဲ အလွန်ခနော်နီခနော်နဲ့နိုင်လှသော ပါးစပ်ရာဇဝင် ဆန်ဆန် “ရော်ရမ်းမှန်းဆချက်” များသာ ဖြစ်ပါသည်။ ခိုင်လုံသော အထောက်အထား အနေဖြင့်ကား “Rooinga” ဟူသောအမည်ကို အောက်ပါဆောင်းပါးမှာ ပထမဆုံးတွေ့ရသည်ဟု ဆိုပါ သည်။

     “Arakan history expert Dr. Jacques P. Leider points out that the term Rooinga was used in a late 18th century report published by the British Francis Buchanan-Hamilton. In his 1799 article “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire,” Buchanan-Hamilton stated: "I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan."  

     ထို့ပြင် ရခိုင်ဘုရင်တို့၏ စစ်တကောင်း၊ ဘင်္ဂလားနယ်တို့နှင့်ပတ်သက်မှုကို အောက်ပါအတိုင်း တွေ့ရပါသည်။ မူရင်းအတိုင်း ဖတ်နိုင်ကြစေရန် ကျနော် ဘာသာမပြန်ပြတော့ပါ။ ( ကျနော် တပိုဒ်နှင့် တပိုဒ် ဆီလျှော်သလို ဆက်ထားပါသည်။ ref: http://en.wikipedia.org/wiki/Rohingya_people )

     “The Chittagong region was under the “Vesali kingdom of Arakan” ( ဝေသာလီ ရခိုင့်နိုင်ငံတော် ) in the 6th to 7th century.” 

     “King Narameikhla (1430–1434) of Kingdom of Mrauk U ( မြောက်ဦးဘုရင် နရမိတ်လှ၊ အေဒီ ၁၄၃၀-၁၄၃၄ ) , after 24 years of exile in Bengal, regained control of the Arakanese throne in 1430 with military assistance from the Sultanate of Bengal, the Bengalis who came with him formed their own settlements in the region.”

     “Narameikhla ceded some territory to the Sultan of Bengal and recognized his sovereignty over the areas. In recognition of his kingdom's vassal status, the kings of Arakan received Islamic titles and used the use of Bengali Islamic coinage within the kingdom. Narameikhla minted his own coins with Burmese characters on one side and Persian characters on the other.” 

     ရခိုင်ဘုရင်တွေမှာ အခြေအနေအရ ဤကဲ့သို့ ဘင်္ဂါလီ ဆုလ်တန်စော်ဘွားများနှင့် ဆက်သွယ် ပတ်သက်ရမှု၊ ဘင်္ဂါလီ ကျေးတော်မျိုးကျွန်တော်မျိုးတို့အား သူကောင်းပြုရမှုများ ရှိပါသည်။ ဘင်္ဂါလီ ဘွဲ့အမည် ယူသော်လည်း ရခိုင်ပြည့်ရှင် မှန်သမျှ ဗုဒ္ဓဘာသာဝင်များချည်းဟု ထင်ပါသည်။ ကျနော် ကောင်းစွာ မသိသော်လည်း ရခိုင်ပြည်ကို ဘင်္ဂါလီ ဘုရင် အုပ်ချုပ်သည်ဟု မကြားဖူးသောကြောင့် ဖြစ်ပါသည်။ ဤသူတို့သည် ရခိုင်ဒေသသို့ ပထမဦးဆုံး ဝင်ရောက်လာခဲ့သော ဘင်္ဂါလီ migrants တွေဖြစ် နိုင်ပါသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဖက်နေ ထို ရှေးဦးဘင်္ဂါလီများကို “ရိုဟင်ဂျာ”( ရွင်းဂျား ) ဟု ခေါ်နိုင်ပါလိမ့်မည်။ သူတို့သည် “နိုင်ငံသား” အဆင့်အတန်း ( citizenship ) လည်းရရှိထားကြပြီး ဖြစ်မည်ဟု ထင်ပါသည်။ နိုင်ငံသား ပေးလည်း ပေးထိုက်ပါသည်။ အေဒီ ၁၈၂၃ မတိုင်မီကတည်းက ရောက်နှင့်နေကြသော ဤဘင်္ဂါလီ ( ရိုဟင်ဂျာ ) migrants တွေကို တိုင်းရင်းသားဟု ခေါ်ထိုက်၊ မခေါ်ထိုက်ကတော့ ကျနော် မှတ်ချက်မပေးချင်ပါ ( ဥာဏ်မမီတော့ပါး)။
   
     
    
     “Narameikhla's successors occupied Ramu in 1437, and Chittagong in 1459. After the defeat of Mahmud Shah in the hands of Sher Shah in 1538, the Arakanese Kingdom of Mrauk U regained Chittagong, and from this time onward, until its conquest by the Mughals (မဂိုဘုရင်များ), this region was under the control of the Portuguese and the Magh  irates (a notorious name for Arakanese) for 128 years.” 

     “Following the Burmese conquest of Arakan in 1785, as many as 35,000 Arakanese people fled to the neighboring Chittagong region of British Bengal in 1799 to avoid Burmese persecution and seek protection from British India. The Burmese rulers executed thousands of Arakanese men and deported a considerable portion of the Arakanese population to central Burma, leaving Arakan as a scarcely populated area by the time the British occupied it.”

British colonial rule

     “Therefore, British policy encouraged Bengali inhabitants from adjacent regions to migrate into fertile valleys of Arakan as agriculturalists. The East India Company extended the Bengal administration to Arakan, thus there was no international boundary between Bengal and Arakan, and no restrictions on migration between the regions. In the early 19th century, thousands of Bengalis from the Chittagong region settled in Arakan seeking work opportunities”.

     “The British census of 1891 reported 58,255 Muslims in Arakan. By 1911, the Muslim population had increased to 178,647.  ( Aye Chan 2005, p. 401 - ၁၈၉၁ တွင် ဗြိတိသျှ အစိုးရကကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် မူဆလင်ဦးရေ ၅ သောင်းကျော် သာ ရှိခဲ့ပါသည်။ ၂၀ နှစ်အကြာ ၁၉၁၁ တွင် ၁ သိန်း ၇ သောင်းကျော် အထိတိုးလာခဲ့ပါသည်။ ယခု ဘင်္ဂလီလူမျိုးဦးရေ ( ၈ ) သိန်းနှင့် ( ၁ ) သန်းကြားရှိမည်ဟု ခန့်မှန်းရပါသည်။ ) The waves of migration were primarily due to the requirement of cheap labor from British India to work in the paddy fields. Immigrants from Bengal, mainly from the Chittagong region, "moved en masse into western townships of Arakan". To be sure, Indian immigration to Burma was a nationwide phenomenon, not just restricted to Arakan. Historian Thant Myint-U writes: "At the beginning of the 20th century, Indians were arriving in Burma at the rate of no less than a quarter million per year. The numbers rose steadily until the peak year of 1927, immigration reached 480,000 people, with Rangoon exceeding New York City as the greatest immigration port in the world. This was out of a total population of only 13 million; it was equivalent to the United Kingdom today taking 2 million people a year." The Burmese under the British rule felt helpless, and reacted with a "racism that combined feelings of superiority and fear." 

     သမိုင်းကျမ်းစာအုပ်များကို ဖတ်ဖို့လက်လှမ်းမမီသဖြင့် Wikipedia ဖတ်ပြီး ကျနော့်၏သုံးသပ်ချက် ကိုပြောပြရလျှင် အာရပ်ကုန်သည်တွေ သင်္ဘောပျက်၍ ရခိုင်ရှင်ဘုရင်က အသက် ချမ်းသာခွင့်နှင့် နေရာထိုင်ခင်းပေးခဲ့သည် ဆိုသည်မှာ မှန်နိုင်ပါသည်။ ( ဗျတ်ဝိ၊ ဗျတ္တ ညီနောင်တွေများလား )။ ဒါပေမဲ့ သင်္ဘောတစီးပျက်ရုံဖြင့် တိုင်းရင်းသားလူမျိုးတမျိုး တိုးပွားလာဖို့အကြောင်း ( ဆင်ခြေ ) သည် သိပ် လက်ခံနိုင်ဖွယ်မရှိချေ။ ယခင် သက်ဦးဆံပိုင် ဘုရင်များခေတ်ကတမင်းကို တမင်း  စစ်ကူပေးသည့် ကိစ္စတွေ ရှိခဲ့တာလည်း မှန်နိုင်ပါသည်။ ဒါပေမဲ့ ဘိုးတော်ဘုရားလက်ထက် အေဒီ ၁၇၈၄ ခုနှစ်တွင်  ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် ရခိုင်လူမျိုး ၃၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည် ဆိုရာ မြောက်ဦး၊ ကျောက်တော်တဝိုက်တွင် အခြေကျနေကြသူ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များလည်း ပါဝင်ခဲ့ကြဖွယ် ရှိသည်။ ဘကြီးတော်မင်းလက်ထက် မဟာဗန္ဓုလစစ်သူကြီး ရခိုင်သို့စစ်ချီစဉ် ကလည်း ရခိုင်လူမျိုးများ အဖိတ်အစဉ် အတော်များခဲ့သည်ဟု သိရသဖြင့် ၁၅ ရာစုလောက် ကတည်းက ရောက်နေခဲ့သည်ဟုချည်း တွင်တွင်ပြောနေကြသော “ရိုဟင်ဂျာ” သမိုင်းဆရာများ အေဒီ ၁၈၂၃ အရောက်မှာ ရခိုင်ပြည်တွင် ဘင်္ဂါလီ ( ရိုဟင်ဂျာ ) ဦးရေ ဘယ်လောက် ကျန်နေသေးသလဲဟု စစ်ဆေးကြည့်သင့်ကြလေသည်။ ကျနော်ကတော့ သမိုင်းဆရာ မဟုတ်သဖြင့် မသိပါ။
     
     ယခု ဤလူမျိုးတွေ ဘယ်ကလာသလဲဆိုတာ သဲလွန်စ ရလိုရငြား ကျနော်တို့၏ အနောက်ဖက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ တချက်ငဲ့စောင်းကြည့်ကြရအောင်။ Bangladesh ၏ အဓိပ္ပါယ်သည် ( Land/ Country of Bengal ) ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုသည့် ဘာသာစကားနှင့် သူတို့၏ လူမျိုးနွယ်ကို “Bengal/ Bengali” ဟုခေါ်ကြပါသည်။ ကျနော်တို့ဆီက ဘင်္ဂါလီ ( so-called Rohingya) တွေပြောဆိုကြသည့် ဘာသာစကားသည်လည်း ထူးထူးခြားခြား တိုက်ဆိုင်စွာပင် Southern Chittagonians တွေပြောဆိုကြသည့် Bengali စကားနှင့် ချွတ်စွတ်နီးပါး တူညီနေပါသည်။ အညာသားနှင့် ရန်ကုန်သား လေယူလေသိမ်း ( dialect )၊ တချို့အသုံးအနှုန်း ကွာသလောက်သာ ကွာပါသည်။ ထို့ကြောင့် ကျနော်တို့ မြန်မာနိုင်ငံက ( အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့များမှ ) ဘင်္ဂါလီလူမျိုးများသည် ဘင်္ဂလားဒေ့ရှ်မှဘင်္ဂါလီ များနှင့်မျိုးနွယ်တူ၊ ဗြိတိသျှကိုလိုနီပြုမှု နောက်ပိုင်း ( ၁၈၂၃ နောက်ပိုင်း ) တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည် ဟူသောအဆိုကို ကျနော် ပိုထောက်ခံပါသည်။ 

     ( ၂ ) ဘင်္ဂါလီလူမျိုးတို့သည် မြန်မာနိုင်ငံအနောက်ခြမ်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုမြစ်ဝှမ်း တလျှောက်တွင် လူနည်းစု ( minority ) များ မဟုတ်ကြပါ။ “လူများစု ( majority ) များသာဖြစ်ကြ ပါသည်။ သူတို့၏ လူဦးရေတိုးပွားနှုန်းက အလွန်လျှင်မြန်သဖြင့် ယခု ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဘင်္ဂါလီနှင့် ရခိုင်လူဦးရေ အချိုးအစားမှာ 94: 06 ဖြစ်ပါသည်။ ရသေ့တောင် မြို့နယ်၏ demographic data ကို မသိရသော်လည်း ဘင်္ဂါလီနှင့်ရခိုင်လူမျိုး အချိုးအစား 70:30 လောက် ရှိမည်ဟု ခန့်မှန်းရပါသည်။ စစ်တွေမှာတော့ ဘင်္ဂါလီနှင့် ရခိုင်ဦးရေ အကြမ်းအားဖြင့် 40:60 လောက် ရှိသည်ဟု ဆိုပါသည်။ သို့ရာတွင် ဘင်္ဂါလီ ( lobby သမား )များ ကိုယ်တိုင်နှင့် ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့မီဒီယာနှင့် မူဆလင်ကမ္ဘာက သူတို့ကို လူနည်းစု ( minority ) ဟုချည်း ပဲရည်ညွှန်းသုံးစွဲနေကြပါသည်။ တကယ်မသိကြလို့လား၊ သိလျှက်နှင့် တမင်သုံးစွဲနေကြတာလားဟု ထင်မှားဖွယ် ဖြစ်ပါသည်။ ထိုသို့ “minority” ကို တာဝန်မဲ့သုံးစွဲသဖြင့် ဗုဒ္ဓဘာသာ ဝင်လူများစုတို့က မူဆလင်ဘာသာဝင် လူနည်းစုကို ဘာသာရေးစစ်ပွဲဆင်နွှဲနေဟန် အထင်ရောက်စေပါသည်။
    
    
     ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဘင်္ဂါလီ ဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို ဥပမာပေး ပြောကြားခဲ့ပြီး ဦးရွှေရောက်ဒူလာတွင် မိန်းမ လေးဦး၊ သားနှင့်သမီး ၂၈ ဦး၊ မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိကြောင်းနှင့် မွေးဖွားနှုန်းကို ဖော်ပြရန် "စကားလုံး ရှာလို့ မရနိုင်ကြောင်း" ပြောကြားခဲ့သည်။ ( ၃၀ ဇူလိုင် ၂၀၁၂ )

http://news-eleven.com/index.php?option=com_content&view=article&id=14792:2012-07-30-13-24-51&catid=42:2009-11-10-07-36-59&Itemid=112

     ရခိုင်လူမျိုးများသည် တပြည်နယ်လုံးတွင်သာ လူများစုဖြစ်ပါသည်။ ဘင်္ဂါလီတွေက သူတို့ မူဆလင်တွေကိုသတ်ဖြတ်ပြီး စုပုံထားသည်ဆိုသည့် လုပ်ကြံ၊ လီဆယ်ထားသောဓါတ်ပုံများကို၎င်း၊ အသတ်ခံရသည်ဆိုသော မဟုတ်မမှန်၊ ယုတ္တိမတန်သည့် ကိန်းဂဏန်းကို၎င်း ဖြန့်နေကြပါသည်။ နိုင်ငံတကာကလည်း သူတို့ကို သံယောင်လိုက်ကာ “Rohingya minorty” တွေကိုလူသားချင်းစာနာ ကြပါ ဟုချည်း တွန်းပြောနေကြ ပါသည်။ ဘူးသီးတောင်၊ မောင်တော မြို့နယ်ထဲက လူဦးရေ၏ ၆% မျှသာရှိ သော ရခိုင်လူနည်းစု ( minority ) တို့၏ အရေးအကြီးဆုံး လူ့အခွင့်အရေး ဖြစ်သည့် “အသက်ခန္ဓာ လုံခြုံမှု” ကိုကား ယောင်၍မျှပါးစပ်မဟကြပေ။  

     ဒုတိယအကြိမ် ဘက်မလိုက်ဘဲရေးရလျှင် တောင်ကုတ်မြို့နယ်မှာ ရခိုင်လူဦးရေက အများစု ( majority ) ဖြစ်ပြီး ရခိုင်လူမျိုး ( ဖြစ်ဟန်ရှိသူ ) တွေက တောင်ကုတ်ကားလမ်းပေါ်မှာ လူအုပ်ဖြင့် ပိတ်ဆို့ကာ ဘင်္ဂါလီ လူမျိုးဆယ်ဦးကို သတ်ဖြတ်ခဲ့ခြင်းကတော့ အလွန်အရုပ်ဆိုးသော majority က minority ကို အနိုင်ကျင့်မှု ဖြစ်ပါသည်။ ထိုအပြုအမူကို ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်မသက် မသာ ဖြစ်ခဲ့ဟန်ရှိပြီး “ဒါ တရားဥပဒေမစိုးမိုးတာပဲ” ဟု ပြောခဲ့ပါသည်။ ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံသား အများစုက ဤ ရခိုင်-ဘင်္ဂါလီအကြမ်းဖက်မှုအပေါ် သူမ တစုံတရာ ဖြန်ဖြေ ပြောဆို သည်ကို ကြားလိုကြ သော်လည်း သူမက အားလုံး၏စိတ်ကွက်မှုကိုခံယူ၍ ရေငုံနှုတ်ပိတ်နေခဲ့ပါသည်။ ကျနော့်အနေဖြင့် လည်း ကျနော်တို့၏ “ဒီမိုကရေစီ အနာဂါတ်ခရီး” အတွက် သူမကို တိုင်းပြည်က၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတိုင်းက အထူးချစ်ခင်နေဖို့ လိုအပ်သည်ဟု ယုံကြည်သဖြင့် အများနည်းတူ သူမကို တစုံတရာ ဝင်ပြောစေလိုခဲ့သော်လည်း ဘာမှမပြောခဲ့သည့်အတွက် သူမ၏ “ပွဲလန့်တုန်း ဖျာမခင်းတတ်မှု၊ နိုင်ငံရေးအမြတ်မထုတ်တတ်မှု” ကိုတော့ အံဘွယ်ဘနန်း မြင်လိုက် ရပါသည်။ 

     ဤပွဲမှာ အကြီးအကျယ် နိုင်ငံရေး အမြတ်ထွက်သွားသူကတော့ သမ္မတကြီးဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့ ( ဝန်ကြီးအချို့ ) ဖြစ်ပါသည်။ ကျနော်သည် သမ္မတကြီးကို ထောက်ခံ အကောင်းမြင်သူ တဦးသာဖြစ်ပြီး၊ တချို့လူတွေလို သူဘာလုပ်လုပ်အပြစ်ပြောဖို့ စောင့်နေသူမဟုတ်ပါ။သို့နှင့်ပင် လည်း ယခုလူတွေက အထူးသဖြင့် ရခိုင်လူမျိုးတွေက အုံးအုံးကြွက်ကြွက် ထောက်ခံနေကြသော  UNHCR ကော်မရှင်နာမင်းကြီးကို သမ္မတကြီးပြောလိုက်သည့်စကားကို သူ တကယ် ထိုသို့လက်တွေ့ လုပ်နိုင်လိမ့်မည်ဟု ယုံကြည်၍ပြောခဲ့သည်ဟု ကျနော်မယုံကြည်မိပါ။ သမ္မတ တယောက်အနေနှင့် UNHCR က ထိုသို့လုပ်ပေးဖို့ မဖြစ်နိုင်သည်ကို သူ မသိမဟုတ်၊ သိပြီးဖြစ်ပါလိမ့် မည်။ ထိုသို့ သိလျှက်နှင့်ပင် ( ညှာညှာတာတာ တွေးပေးရလျှင် ) ရခိုင်တွေက “ဗမာလက်အောက်မှာ မနေဘူး၊ အခု Federal Union လောက်နဲ့ မကျေနပ်နိုင်တော့ဘူး။ Independence ပဲ လိုချင်တယ် ဟု အသံထွက် လာကြ၍ ဇာတိပုည ဂုဏ်မာန ထက်သန်လွန်းသည့် ရခိုင်လူမျိုးတွေကို နှစ်သိမ့်သည့် အနေဖြင့် သော်၎င်း၊ ( မညှာမတာ တွေးပေးရလျှင် ) ဒေါ်စုက “မူသမား ( person of principle ) တယောက် ဖြစ်သည်နှင့်အညီ အကြောင်းတခုခုရှိ၍ ( ဥပမာ၊ တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုကို ကိုယ့်ဖက်က လွန်သည်ထင်၍ ) ရခိုင်-ဘင်္ဂါလီပဋိပက္ခတွင် ဘာမှဝင်မပြောသာဘဲ ရှိနေရာ၊ ရခိုင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံသား ၉၀% လောက်က အားမလို အားမရ၊ မကျေမနပ် ဖြစ်နေကြခိုက်  သူ့သမ္မတသက်တမ်း အတွင်း ရခိုင်ပြည်နယ်၏ ထောက်ခံမှုကို ရယူလို၍၎င်း ပြောခဲ့သည်ဟု ယူဆပါသည်။
    
     တောင်ကုတ် ကားလမ်းလူသတ်မှုသည် မူဆလင်လူငယ် ( ၃ ) ဦးက ရခိုင်လူမျိုးမိန်းမပျိုတဦးကို ပစ္စည်းလုယက်၊ မုဒိန်းကျင့်ရုံဖြင့် အားမရသေးဘဲ ဓါးဖြင့်သတ်ဖြတ်ခဲ့ကြသည်ကို ဒေါသထွက်နေသော လူအုပ်ကြီးက စိတ်မထိန်းနိုင်ဘဲ ပြုမူခဲ့ကြခြင်းဖြစ်ပြီး မျိုးချစ်စိတ်အစွန်းရောက်သော၊ ကိစ္စရပ်များကို ပုဂ္ဂိုလ် တဦးချင်း၊ ကိစ္စတခုချင်း အနေနှင့် ရှုမြင်ကျင့်မရှိဘဲ ( not being taken individually, but taken in a race/ group ) အုပ်စုအနေဖြင့် ရှုမြင်တတ်လေ့ရှိသူတို့များသည့် ( အထူးသဖြင့် ဆင်းရဲသော ) နိုင်ငံတွေမှာ၊ တရားဥပဒေစိုးမိုးမှု မကောင်းသည့် ( အထူးသဖြင့် အာဏာရှင်တွေ ကြာရှည် အုပ်ချုပ်ခဲ့ သည့် ) နိုင်ငံတွေမှာ ဖြစ်တတ်လေ့ရှိသည့် အဖြစ်အပျက်မျိုးသာ ဖြစ်ပါသည်။ 

     ထိုသတင်းကိုကြားရ၍ သည်ဖက်အခြမ်းမှာ ဘင်္ဂါလီ ( majority ) တို့က ရခိုင် ( minority ) တို့ကို ဂလဲ့စားချေသည့်အနေဖြင့် ဦးစွာ တိုက်ခိုက် ( သတ်ဖြတ်၊ နေအိမ်မီးရှို့ ) လာခဲ့ကြ ခြင်းသာ ဖြစ်ပြီး၊ ဗုဒ္ဓ ဘာသာဝင်ရခိုင်တွေက အစ္စလမ်ဘာသာဝင် ဘင်္ဂါလီတွေကို စတင် တိုက်ခိုက် ခဲ့ကြတာ မဟုတ်ပါ။ မြန်မာစစ်တပ် ကလည်း အထက်အမိန့်ရလျှင် ၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များကိုပင်“သင်္ကန်းဝတ်” များဟုဆိုကာ ပစ်ခတ်ခဲ့ဖူးသော်လည်း ယခုတကြိမ် ( အစိုးရသစ်၊ ကာကွယ်ရေး ဦးစီးချုပ်သစ်လက်ထက် ) တွင်တော့ ထူးထူးခြားခြား သဘောကောင်းကာ လချီကြာသော အဓိကရုဏ်းတခုလုံး အတွင်း ချီတက်လာကြသော လူအုပ်ထဲ သို့ သေနတ်မပစ်ဖောက်ခဲ့ပါ။ စဉ်းစားကြည့်ကြရအောင်။ စစ်တပ်က သေနတ်ဖြင့်မပစ်ဘဲ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေလို ဘင်္ဂါလီတွေ လူများစုဖြစ်သည့် မြို့နယ်တွေမှာ မူဆလင် ထောင်သောင်းချီ အသက်ဆုံးရှုံး နိုင်ပါမည်လား။ 

     သို့ရာတွင် ဘင်္ဂါလီနိုင်ငံရေးသမားတွေက ( တရားဥပဒေ စိုးမိုးမှု မရှိခြင်းပြဿနာဟု ရှုမြင်အပ်သော တောင်ကုတ်တိုက်ခိုက်မှုမှအပ ) ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီများဖက်ကသာ စတင်တိုက်ခိုက် ခဲ့ကြသည်ကို “ဗုဒ္ဓဘာသာဝင်များ၏ လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် အဆမတန် ပုံကြီးချဲ့ခဲ့ကြပါသည်။ တကယ်တော့ ၃၀-၇-၂၀၁၂ သတင်းစာ ရှင်းလင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး၏ တရားဝင် ပြောကြားချက်အရ အဓိကရုဏ်းအတွင်း ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး၊ ၁၁၂ ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ကို( ဤသတင်းကို ယုံပါသည် )  “ဘင်္ဂါလီတွေ ထောင်ချီသေကြခဲ့ရသည်” ဟု သတင်းတွေကို ကပြောင်းကပြန် ပုံဖျက်ခဲ့ကြလေသည်။ 


ဖတ်ရတာ ကြိုက်သေးလျှင် အပိုင်း ( ၂ ) ကို စောင့်ဖတ်ပါ။ ကျနော် ခဏ နားပါဦးမည်။

ဘူး သီး တောင် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း

အ ပို င်း ( ၂ )

ပြ ည်ေ ကာ င်းေ အာ င်

၂။     သူတို့ ဘာကြောင့် “ရိုဟင်ဂျာ” ဖြစ်ချင်ကြသနည်း။ ( Why Do They Want To Be Rohingyas ? ) 

၃။     ပတ်သက်သူများ အားလုံးသို့ အကြံပြုခြင်း ( Suggestions to All Concerning Parties )


Saturday, April 7, 2012

ကောင်းတာတွေကို ယူသော် မကောင်းလော့.. ( ၃ )

( ဟိုရောက် သည်ရောက် အလ္လာပစကား။ ။ ကျနော် ဤ “ကောင်းတာတွေကို ယူသော် မကောင်းလော့” စီးရီစ်းကို အနည်းဆုံး အမှတ်စဉ် ( ၁၀ ) လောက်အထိ ရေးမည်ဟု မူလက စိတ်ကူးထားခဲ့ပါသည်။ ထိုသို့ ရေး ချင်သည်မှာ ကျနော်က “မြန်မာပြည်မှာ ဟောဒီလိုဖြစ်နေပါတယ်ဗျို့။ အဲဒီလိုဖြစ်နေတာ ဘာကောင်းသလဲဗျာ” လို့ ပြောတာလောက်ထက် “အဲဒီလိုဖြစ်နေတာကို ဟောဒီလိုလုပ်ရင်ကောင်းမလား ညီကို မောင်နှမတို့” ဟုအကြံပြုတာက ပို၍အသုံးကျမည်ဟု ထင်မိသောကြောင့် တကြောင်း ပါပါသည်။ ထို့ပြင် ကိုယ့်မိတ်ဆွေတွေကိုလည်း ကိုယ့်နိုင်ငံ ကောင်းတဲ့လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းဖို့ တာစူ၊ နိုင်ငံတကာကို လှမ်းမျှော်ကြည့်နေချိန်မှာ ကိုယ်က ဘာမှ ကိုယ်ထိလက်ရောက် သွားမကူညီနိုင်လျှင်တောင် မိမိ ပြည်ပတိုင်းပြည်တွေကိုရောက်နေလို့ သိလာတဲ့ သူတို့ ဆီက “အလွယ်နည်း” “အကောင်းနည်း” တွေကို အချင်းချင်းဖလှယ်၊ တယောက်တလက် အကောင်းတွန်း တွန်းကြစေချင်သဖြင့် ကိုယ်တိုင် စလုပ်ကြည့်သည့် သဘောဖြစ်ပါသည်။ တနည်းအားဖြင့်ပြောရလျှင် ဥာဏ်ရည် မနိမ့်ကြသော အပြည်ပြည် အရပ်ရပ်က ကျနော်တို့ ညီကိုမောင်နှမ တွေကို “Pessimism လောက်မှာချည်းပဲ ရပ်မနေကြပါနှင့်။ Let’s build up sustainable better foundations required for an ethical/ moral/ intelligent open society  in our motherland in the view of constructive optimism” ဟု တိုက်တွန်းလိုသောကြောင့် ဖြစ်ပါသည်။ ( မြန်မာလို ရေးလိုက်လျှင် ဆရာလုပ်ချင်သည့်လေသံ ထင်းနေနိုင်သောကြောင့် tone လျှော့ထားတာသာ ဖြစ်ပါသည်း))

     ကျနော် ဟိုတနေ့က ဖဘပေါ်မှာတစုံတယောက်က “NLD ပါတီက ၄၃ နေရာနိုင်လည်း အလကားပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်လို့ ပြောနေတာလည်း ပါးစပ်ပါလို့ ပြောနေတာပဲ။ ၂၀၁၅ မှာ ၇၅% နိုင်ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်လိမ့်မှာ မဟုတ်ဘူး” ဟု ပညာရှင်ဂိုက်မျိုးနှင့် ဆန်းစစ်ပြထားသော post တခုကို ဖတ်မိပါသည်။ ကျနော့်အမြင်မှာ “ဒါဟာအလကားပဲ” ဟုသူထင်နေလျှင် ဒါထက်ပိုကောင်းသော လက်တွေ့ကျ သည့်အစီအမံ/ အကြံပြုချက်တခုကို NLD ( ဒေါ်အောင်ဆန်းစုကြည် ) နှင့် ကျနော်တို့အား သူပြောပြနိုင်ရ ပါမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥဏ်ရည်ကြီးသည့်၊ နှလုံးမြတ်သည့် မိခင်တဦးပမာ အားကိုးတကြီးနှင့် တစုံတရာ အကြံပြုကြသည်ကို ကျနော်လည်း ကြားချင်ပါသည်။ ဒါပေမဲ့ အခုထိတော့ ဒေါ်အောင်ဆန်း စုကြည်ကို ရန်သူပမာအငြှိုးတကြီးနှင့် ရန်ပြုကြသည့် post တွေနှင့် ( တချို့လူတွေက ပိုလွန်းရန်ကောဟု အမြင်ကတ်လောက်အောင် ) ချီးကျူးကြည်ညိုကြသည့် post တွေကိုသာ တွေ့နေရပါသေးသည်။ အပြုသဘောဖြင့် နှိုင်းနှိုင်းချိန်ချိန်၊ အကြောင်းသင့်၊ အကျိုးသင့် တစုံတရာ အကြံပြုသော post မျိုး သိပ်မတွေ့မိဖူးသေးပါ။ ဆက်ရသော် ထိုပိုစ့်ထဲမှာ “ထို့ကြောင့် NLD ဘာလုပ်သင့်တာလဲ” ဟု ထိုသူ က အဆိုပြုချက်တခုခုကို တိတိကျကျ ဘာမှအကြံမပြုထားပါ။ ထို့ကြောင့်ထိုသူကို တတ်ယောင်ကားလုပ်ချင်တဲ့ ၄ ပေလောက် သာ မြင့်သော လူစဉ်မမီသည့် ဂျပု တယောက်အဖြစ်သာ ကျနော် မြင်မိလေသည်။ ကိစ္စရပ် တခုကို ယခုထက် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်သေးသည်ဟု မညွှန်ပြနိုင်ပါဘဲနှင့် သူတပါးကို ဆရာ မလုပ်သင့်ဟု ထင်ပါသည်။  သူပြောသလိုသာဆိုလျှင် ဘာမှ ဖြစ်လာမည် မဟုတ်သဖြင့် ဘာမှမလုပ်ဘဲ ထိုင် နေကြရုံသာရှိလေသည်။ ကျနော်က “ထို့ကြောင့် ဒါကိုလုပ်သင့်သည်” ဟု recommendation မပေးနိုင်သော ဘယ်ပညာရှင်၏ စာတမ်း ကိုမှ တောင် read-worthy ဖြစ်သည် မထင်လှချေ။ ပညာရှင်ဆိုလျှင် A better strategy to a better outcome ကို ကျနော်တို့လူပြိန်းတွေကို လမ်းညွှန် ပြနိုင်ရပါမည်။ ထို့အတူ ပညာရှင်မဟုတ်စေကာမူ တစုံတယောက်က သူကောင်းသည်လို့ ထင်မိတာကို ဘာကြောင့် ပိုကောင်းသည်ထင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်လျှင် ရေးသူက လည်း ရေးထိုက်၊ ဖတ်သူကလည်း ဖတ်ကြည့်ထိုက်သည်ဟု ထင်မိပါသည်။ သဘောတူ တာ မတူတာက တကိစ္စပေ။ ထို့ကြောင့် ကျနော်တို့တတွေ ဖဘမှာ တစုံတရာ အကြောင်းသင့်၊ အကျိုးသင့် ပြောဖြစ်ကြလျှင် ယင်းသို့ ပြောကြဆိုကြခြင်းသည် အကျိုးမဲ့၊ အချည်းနှီး၊ အလကားထိုင်ပွားနေခြင်း ဟု ကျနော်ကတော့ မထင်မိပါ။ ဥပမာ၊ ကျနော် Tag လေ့ရှိသော၊ ကျနော့်ကို Tag လေ့ရှိသော friends list ထဲမှာ မြန်မာပြည်က ( အငြိမ်းစား စစ်အရာရှိကြီး ဖြစ်ဟန်ရှိသူ ) လက်ရှိ ညွှန်ကြားရေးမှူးချုပ်တဦးလည်း ပါဝင်နေသည်ကို ကျနော် မနေ့ကမှ သိပါသည်။ ဤ ဖဘ ကွန်ရက်ထဲမှာ ထိုသို့ အလွှာစုံမှ ပုဂ္ဂိုလ်များ ပါဝင် နေကြပါသည်။ ကျနော်တို့ ပြောကြ ဆိုကြတာတွေထဲမှာ တိုင်းပြည် အတွက် ထားသည့် စေတနာတွေ တကယ်ပါခဲ့ရိုးမှန်လျှင် ထိုစေတနာကို မြင်သူကမြင်ပြီး၊ ယူသုံးကြည့်သူကလည်း သုံးကြည့်ကြပါလိမ့်မည်။ ဤသို့ဖြင့် ယခင်က ခက်နေသော ကိစ္စရပ်များ လွယ်ကူသက်သာ လာခဲ့လျှင် ဖြစ်စေ၊ စောင်းနေသော အရာတခု ပြန်လည်တည့်မတ်လာခဲ့လျှင် ဖြစ်စေ ကျနော်တို့တတွေ ( ပွားနေကြတာ ဖြစ်လျှင်ပင် ) ပွားရကျိုးနပ်သည်ဟုသာ ဆိုရပေတော့မည်။ Facebook သည် middle-class Myanmar community အတွက် The most powerful and rapidly-inspirational citizen journalism တရပ်ဖြစ်လာ ခဲ့ပြီဟု ကျနော် ( ကိုယ့်သဘောနှင့်ကိုယ် ) ထင်ပါသည်။ ပညာရှင်တို့၏ attitude research တွေ၊ ဘာတွေ တော့ မတွေ့မိသေးပါ။ နောင်အခါ ကျနော်တို့တိုင်းပြည်က တက္ကသိုလ်တွေ၊ သတင်းစာတိုက်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေက သည် စစ်တမ်းကောက်သည့်အလုပ်ကို လုပ်လာကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

     အမေရိကန်စာရေးဆရာ Henry David Thoreau ၏ လက်ဦးဆရာ၊ American Transcendentalism ၏ ပြောရေးဆိုခွင်ရှိသူ  Ralph Waldo Emerson က “လူသည် အမှန်တရားကိုသိဖို့ သင်ယူနေစရာမလို၊ မွေးရာပါဗီဇအားဖြင့် သိခြင်းသာ ဖြစ်သည်။ အလင်းရောင်ကို သိဖို့ တကူးတကန့် သင်ယူနေစရာ မလိုသကဲ့သို့တည်း” ဟု ရေးဖူပါသည်။ So learned people, Emerson concluded, enjoyed no special advantage in pursuing truth. All persons can glimpse the truth by simply trusting the promptings of their hearts. ဟုလည်းဆိုပါသည်။ ကျနော်လည်း နဂိုကပင် အဲသည်လို ယုံကြည်သူဖြစ်၍ ဤ series ကို ရေးချင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ယခု ကျနော် မှန်းထားသလောက်၊ ( ၁၀ ) ပုဒ်လောက်ထိ ရေးနိုင်မည် မထင်တော့ပါ။ ယခု စာသင်ရာသီ ( spring semester ) တွင် ကျနော် “State and Local Government” နှင့် “Peace and Conflict” ဆိုသော Political Science နှစ်ဘာသာကို ယူထားမိရာ သည်မြို့၏ current political/ social issue တခုခုအပေါ်အခြေခံလျှက် Field Reports, Case Study နှင့် Class Project စတာတွေကို လုပ်ရမည်ဟု ဆိုပါသည်။ State and Local Government ဘာသာရပ်အတွက် Class Study လုပ်ထားသော ကျောင်းသားဟောင်း တယောက်၏စာတမ်းကို ဆရာက ကျောင်းသားတိုင်းကို လက်ဆင့်ကမ်းကြည့်ရှုစေရာ Senator, Company Executive, Mayor တို့နှင့် Interview လုပ်ထားပြီး A-4 နှင့် ( ၁၈ ) မျက်နှာခန့် ရှိသည်ကို တွေ့ရပါသည်။ Field Report အတွက်လည်း City Council Meeting စသည့် လူထုနှင့်အစိုးရ ဆက်နွယ်နေသည့် အစည်းအဝေးတွေကို သွားတက်ပြီး မြင်ရသည့် မြင်ကွင်း/အတွေ့အကြုံကို ရေးပြထား ကြတာကို တွေ့ပါသည်။ ကျနော့် အင်္ဂလိပ်စာမှာ ဖလန်းဖလန်း ထနိုင်လောက်အောင် ကောင်းလှသည် မဟုတ် သဖြင့် နည်းနည်းတော့ စိတ်လေးနေမိပါသည်။ ထိုသို့ demanding and time-consuming ဖြစ်လှသည့် ကျောင်းစာတဖက်နှင့်မို့ ဤ Post ကိုရေးပြီး၊ နောက်ထပ် ၂ လလောက် သည် series ကို ထပ်ရေးနိုင်ဖွယ် မရှိကြောင်း အသိပေးလိုက်ရပါသည်။ )
…………………………………………………………………………………………………………………………………………

အမေရိကန် ပြည်ထောင်စု၏ လူမှုဖူလုံရေးစနစ် ( Social Security )

     အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Franklin D. Roosevelt ( ပထမသက်တမ်း ) လက်ထက် ၁၉၃၅ ခု ဩဂုတ်လ ၁၄ ရက်နေ့မှာ  President's Committee on Economic Security က မူကြမ်းရေးဆွဲခဲ့တဲ့ The Social Security Act ကို သမ္မတက လက်မှတ်ရေးထိုးပြီး အတည် ပြုခဲ့တယ်လို့ သိရပါတယ်။ အမေရိကမှာ ၁၉၃၀ တဝိုက် စီးပွားပျက်ကပ် ဆိုက်တော့ senior citizens ( ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေ ) ရဲ့ ၅၀% လောက်အထိ ဆင်းရဲမွဲတေမှု စံနှုန်းအောက်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကူအညီ လိုအပ်တဲ့သက်ကြီးရွယ်အိုတွေလို အမေရိကန်နိုင်ငံသားတွေရဲ့ ဘဝအာမခံချက်နဲ့ လုံခြုံမှုကို ပေးဖို့ ဒီအက် ဥပဒေကို ပြဌာန်းခဲ့တာလို့ သိရပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ ဒီဥပဒေထဲကို Medicare, Medicaid နဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒီအက်ဥပဒေအရ ဖွဲ့စည်းထားတဲ့ ( Social Security Administration ) ဟာ မေရီလင်းပြည်နယ် ဘောလ်တီမိုးမြို့ ( Woodlawn ) မှာ ဋ္ဌာနချုပ်ရှိပြီး လူမှုဖူလုံရေး ( social welfare ) နဲ့ လူမှုဘဝအာမခံ ( social insurance ) လုပ်ငန်းဆောင်တာများကို အဓိကအားဖြင့် လုပ်ဆောင်ပါတယ်။ ဒီ အက်ဥပဒေကို အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုအခါမှာတော့ ဒီအက်ဥဒေအရ အငြိမ်းစားများ ( retirees )၊ သက်ကြီးရွယ်အိုများ ( senior citizens )၊ မသန်စွမ်းသူများ ( the disabled )၊ အလုပ်လက်မဲ့များ ( the unemployed )၊ မုဆိုးမနှင့် ကလေးသူငယ်များ ( widows and children ) စတဲ့ အကူအညီ လိုအပ်သူများ ကို ထောက်ပံ့ကြည့်ရှုတဲ့ ဋ္ဌာနကြီးတခု ဖြစ်လာပါတယ်။

     Social Security is a social insurance program that is primarily funded through dedicated payroll taxes called Federal Insurance Contributions Act tax (FICA). လို့ ဆိုတဲ့အတွက် ဒီဋ္ဌာနကြီးဟာ အမေရိကတခွင်လုံးက အလုပ်လုပ်တဲ့လူတိုင်း ( အစိုးရ / ပုဂ္ဂလိက ) ဆီက လစာထုတ်ပေးစဉ် FICA ဥပဒေအရ အလုပ်သမားတွေနဲ့ အလုပ်ရှင်ဆီက ရတဲ့ အခွန်ငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဖက်ဒရယ် အစိုးရက Subsidise ( အရှုံးခံ ထောက်ပံ ) တာ ရှိမရှိတော့ ကျနော် သေချာ မသိပါ။ ဒီ Social Security ဌာနဟာ U.S မှာ အကြီးဆုံး လူမှုဘဝ အာမခံစနစ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အမေရိကန် အစိုးရ အသုံးစရိတ်ရဲ့ ၃၇% နဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး ( Gross Domestic Product: GDP ) စုစုပေါင်း ရဲ့ ၇% ရှိခဲ့တယ်လို့ ဆိုပါတယ်။ အောက်ပါစာရင်းက ဒီ Social Security Administration ရဲ့ နှစ်အလိုက် အသုံးစရိတ် ဖြစ်ပါတယ်။

     ခုနှစ် -   ခံစားသူဦးရေ -  ဒေါ်လာ ..
    1937 – 53,236 –        $1,278,000
    1938 – 213,670 –       $10,478,000
    1939 – 174,839 –       $13,896,000
    1940 – 222,488 –       $35,000,000
    1950 – 3,477,243 –     $961,000,000
    1960 – 14,844,589 –   $11,245,000,000
    1970 – 26,228,629 –   $31,863,000,000
    1980 – 35,584,955 – $120,511,000,000
    1990 – 39,832,125 – $247,796,000,000
    1995 – 43,387,259 – $332,553,000,000
    1996 – 43,736,836 – $347,088,000,000
    1997 – 43,971,086 – $361,970,000,000
    1998 – 44,245,731 – $374,990,000,000
    1999 – 44,595,624 – $385,768,000,000
    2000 – 45,414,794 – $407,644,000,000
    2001 – 45,877,506 – $431,949,000,000
    2002 – 46,444,317 – $453,746,000,000
    2003 – 47,038,486 – $470,778,000,000
    2004 – 47,687,693 – $493,263,000,000
    2005 – 48,434,436 – $520,748,000,000
    2006 – 49,122,624 – $546,238,000,000
    2007 – 49,864,838 – $584,939,000,000
    2008 – 50,898,244 – $615,344,000,000

     ( အဲဒီတော့ ၂၀၀၈ ခုနှစ်မှာ Social Security benefits ခံစားသူ ဦးရေသန်း ( ၅၀ ) ကျော် ရှိပြီး၊ သုံးစွဲရငွေ ပေါင်းက ဒေါ်လာသန်းပေါင်း ၆ သိန်းကျော် ရှိခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီ အချက်အလက်တွေနဲ့ ကိန်းဂဏန်း တွေက ဒီကနေ  http://en.wikipedia.org/wiki/Social_Security_%28United_States%29 ကိုးကားထား တာပါ။ ) အခု Website တွေကို မကိုးကားတော့ဘဲ ကျနော့် လက်တွေ့ အတွေ့အကြုံကိုပဲ အရပ်ပြော ပြောပြပါတော့မယ်။ )

SSN ( Social Security Number )

     ဒီနံပါတ်ကို ၁၂၃ - ၄၅ - ၆၇၈၉ ပုံစံနဲ့ရေးလေ့ရှိကြပြီး အမေရိကမှာ တရားဝင် နေထိုင်သူတို့ရဲ့ ဂဏန်း ( ၉ ) လုံးပါ ကိုယ်ပိုင်နံပါတ် ( သို့မဟုတ် ) မှတ်ပုံတင်နံပါတ် ဖြစ်ပါတယ်။ SSN card ရဖို့အတွက် Permanent Resident ဖြစ်ဖို့မလိုဘဲ US ကို legally ဝင်လာဖို့ပဲလိုပါတယ်။ ကျောင်းတက်ရင်၊ အလုပ်လုပ်ရင်၊ Foodstamp  ( ပြည်နယ်အစိုးရမှ ထောက်ပံ့ကျခံသော အစားအစာဝယ်ယူခွင့်ကဒ်ပြား) လျှောက်ချင်ရင်၊ medical insuarance လျှောက်ချင်ရင် ဒီ SSN နံပါတ် လိုအပ်ပါတယ်။ Mexicans တွေဟာ ထိုင်းနိုင်ငံထဲကို ကျနော်တို့ မြန်မာတွေ ခိုးဝင်သွားတတ်ကြသလို illegal migrants တွေအဖြစ်နဲ့ U.S ကို ဝင်ရောက်လာကြသူတွေ  များလို့ သူတို့မှာ ဒီနံပါတ် မရှိတတ်ကြပါဘူး။ ဒါကြောင့် သူတို့ဟာ အပေါ်မှာပြောခဲ့တဲ့ ( တရားဝင်ရောက်လာ သူတို့ရတဲ့ ) Foodstamp ရခွင့်၊ ဆေးကုသခွင့်၊ တရားဝင် အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးကောင်း ဆုံးရှုံးနေနိုင်ပါတယ်။ ကျနော် ဆက်စပ်တွေးကြည့်မိတာသာ ဖြစ်ပြီး သေချာမသိပါ။ သူတို့က စပိန်စကားပြောကြပြီး စပိန်ဘာသာစကားဟာ အမေရိကမှာဒုတိယရုံးသုံးဘာသာစကားတခုသဖွယ် အသုံးတွင် ကျယ်လှပါတယ်။ ၂၀၅၀ လောက်မှာ သူတို့ ဦးရေက အခု ဒုတိယအများဆုံး အမည်းလူဦးရေကို ကျော်ပြီး ဒုတိယ အများဆုံးဖြစ်လာကြလိမ့်မယ်လို့လည်းခန့်မှန်းကြာပါတယ်။ ဒီနိုင်ငံမှာ ရုံးစာတွေကိုတော့  အင်္ဂလိပ်လို ရေးပေမဲ့ ဘတ်စ်ကား၊ ရထားတွေပေါ်မှာ “ယခုရောက်မဲ့ မှတ်တိုင်က ဘာမှတ်တိုင်ဖြစ်ပါတယ်” ဆိုတာမျိုး ကိုတော့ အင်္ဂလိပ်စကား၊ စပိန်စကား ဒီနှစ်မျိုးနဲ့ကြေညာပေးတာပါ။ ကုန်ပစ္စည်း ( ဥပမာ၊ ကွန်ပြူတာ၊ တီဗီ ) တခုရဲ့ manual ကိုလည်း အင်္ဂလိပ်၊ စပိန် နှစ်ဘာသာနဲ့ ရေးပေးထားလို့ သူတို့အဖို့ အင်္ဂလိပ်စကား မတတ် လည်း အလုပ်ဖြစ်နေကြပါတယ်။ ဒါကြောင့်သူတို့ဟာ အာရှသားတွေလောက် အင်္ဂလိပ်စကား မတတ်ကြပါဘူး။

     SSN အကြောင်း ဆက်ရရင် SSN ဟာ လူတယောက်ရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ပါတယ်။ ဒါကြောင့် လူတယောက် အလုပ်မရှိလို့ unemployment benefit နဲ့ Foodstamp benefit ခံစားနေရာက အခန့်သင့်လို့အလုပ်ရသွားပြီဆိုရင် ဒီလူတယောက် အလုပ်ရသွားပြီမှန်းသူတို့သိပါတယ်။ အဲဒီတော့ အခု အလုပ်ရနေပြီမို့ ခင်ဗျားရဲ့ foodstamp benefit ကို ရပ်စဲလိုက်ပါကြောင်း ဆိုပြီးတော့ စာရောက်လာပါတယ်။ ကျနော် တခါတုန်းက ကားမောင်းသင်မယ် ဆိုပြီးတော့ $ 1800 နဲ့ အနီရောင် Ford ကားတစီး ဝယ်ဖူးပါတယ်။ အမောင်းစသင်တဲ့နေ့မှာပဲ သစ်ပင်တပင် ဝင်တိုက်မိလို့ နည်းနည်းလန့်သွားပြီး အခုထိ ကားမောင်းသင်ဖို့ ထပ် မကြိုးစားမိတော့ပါဘူး။ အဲဒီကားကိုလည်း နည်းနည်းလောက် ပြင်ပြီး ပြန်ရောင်းလိုက်ပါတယ်။ တခါသားမှာတော့ Credit Card ကုမ္ပဏီ တခုကလားမသိဘူး။ ကျနော့်ကို ဖုန်းပေါ်မှာ အင်တာဗျူတော့ “US မှာ property တခုခု ပိုင်ဆိုင်ဖူးသလား” လို့ မေးပါတယ်။ ကျနော်က “ဟင့်အင်း.. ဘာမှ မပိုင်ဖူးပါဘူး” လို့ ဖြေ လိုက်မိတော့ “ကားတစီး လောက်များ မပိုင်ဖူးဘူးလား.. အဲဒီကား အရောင်က ဘာလဲ” လို့ မေးလာပါတယ်။ အဲဒီတော့မှ ကျနော်က “ဩော်.. သတိရပြီ.. အနီရောင်ပါ” လို့ ဖြေလိုက်ရပါတယ်။ အခုထိလည်း ကျနော်က ကားပိုင်ရှင် စာရင်းပေါက်နေသေးတယ် ထင်တယ်။ တခါတရံ ကျနော့်ဆီကို “ခင်ဗျားလို ဘာပြသနာမှ မပေါ်တဲ့ ဒရိုင်ဘာကောင်း တယောက်ကို ကျုပ်တို့ ယုံတယ်” ဘာညာနဲ့ စာတွေ လာနေတတ်သေးတုန်းပါ။ ဟင်း..ဟင်း၊ ဒီမှာ သစ်ပင်ဝင်တိုက်ထားတာ သူတို့ မသိကြဘူး..း))

     ဒီလောက်အရေးကြီးတဲ့ နံပါတ်ကို ခေတ်မီလှချည်ရဲ့ဆိုတဲ့နိုင်ငံမှာ ထုတ်ပေးထားပုံက တော်တော် ချာတူး လန်ပါတယ်။ ကာယကံရှင်ရဲ့ ဓါတ်ပုံလည်း မပါဘဲ visiting card အရွယ်စက္ကူပေါ်မှာ ကိုယ့်နာမည်ကို ရိုက်ပေး ထားတာလောက်မျှသာ ဖြစ်ပါတယ်။ စက္ကူက visiting card လိုထူထူထဲထဲ၊ လှတပတကတ်ထူစက္ကူ မဟုတ်ပါဘူး။ အရည်အသွေးခပ်ညံ့ညံ့ ရိုးရိုး စက္ကူပါး လေးပါ။ ပြည်နယ်က ထုတ်ပေးတဲ့ ID အကြောင်း ပိုစ့် ( ၂ ) မှာ ရေးခဲ့ပြီးပါပြီ။ အဲဒီ State ID တွေကမှ ကိုယ့်ဓါတ်ပုံ အသားကပ်နဲ့ Bank ATM card တွေလို ပလပ်စတစ်ကဒ် တွေ ဖြစ်ပါတယ်။ State ID က ကိုယ့် ဓါတ်ပုံ ပါတာကြောင့် photo ID လို့ခေါ်ပြီး မိမိသည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အကောင်းဆုံး အထောက်အထား ဖြစ်ပါတယ်။

     ကျနော် ကုလားကားလို ပေရှည်နေတာနဲ့ အဓိက ပြောချင်တဲ့အပိုင်းက အခုမှ ရောက်တော့တယ်။ ကျနော်ကတော့ "မသန်စွမ်းသူ တယောက် ဖြစ်တယ်" ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ အမေရိကန်ပြည်ထောင်စု U.S. Treasury general funds ( ဖက်ဒရယ် အစိုးရ  ဘဏ္ဍာရေး ဝန်ကြီးဌာန ရံပုံငွေ ) ထဲက အခု ၂၀၁၂ နောက်ဆုံးနှုံးထားအရ  Supplemental Security Income ( SSI လို့ ခေါ်တယ် ) တလ $ 698 ရရှိပါတယ်။ ( ဒါက အိမ်ငှားခနဲ့ အဝတ်အစားဖိုး၊ အင်တာနက်ခ၊ ဖုန်းခ စတဲ့ အသုံးစရိတ်အတွက်ဖြစ်ပြီး၊ အစားအသောက် အတွက်ကို တော့ မိမိနေထိုင်ရာပြည်နယ် အစိုးရက Foodstamp benefit card ကလေး တခု ထုတ်ပေးထားပါတယ်။ တယောက်နဲ့တယောက် အိမ်လခ၊ လူဦးရေနဲ့ ဝင်ငွေတွေမတူလို့ ဟိုလူနဲ့ဒီလူ ရတာချင်း သိပ်မတူပါဘူး။ ကျနော်ကတော့ $ 182/ month ရပါတယ်။ ဒီငွေက နေ့တိုင်းအသားစားနိုင်လောက်အောင် လုံလုံလောက်လောက် ရှိပါ တယ်။ ဒီတော့ ကျနော် တလမှာ စုစုပေါင်း $ 698 + $ 182 = $ 880 ရတဲ့သဘောပါ။ ) ဒီ SSI အစီအစဉ်ကိုတော့ ၁၉၇၄ မှာ စတင်ခဲ့တာပါတဲ့။ ဒီငွေကို အပေါ်မှာ ပြောခဲ့တဲ့  Social Security fund ထဲက ပေးတာမဟုတ်ပေမဲ့ သူတို့က လူအားစိုက်ပြီး ကျနော်တို့ ဘဏ်စာရင်းထဲကို လစဉ် လဆန်း( ၁ ) ရက်နေ့မနက်မှာ အဲဒီငွေရောက်နေအောင် လုပ်ပေးကြပါတယ်။ ဒီနိုင်ငံမှာ အလုပ် လုပ်နေတုန်း မစွမ်းမသန် ဖြစ်တဲ့ လူတွေကတော့ Social Security Disability Benefits ခေါင်းစဉ်နဲ့ အဲဒီ Social Security Trust Fund တွေထဲက ရကြတာပါ။ သူတို့က မစွမ်းမသန်ပင်စင်သဘောမို့ ပင်စင်က ကျနော်တို့ထက် များကြမယ် လို့ ထင်မိပါတယ်။

     ကျနော်တို့ SSI စားတဲ့ အုပ်စုကတော့ အရင်က ပုဂ္ဂလိကအလုပ်ကော၊ အစိုးရအလုပ်ကော လုပ်ချင်မှလုပ်ခဲ့ဖူးမှာ ဖြစ်တဲ့ လပ်လျား လပ်လျားအုပ်စုပါ။ ပြောချင်တာက SSI အုပ်စုဟာ The group of needy people ဖြစ်ပြီး အလုပ်လုပ်ဖူးသလား ဆိုတဲ့ basis အပေါ် မှာ အခြေမခံပါဘူး။ ငါတို့ မကယ်ရင် သေဖွယ် ရှိတယ် ဆိုတဲ့ humanitarian basis နဲ့သာ ထောက်ပံ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ သား မဟုတ်တဲ့သူကို ( ၇ ) ထိပဲ ထောက်ပံ့ပါတယ်။ ဥပမာ၊ ကျနော် ဒီမှာ ၅ နှစ်ကျော်လို့လည်း နိုင်ငံသား မလျှောက်၊ မလျှောက်လို့ Citizen မဖြစ်လာသေးရင် ( ၇ ) နှစ်ကျော်ရင် လစဉ်ထောက်ပံ့နေတာကို ရပ်စဲမှာ ဖြစ်ပါတယ်။ ကျနော်တို့အုပ်စု မှာ မသန်စွမ်းသူများ၊ အသက် ၆၅ နှစ်ကျော်ပြီးသူများ ( သူတို့  သက်ကြီးဝါကြီး ပုဂ္ဂိုလ်အနေနဲ့ပဲ စဉ်းစားပါတယ်။ အလုပ်လုပ်ခဲ့ဖူးတာ၊ မလုပ်ခဲ့ဖူးတာကို ထည့် မစဉ်းစားပါ။ )၊ မျက်စိအာရုံကွယ်သူများ၊ ၁၈ နှစ်အောက် အလုပ် မလုပ် နိုင်သေးမီ အကူအညီ လိုအပ်သူများ ပါဝင်ပါတယ်။ အဲဒီလို SSI benefits ခံစား နေကြတဲ့ လူဦးရေဟာ (၈) သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ သူတို့အစိုးရက ဒီလောက် ကောင်းနေပါလျှက် နဲ့တောင် ဘာလို့များ US မှာ homeless, beggars တွေကိုလည်း တွေ့နေရသေးတာလဲ ဆိုတာကိုတော့ ကျနော် မရှင်းပြတတ်တော့ပါဘူး။ ဒီလူတွေက ဆေးတွေဘာတွေချပြီး SSN နဲ့ ခြေရာခံလို့ရတဲ့ အလုပ်ရာဇဝင်၊ credit ရာဇဝင် လုံးဝမကောင်းတော့တဲ့ ပြသနာ လို့ထင်မိပါတယ်။   

Beneficiaries by age
Age 65 or older -           2,051,848 persons
Between ages 18 – 64 -  4,691,651 persons
Under age 18 -              1,258,533 persons
……………………………………………………………
Total Beneficiaries:          8,002,032 persons

Year - Beneficiaries  -   Dollars
1974 -3,996,064 -  $5,096,813,000
1975 - 4,314,275 - $5,716,072,000
1980 - 4,142,017 - $7,714,640,000
1985 - 4,138,021 - $10,749,938,000
1990 - 4,817,127 - $16,132,959,000
1991 - 5,118,470 - $17,95,639,000
1992 - 5,566,189 - $21,682,410,000
1993 - 5,984,330 - $23,991,153,000
1994 - 6,295,786 - $25,291,087,000
1995 - 6,514,134 - $27,037,280,000
1996 - 6,613,718 - $28,252,474,000
1997 - 6,494,985 - $28,370,568,000
1998 - 6,566,069 - $29,408,208,000
1999 - 6,556,634 - $30,106,132,000
2000 - 6,601,686 - $30,671,699,000
2001 - 6,688,489 - $32,165,856,000
2002 - 6,787,857 - $33,718,999,000
2003 - 6,902,364 - $34,693,278,000
2004 - 6,987,845 - $36,065,358,000
2005 - 7,113,879 - $37,235,000,000
2006 - 7,235,583 - $38,889,000,000
2007 - 7,359,525 - $41,205,000,000
2008 - 7,520,501 - $43,040,000,000
2009 - 7,676,686 - $44,906,000,000

     နိဂုံးချုပ် ပြောချင်တာက ကျနော်တို့ မြန်မာပြည်မှာလည်းပဲ ချမ်းသာတဲ့ နိုင်ငံတွေမှာလောက်မဟုတ်တောင် အနည်းဆုံး တောင်းရမ်း စားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေ၊ မစွမ်းမသန်တွေ (  အစိုးရ ဝန်ထမ်း ဖြစ်ဖူးဖို့ မလို ) ၊ လူမယ်ကလေးတွေကို ဆန်ရေ စပါးပေါလျှံကြွယ်ဝတဲ့ ကျနော်တို့တိုင်းပြည်မှာ ထမင်းတလုတ်စားရဖို့အရေး သိပ်မခက်ခဲရ အောင် တာဝန်ရှိ သူတွေက စောင့်ရှောက်ကြစေချင်တာပါ။ ကောင်းတာ၊ သက်တောင့်သက်သာ ရှိတာ၊ နိုင်ငံသားတွေ ကို ထွေးပိုက်ကြင်နာ၊ လူလို သူလို ဆက်ဆံတာတွေ ကိုတော့ဖြင့်  သူများဆီ မှာ တွေ့ လည်း ယူသင့်တာပဲ မဟုတ်ပါလား.. ။

Wednesday, April 4, 2012

ရွှေရောင်လူ * တို့၏ အံ့ဖွယ်ဘနန်း Citizen Journalism

(ရွှေရောင်လူ* ။ ။ ဖဘမိတ်ဆွေ Ain Chann Myay ( မလေး ) ၏ကိုယ်ပိုင်စကားလုံး ဖြစ်ပါသည်။ ထိုစကား လုံးကို ကြိုက်နှစ်သက် လှသဖြင့် ( သူမအားအသိမပေးရသေးဘဲ ) သူမ၏ post တခုမှ ခိုးယူသုံးစွဲထားပါသည်။ ယခုမလေးကို tag ရင်း တလက်စတည်း အဲသည် စကားလုံးကို သုံးစွဲခွင့်ပြုပါဟု လေးစားစွာ ခွင့်တောင်းလိုက်ပါ သည်။ Citizen Journalism အကြောင်းကို အတည်ပေါက် ရေးထားတာမဟုတ်ပါ။ ကျနော် တခါမျှမရေးဖူးသည့် satire တပုဒ် ရင်ထဲသို့တိုးဝင်လာသည့်အခိုက် ဖမ်းဆုပ်ထား လိုက်ပြီး ပြန်ချရေးကြည့်မိခြင်းသာ ဖြစ်ပါသည်။း)

     ရွှေရောင်လူ “ဦးက” ကား တခါတရံ အသောက်အစား ဖက်တတ်သော ခေတ်ဆွေး လူပျိုကြီး ဖြစ်လေ သည်။ မှန်ရာကို ဝန်ခံရသော် သူသည် လူပျိုကြီးတို့ထုံးစံအတိုင်း အလွန်ချမ်းမြေ့သာယာ ရှိမည်ဟု ထင်ရသော kind-hearted, sweet and intelligent ဖြစ်လှစွာသော ချစ်လှစွာသောဇနီးနှင့် cute, clever and intelligent ဖြစ်လှစွာသော ချစ်စရာ့သားသမီး ၂-၃ ယောက်လောက်ဖြင့် ကျစ်ကျစ်လျစ်လျစ်၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော် ရွှင်ရွှင်ရှိမည့် မိသားစုဘဝတခုကို လွန်စွာမှပင် လိုချင်တောင့်တ ပိုင်ဆိုင်ချင်လှ၏။  တကယ့်အပြင်လောက က မိသားစုဘဝတခုသည် သူ့စိတ်ကူးထဲက မိသားစုဘဝလောက် heaven-like, unique မဖြစ်မည်ကို သူသိပါ သည်။ သို့ပင်ဖြစ်စေကာမူ ဤသို့ heaven-like, unique မဟုတ်ကောင်း မဟုတ်နိုင်သော မိသားစုတခုကိုပင် သူလိုချင်၊ ပိုင်ချင်သည်မှာ သူ့အသက်တနှစ် ကြီးလာလေ ( လူ့ဘဝမှာ နေရဖို့သက်တမ်း တနှစ်လျော့လာ လေဖြစ်သဖြင့် ) ပိုမိုဆိုးရွားပြင်းထန်လာလေ၊ ပို၍ဒီဂရီတိုးလာလေ ဖြစ်နေလေသည်။ အသက် တရိပ်ရိပ်ကြီး လာနေသည်ကို အထိတ်တလန့် ဖြစ်စွာဖြင့်  မိန်းမလိုချင်သောရောဂါ ပိုတိုး၊ ပြင်းထန်၊ ကြီးထွားလာနေသည်ကို သူရှက်တက်တက်ဖြစ်မိသော်လည်း ဒါက “သူ့အလွန်မဟုတ်၊ အခြားယောက်ျားတို့လည်း မိန်းမတယောက်၏ ကိုယ်ထိလက်ရောက် ပါဝင်ကူညီမှုကို သူတို့ဘဝတွင် လိုအပ်ကြမြဲ၊ လိုချင်ကြမြဲသာ ဖြစ်သည်။ ယခု သူလည်း ထိုအရာကို လူသားဆန်စွာ လိုချင် ခြင်းမျှတည်း။ စင်စစ်ကား ဤအချင်းအရာသည် မိန်းမထု၏ “မာတုဂါမ” ( မာတု=မိခင် + ဂါမ= မျိုးနွယ်) ဖြစ်မှုကို ချီးမြှောက်ပူဇော်ခြင်းသာလျှင်တည်း” ဟု မိန်းမထုအပေါ် သူတကယ် ထားရှိအပ်သော စေတနာ၊ မေတ္တာ ဗရပွဖြင့် သူဆင်ခြေပေးလေ့ ရှိလေသည်။   

     ထို့ပြင် ဘယ်တုန်းက သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်မသိသော သူ့ ကိုယ်ပိုင်အတွေးအခေါ် တရပ် ( ဘယ်ပညာရှိကမှ အဲသည်လိုပြောသည်လို့မကြားစဖူးသဖြင့် ) မှာ ဤသို့ဖြစ်သည်။ “ယောက်ျားတို့ သည် မိန်းမထုကို ကိုယ့်ယောက်ျားထုကိုထက် ပို၍ကြင်နာ၊ ပို၍သက်ညှာ၊ ပို၍စေတနာ မေတ္တာပွား၊ ပို၍တန်ဖိုးထားရန် တာဝန်ရှိ သည်။ ယင်းတာဝန်သည် သဘာဝတရား၏အလိုတော် ( An arrangement of the Nature or the Universe ) အတိုင်းဖြစ်သည်။ ထို့အတူ မိန်းမထုသည်လည်း ယောက်ျားထုကို မိမိတို့မိန်းမထုထက် ပို၍ ကြင်နာ၊ ပို၍ သက်ညှာ၊ ပို၍စေတနာ မေတ္တာပွား၊ ပို၍တန်ဖိုးထားရန် ဝတ္တရားရှိသည်။ သို့မှသာ ဤစကြာဝဠာ၊ ဤကမ္ဘာ၊ ဤလူသားမျိုးနွယ်သည် မပျောက်မသုဉ်းဘဲ ဆက်လက်စည်ပင်၊ တိုးတက်နေပေမည်” ဟူ၏။ ( ရစ်ပတ်နှောင်တွယ်သော လောကီကိုပယ်ရှောင်၍ တရားရိပ်သာစခန်းဝင်လျှက် နိဗ္ဗာန်ကို အမြန်ဆုံးမျက်မှောက် ပြုလိုကြသူများကား သူ့အယူကို ရှုတ်ချကြဖွယ် ရှိသည်။ သူ့ case တခုတည်းအတွက် ကွက်၍ပြောရသော် သူကား ( သည်လောက် လိုချင်လောဘများနေမှတော့ ) မြတ်နိဗ္ဗာန်ကို ရက်တိုတိုနှင့်ရောက်လွယ်၊ ရလွယ်မည် မဟုတ်၊ နိဗ္ဗာန်စခန်းအတွက် သူဤဘဝမှာတော့ eligible မဖြစ်သေးသည်ကိုကိုယ့်အကြောင်းကိုယ် ကောင်းစွာ သိသဖြင့် နိဗ္ဗာန်သို့ အမြန်ရောက်ရေးကိစ္စကို လက်လျှော့ထားလိုက်ကာ သဘာဝတရား၏ အလိုတော်အတိုင်း အလိုက်သင့်၊ အလျားသင့် နေထိုင်သွားရန် သာ စိတ်ကိုဖြေလျှော့ထားသူ ဖြစ်လေသည်။ သူ့အမြင်မှာ သဘာဝ တရားက အံ့ချီးဖွယ် unique ဖြစ်လှသဖြင့် သဘာဝတရား အတိုင်း နေထိုင်တာ သိပ်အဆိုးကြီး ဆိုးမည့်ပုံမရှိ ဟု အယူရှိသူလည်း ဖြစ်သည်။  သူ၏ ဇီးစေ့လောက် ဦးနှောက်နှင့် အကြောင်းခြင်းရာတခုသည် “သဘာဝတရား ( Nature: In his opinion, touchable traits of either God or Law of Karma ) နှင့်ကိုက်ညီလျှင်မှန်သည်” ဟုယူဆထားရာ သူ မိန်းမမရဖူးသဖြင့်၊ သားသမီးမရှိဖူးသဖြင့် ထိုအရာတို့ကို သူ ( နွားလိုမဟုတ်ဘဲ လူလို) လိုချင် တောင့်တမိခြင်းသည် အပြစ် ( sin ) မဟုတ်ဟု ယူဆလေသည်။ ( နိဗ္ဗာန်သွားရာလမ်းတွင်ကား ထို အရာတို့သည် ခလုတ်ကန်သင်း ဖြစ်နိုင်သည်ကို သူ သဘောတူပါသည်။ သို့ရာတွင် သူကား နိဗ္ဗာန်သွားဖို့ လောလောဆယ် အစီအစဉ် မရှိသေးပါ။ သဘာဝတရားက sponsor လုပ်ပြီး ပို့ပေးတော့မှပဲ သွားတော့မည်ဟု စိတ်ကူးထားလေသည်။ သဘာဝတရားက ကျုပ်ကို  ဒီလောက ထဲ ခေါ်ယူလာခဲ့တာပဲ။ သူပဲ အဆုံးတနေ့မှာ သင့်တော်ရာနေရာ တခုကို ပြန်ပို့ရမှာပေါ့ ဟု အရွဲ့တိုက်ပြီး လောကထဲမှာ နေနေသော ကျွန်ုပ်တို့၏ လူပျိုကြီးပေ ..သူ့အဖို့ ယောက်ျား ( မောင်/ အကို ) က မိန်းမ ( သူ့နှမ/ အစ်မ) ကို မြတ်နိုးချစ်ခင်ခြင်းသည် ရိုးရိုးပင်ဖြစ်စေ၊ ဆန်းဆန်းပင်ဖြစ်စေ၊ ဘယ်ရှုထောင့်က ကြည့်ကြည့် မမှားပေ..း))   
  
     သို့ရာတွင် သူကသာ မိန်းမထုကို ထိုကဲ့သို့ ညွတ်နူးကြည်ညိုစွာ မေတ္တာတွေ၊ တန်ဖိုးတွေ စွတ် ထားနေ သော်လည်း သူ၏ရုပ်ဆင်းအင်္ဂါလက္ခဏာသည် မိန်းမတယောက် စိတ်လုံခြုံမှုရနိုင်လောက်အောင် တင့်တယ် ခြင်း၊ မတင့်တယ်ခြင်း ( နှစ်လိုဖွယ်ကောင်းခြင်း၊မကောင်းခြင်း ) ၊ သူ့ကို အရာခပ်သိမ်း အားကိုးနိုင်လောက်ဖွယ် ရှိခြင်း၊မရှိခြင်း၊ သူ့မျက်နှာမြင်၊ သူ့အသံကြား ချစ်ခင်ပါစေဆိုသော ဆုတောင်းနှင့် သူ ပြည့်စုံခြင်း၊မပြည့်စုံခြင်း၊ သဲကိုးဖျာပမာဏမျှလောက်ရှိသည်ဟု ဆိုကြကုန်သော အထူးထူး အပြားပြားသော ယောက်ျားမာယာတို့ကို ဖော်ပြရာ အိန္ဒြိယတိုင်းဖြစ် “ယောက်ျားမာယာ” ကျမ်း ( နှင့် Men are from Mars and Women are from Venus ကဲ့သို့သော သိုးဆောင်းကျမ်း ) တို့တွင် “မှန်ဖို့မလို၊ မိန်းမတို့၏ စိတ်နှလုံးကို သက်တောင့်သက်သာ ရွှင်မြူးနေစေဖို့သာ လိုသည်” ဟူ၍ ကျမ်းလာ ရှိသည်နှင့်အညီ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သူမတို့ကို “သူငယ်နှပ်စား” အမှတ်နှင့် စိတ်ရွှင်မြူးစေမည် ထင်ရာကို ပြောတတ်ခြင်း၊ မပြောတတ်ခြင်းစသော Outcome-deciding factors များ တစုံတရာ မှားယွင်း ချွတ်ချော်နေ ( something wrong ) လေသောကြောင့် သူသည် အသက် ၄၅ နှစ် သာ ကျော်လာသည်။ သူ့ဇနီးလောင်းကား ဘယ်ဆီနေမှန်းပင် မသိရသေးပေ။ ထိုမျှမက “အချစ်စစ် ဆိုသည်မှာ တဂျီဂျီ တောင်းလို့ ရလိုက်သည့်အရာမဟုတ်။ လူတယောက်၏ ရင်ထဲမှာ အလိုအလျောက် ဖြစ်တည် လာသော သူတပါးကို ယုံကြည်၊ စိတ်ချ၊ ရင်းနှီး၊ အားကိုး၊ အလေးထားလိုမှုသာ ဖြစ်လေသည်” ဟူ၍ အချစ်ကို ကိုးသုံးလုံး ( ၉၉.၉% ) ရွှေလောက် အစစ်အတိုင်း ထားချင်သော ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီးကား သူ့တသက်လုံးပင် အချစ်ရေးကံခေလိုက်ပုံမှာ သူတကယ်ချစ်ခင်၊ စွဲလန်း၊ မြတ်နိုးသွားခဲ့ မိသော မိန်းမတွေက  သူမတို့နှင့် ပတ်သက်၍ ဤလူပျိုကြီးမှာ ဆွတ်ဆွတ်ပျံ့ပျံ့ romantic emotions မျိုးတွေ ရှိနေပုံ ရသည်ဟု ရိပ်မိရုံနှင့်ပင် သူ့ကို ( သူက ဘာမှတောင် မလုပ်ရသေးမီ ) သေခန်းတွေ ဘာတွေ ဖြတ်သွား တတ်ကြလေသည်။း))

     ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီးသည် လူကသာ အသက်ကြီးနေသော်လည်း သူ့ “နှလုံးသား ( ဝါ ) ခံစားမှု”  ကား အသက်နှင့်အတူ လိုက်ပါကြီးပြင်း၊ ရင့်ကျက်မလာဘဲ ရံခါ ၁၈-နှစ်သားကောင်လေးတယောက်လို သူငယ် နှပ်စားခံစားမှုမျိုး ( နင့်နင့် နဲနဲ ခံစားနေတတ်သေးတုန်း ) ပဲ ရှိသေးလေသည်။ ဒါကလည်း လူပျိုကြီးတိုင်းမှာ အနည်းနှင့်အများဆိုသလို ရှိနေ တတ်သော  “ လူပျိုကြီး syndrome” တရပ်ပင် ဖြစ်ပုံရ သည်။ ( လူပျိုကြီးများ သည် နှလုံးသားရေးရာမှာ properly matured မဖြစ်ဘဲ comparatively childish ဖြစ်ကြ သူ များသည်ဟု သူ ထင်ပါသည်။ အပျိုကြီးတွေ ကတော့ ဘယ့်နှယ်ရှိကြသည်မသိပါး) သူကထိုခံစားချက် မျိုးကို မရင့်ကျက်မှန်း သိသော်လည်း ပို၍လူသားဆန်၊ genuine ဖြစ်သည်ဟုထင်သဖြင့် an intelligence-guided emotion တခု ထက် an authentic solid emotion as it is. တခုကို ပို၍ ထွေးပွေ့ အပ်သည်ဟု အယူရှိလေသည်။ ( စကား ချပ်။ ။ သူ့ “ဦးနှောက် ( ဝါ ) အသိဥာဏ်” ကတော့ အသက်နှင့်အတူ လိုက်ပါကြီးပြင်းလာသည်ဟု သူထင်ပါ သည် ) ဤသို့ဖြင့် သူအတည်ပေါက် ဆွတ်ပျံ့မိသည့် ရွှေရောင်လူလုံမေပျိုတို့က သူ့ကိုသေခန်းတွေဘာတွေ ဖြတ်ကုန်ကြသောအခါ သူက ခံစား သင့်တာထက် ပိုပိုသာသာခံစားမိ ( dramatized ဖြစ် ) ကာ အသည်းကွဲ တိုးရစ်ကြီးဂိုက်မျိုးနှင့် အသောက် အစား ဖက်မိတတ်ခြင်း ဖြစ်လေသည်။ သူ၏အကျင့်ဆိုးတခုမှာ အရက်သေ စာ သောက်စားမိလျှင် ထမင်းမစားလိုခြင်းနှင့် ထိုအသောက်အစား ဝဲဩဂထဲမှ အနည်းဆုံး (၂) ပါတ်လောက် ရုန်းထွက်ဖို့ ခက်နေတတ်ခြင်းပင် ဖြစ်သည်။ ( အသောက်ဖက်နေစဉ် ထမင်းလို solid food တွေကိုမစားချင် သဖြင့် နွားနို့၊ ကြက်ဥအစိမ်း၊ သစ်သီးဖျော်ရည်၊ ဟင်းသီးဟင်းရွက်စိမ်းတို့ဖြင့် အသက်ဆက်ထားရသည်။ ထို့ကြောင့် ၂- ၃ ပါတ်ထက် ပိုသောက်ဖို့ မဖြစ်နိုင်ပါ။ ယင်းထက်ပိုပြီး ဆက်သောက်နေလျှင်လည်း အဟာရ ပြတ်ပြီးသေဖွယ်ရာသာရှိပါသည်။ ဘာကြောင့်မှန်းမသိ၊ သူ ( တခါတရံ ကြိုကြား၊ ကြိုကြား သေချင်စိတ်ပေါက်မိ သော်ငြား ) တကယ်မသေချင်သေးပါ။ သူ့ intuitive sensitivity က သူ လောကထံမှ လက်ဆောင်ခပ်ကြီးကြီး တခုရဦးမည်၊ ရရန်ကျန်နေသေးသည်လို့ပဲ ထင် နေပါသည်။ သူက Justice of Universe ကိုယုံကြည်ပါသည်။ သူတသက်လုံး Humanity ကို၊ Fairness ကို၊ Justice ကို၊ လောကကိုချစ်လာခဲ့သမျှ၊ အတတ်နိုင်ဆုံး ရိုးသားခဲ့သမျှသည် အချည်းနှီးမဖြစ်တန်ရာ၊ Justice has not been done to him yet; so it should be done sooner or later during this lifetime. ဟု သူထင်မိလေသည်။ သူ မသေချင်အောင်လို့ပဲ အဲလိုစိတ်ကလေး ( မျှော်လင့်ချက် ) တခုကိုသူ့ဖာသာ ဖန်ဆင်း ထားမိသလား မပြောတတ်ပါ။ ထို့ပြင် သူကား ဟောချက်အကောင်းဆိုလျှင် လက္ခဏာတို့ ဘာတို့ကိုလည်း နည်းနည်းလောက် ယုံကြည်သည်ဖြစ်၍ ( ဟောချက်မကောင်းလျှင်ကား “ဟုတ်လိမ့်မည်မဟုတ်” ဟုဆိုကာ မယုံကြည်ပါး) သူ့လက်ဖဝါးပြင်မှ တထောင် မှာတယောက်ရှိခဲသည့် အလွန်သန့်ရှင်းသောစိန်ဖူးကြီး ( Diamond ) ကို နှလုံးလမ်းကြောင်းနှင့် “ကမ္မလေခ” တို့က ပေါင်း၍ ထမ်းထားကြသည်မှာလည်း အချည်းနှီးမဖြစ်တန်ရာဟုလည်း ထင်နေလျှက် ရှိလေသည်း)

     သူသည် ထိုသို့ အရက်ကိုမုန်းလောက်အောင် ၂-၃ ပါတ်ခန့်သောက်ပြီးနောက် တိကနဲဖြတ်လေ့ ရှိပါသည်။ ထိုသို့ တိကနဲဖြတ်သောအခါ alcohol-withdrawal syndrome ကိုခံစားရကာ ၄-၅ ညလောက်တမှေးမှ အိပ်လို့မရတတ်ပါ။ ဒီအချိန်မှာ စိတ်ကယောင်ချောက်ချားဖြစ်၍၊ အားယုတ်၍ ဆေးရုံတွေဘာတွေလည်းတက်ရ တတ်ပါသည်။ ထမင်းလည်း အတင်းစားနေရစေကာမူ စားချင်စိတ်မရှိပါ။ ထို့ကြောင့် အရက်မကောင်းကြောင်း ကို အရက်မသောက်တတ်သူတွေထက် အရက်သောက်တတ်သူတွေက ပိုသိသည်ဟု လူပျိုကြီးဦးက က ပြော လေ့ရှိပါသည်။ ကလေးမွေးဖွားစဉ် နာကျင်မှုကို မိန်းမတွေကသာ သိမည်ဖြစ်ပြီး ယောက်ျားတွေက မသိနိုင် သကဲ့သို့တည်း ဟူ၏။ ထိုသို့ အရက်မကောင်းကြောင်း သိပါလျှက်နှင့်လည်း သောက်ဖြစ်သည်မှာ တခါတရံ သူ၏ လတ်တလော ရင်ထဲကဒုက္ခ၏ထုထည်က အရက်သောက်သုံးသဖြင့် နောင်ခံစားရမည့် ဒုက္ခ၏ထုထည် ထက် ပို၍ကြီး ( Present Duhka > Future Duhka ) နေတတ်သောကြောင့်ဟု သူကဆိုလေသည်။

     သူက ယင်းသို့ အရက်သေစာ သောက်စားထားလျှင် မည်သူတယောက်နှင့်မှ စကားဟဟ မပြောတော့ဘဲ၊ မည်သူ့အိမ်ကိုမျှလည်း သွားမလည်ပတ်ပါဘဲ၊ မည်သူ့ကိုမျှ သွားမရစ်ပါဘဲ သူ၏ “ဝေဒနက္ခန္ဓာ” ကို ရှုမှတ် ပွားများ၍သာ နေတတ်ပါသည်။ ဤသို့ပင် ဖြစ်လျှက်နှင့်လည်း၊ “လူပျိုကြီး ဦးက” ယခုတလော ထမင်းပုံမှန် မစားတော့ကြောင်း၊ တက္ကစီဖြင့်အိမ်ပြန်လာကြိမ် များနေကြောင်း၊ အဝတ်အစား ဘိုသီဘတ်သီနှင့် မျက်နှာက လည်း  ညှင်းသိုးသိုး ဖြစ်လာကြောင်း၊ ဤအချက်အလက်များ ကို ထောက်ရှု၍ ဤလူ အပြင်မှာ အရက်သေစာ သောက်သုံး နေသည်ဟု ယူဆရကြောင်း စသော update news များသည် ထိုးထွင်းဥာဏ်ကို အသုံးပြုရသော investigative journalism ပညာစွမ်းဖြင့် Myanmar Community Wikileak ပေါ်သို့ ရောက်ရှိသွားတတ်ပြီး လျှင်၊ ထိုထင်မြင်ချက်များသည်ပင် ယုံကြည်ရသောသတင်း အဖြစ်ဖြင့် ( ရွှေရောင်လူတို့၏ မွေးရာပါ တပိုင် တနိုင် သတင်းလက်ဆင့်ကမ်း citizen journalism အတတ်ပညာဖြင့် ) နေရာဒေသအသီးသီးသို့ ပျံနှံ့ရောက်ရှိ သွားတတ်လေသည်။  အမေရိကန်ပြည်ထောင်စု Oregan ပြည်နယ်တွင် ဦးက ဘီယာအလွန် အကျွံ သောက် သုံးနေကြောင်းကို မိုင်ထောင်ချီဝေးမည့် Texas ပြည်နယ်မှ၎င်း၊ မိုင်သုံးထောင်လောက် ဝေးသည့် Maryland ပြည်နယ်မှ၎င်း၊ ရံခါ globalization နည်းဖြင့် အခြားကမ္ဘာဖက်ခြမ်းမှာရှိသော ထိုင်းနိုင်ငံမှ၎င်း အံ့ဖွယ်ဘနန်း သိရှိနေတတ်ကြလေသည်။ ( သူအရက်သောက်ဖြစ်တိုင်း တော်တော်ခပ်လှမ်းလှမ်းမှာ နေသော သူ့သူငယ်ချင်း ၏အဖေက “ကို ….၊ အရက် ပြန်သောက်နေတယ်ဆို ..” ဟု ဖုန်းဖြင့် လှမ်းမေးတတ်လေ့ ရှိသဖြင့်၎င်း၊ တခါတရံ Texas မှ၊ တခါတရံ ထိုင်းနိုင်ငံမှပင် အလားတူ မေးတတ်လေ့ရှိကြသဖြင့်၎င်း မိမိ၏ ထင်ပေါ်ကျော်ဇောမှုကို သူ သိရခြင်းဖြစ်လေသည်း) ထိုအခါ လူပျိုကြီး ဦးက က “ဩော်.. ငါ့နှယ်.. celebrity ကျနေတော့တာ ပါကလား” ဟု ရွဲ့ပြီးတွေးကာ ဆရာကြီး အီကြာကွေး၏ ငါးခူပြုံးလေး ပြုံးမိလေသည်။

     တနေ့သနှိုက် လူပျိုကြီးဦးကသည် သူ့ဇာတိပြည်နယ်သား လူငယ်လင်မယားက လာလည်စေချင်သည် ဆို၍ ထိုသူတို့၏ နေအိမ်သို့ သွားလည်မိ၏။ သူတို့ကား လင်မယားနှစ်ယောက်တည်းနှင့် 2 bedrooms apartment တခုကို ငှားထားကြရ၍ လူပျိုကြီး ဦးကကို သူတို့နှင့်အတူ နေစေချင်ကြလေသည်။ ဦးက ကလည်း လောလောဆယ် နေထိုင်လျှက်ရှိသော နေအိမ်က Myanmar Wikileak နှင့် အဆက်အသွယ် မကင်းပုံရသဖြင့်၎င်း၊ အခြားဖော်ပြခြင်းငှာမသင့်သော အကြောင်းများကြောင့်၎င်း လွတ်ရာ ကျွတ်ရာ ပြေး ချင်နေခိုက် ဖြစ်သဖြင့် သည်လကုန်လျှင် နေမည်ဟု ပြောခဲ့လေသည်။ ထိုလူငယ်လင်မယားက ဦးကကို ထမင်းကျွေးမွေးပြီး၊ လာနေ မည်ကို ဝမ်းသာနေကြပုံဖြင့် ရွှင်ရွှင်ပျပျ ရှိကြ၏။ သည်လိုနှင့် ဦးက က အိမ်ရှင်ဟောင်းကို ကြိုကြိုတင်တင် ပြောထားရန် ဝတ္တရားရှိသည့်အလျောက် ဤလကုန်တွင် နေရာသစ်သို့ ပြောင်းမည်ဟု ပြောလိုက်၏။ ဦးက က ထိုသို့ပြောသည်ကို အိမ်ရှင်ယောက်ျား အိမ်ထောင်ဦးစီးကတော့ “အင်း.. ကောင်းပါတယ် .. ကျနော်တို့လည်း တခြားပြည်နယ် ပြောင်းဖြစ် ချင် ပြောင်းဖြစ်မှာနဲ့ အတော်ပါပဲ..” ဟု ဆိုလေသည်။ သို့ရာတွင် အိမ်ရှင်မကား ကျွန်ုပ်တို့၏ လူပျိုကြီး ဦးကကို မခေါ်မပြောတော့ဘဲ ဂရုမစိုက်သော အမူအရာကိုလည်း ပြသလာလေသည်။ ( ဥပမာ၊ သူမ၏ယောက်ျား အလုပ်သွားနေချိန် မနက်ပိုင်းတွင် မနက်စာထမင်းမချက်တော့ဘဲ ညနေ ၄ နာရီ လောက် တွင်မှ ညနေစာအဖြစ် ပေါင်းချက်လာခြင်းမျိုး ပေတည်း..း)

     ဤသို့နှင့် ဦးကသည် နေရာသစ်သို့ ပြောင်းရခါနီး ရက်သတ္တတပါတ်လောက်အတွင်း ချိုသည်၊ ခါးသည် ဘာမှမပြောဘဲလကုန်ခါနီးတွင် နေရာသစ်သို့ ပြောင်းရွှေ့လာခဲ့လေသည်။ နေရာသစ်သို့ ရောက်သည်နှင့် ပင် ရွှေရောင်လူတို့၏ citizen journalism အစွမ်းကို တွေ့ရလေတော့၏။ ဦးက သည် အရက်သောက် တတ်ကြောင်းသတင်းက(လူထက်အရင်ဦးစွာ) နေရာသစ်သို့ ရောက်နှင့် နေလေသည်။ နေရာသစ်က အိမ်ရှင်မက ပြောပြရာတွင် လွန်ခဲ့သည့် ၂-ရက်ခန့်က “အန်တီကြီး” ဟု သူတို့ကခေါ်ကြလေ့ရှိသော အသက် ၆၀ ကျော် ရွှေရောင်လူ အမျိုးသမီးကြီး တယောက်နှင့် ဦးက ယခင်ကနေသည့်အိမ်ခန်းမှ အိမ်ရှင်မ တို့သည် ဤအိမ်ရှင်သစ်ထံသို့ရောက်လာကြပြီး ဦးက အရက်သောက်ကြမ်းပုံကို စီကာ ပတ်ကုံး ပြော ပြကြသောဟူ၏။ အန်တီကြီးက အိမ်ရှင်သစ် ( အိမ်ရှင်မ ) ကို “နင်တို့ ငွေမျက်နှာချည်း မကြည့်ကြနဲ့။ ဒီလိုလူမျိုး နဲ့ ရေရှည် လက်တွဲလို့ ဖြစ်ပါ့ မလား ဆိုတာလည်း ထည့်တွက်။ ငါက နင်တို့ကို စေတနာနဲ့ လာသတိပေးနေတာ” ဟု ပြောသည်ဆို၏။

     သို့ဆိုလျှင် အန်တီကြီးသည် ဦးက၏အိမ်ရှင်ဟောင်း အပေါ်တွင်ကား စေတနာရှိဟန်မတူပေ။ အကြောင်း မှာ သည်လောက် သောက်စားမူးယစ်တတ်သော လူပျိုကြီးဦးက တယောက် အဝေးသို့ သူ့သဘော သူဆောင် ကာ ထွက်သွားမည့်အရေးသည် အိမ်ရှင်ဟောင်းအဖို့ “ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး .. ဟုကြူးရင့်လျှက် ဝလကလ - ဝေးလေကောင်းလေစွတကား”ဟု ဝမ်းမြောက်ဝမ်းသာစွာ လက်ခမောင်းခတ် သင့်သောကိစ္စ မဟုတ်တုံလော့။ ယခု ထိုအခွင့်အရေး ပေါ်ပေါက်လာပါလျှက် အိမ်ရှင်ဟောင်းတို့ ဤ ယစ်ထုတ်လူပျိုကြီးနှင့် ဆက်လက် အတူနေရစေရန် သူမမို့ ပြုအားရက်ပေသည်။

     ဇာတ်ပေါင်းသော် ဦးကသည် နေရာသစ်သို့ရောက်ရောက်ချင်းပင် “အရက်သေစာ မသောက်သုံးပါ ( သူရာ မေရယ မဇ္ဇပမာဓဋ္ဌာနာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ )” ဟူ၍ အာမဘန္တေ ခံလိုက်ရလေ၏။ တကယ် တော့ လူပျိုကြီး ဦးကသည် အရက်သောက်ရလောက်ဖွယ် အကြောင်းကိစ္စပေါ်ပေါက်မှ အရက်ကိုတောင့်တ တတ် သူဖြစ်၍ သာမန်အချိန်များတွင် အရက်မသောက်ရတာက သူ့အတွက် ဘာမှကိစ္စမရှိပါ။ ဒါပေမဲ့ ကိုယ့်ထက် ငယ်ရွယ်သူတွေထံမှာ “အရက်မသောက်တော့ပါ” ဟု ပြောလိုက် ရတာကတော့ သူ့အတွက် နည်းနည်းကိစ္စရှိ ပါသည်။ သူက မိမိအရက်သောက် တတ်ကြောင်းကို ကြုံကြိုက် သည့်အခါ အိမ်ရှင်သစ်အား မိမိဖာသာပြောပြရန် စိတ်ကူးရှိပါသည်။ ခုတော့ သူများတွေက ကိုယ့်အကြောင်း လာပြောသွားတာကို ခံရသဖြင့် စိတ်ထဲ ဇလုံးဇခု ရှိလှသည်။ ထို့ကြောင့် သည်တခါတော့ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ( လူပျိုကြီးဦးက ) သည် ငါးခူပြုံးကလေး မပြုံးနိုင်ရှာတော့ဘဲ၊ ရွှေရောင်လူတို့၏ တပိုင်တနိုင် သူတပါးမကောင်းသတင်း ဖြန့်ဖြူးလိုသည့် (Citizen Journalism ) အမျိုးသားရေး စရိုက်လက္ခဏာ ကို သိကြားမင်း သံပုရာသီးစားထားသည့် သိပ်မကြည်သောမျက်နှာ ဖြင့် စိတ်ထဲကပျစ်ပျစ်နှစ်နှစ်၊  အားရပါးရ ဆဲမိသောဟူ၏..း))

Wednesday, March 28, 2012

ကျကွဲသွားသော ပျော်ရွှင်မှု


ဟောဒီကမ္ဘာမှာ ( ဝတ္တရားအရ မဟုတ်ပါဘဲ )
ငါ authentically, Platonically, romantically အချစ်ရဆုံးမင်းက
ငါ့ကို နှုတ်မဆက်ဘဲ ထားရစ်ထွက်ခွာ…
“ချစ်၍ စွန့်သွားတဲ့ မင်းကို…"
“ဩော်.. စွန့်၍ ချစ်သွားမယ်လေ.. မောင့်လပြည့်ဝန်း..” ကိုထီး သီချင်းကိုငါဆို
ကြာရင် ငါ ဒုက္ခရောက်နိုင်လို့ မင်း ငါ့ကို “ချစ်၍စွန့်” ထားခဲ့တာ နေမှာပါလေ..
ဘာလို့လဲဆို မင်း ငါ့ကို တကယ်မမုန်းတာကို ငါကသိပြီး..
ငါ မင်းကိုတကယ်ချစ်တာကိုလည်း မင်းကသိနေတာပဲလေ..
အဲဒါနဲ့တောင် မင်းက ငါ့ကို ထားရစ်ခဲ့ရက်တယ် ဆိုရင်
မင်းက ငါ့ကို ချစ်လို့ စွန့်ထားရစ်ခဲ့တာပဲ ဖြစ်မှာပေါ့..
ငါကတော့ မင်းကိုစွန့်၍ချစ်သွားဖို့ အဆင်သင့် မဖြစ်သေးဘူးကွယ်..
ဟုတ်ချင်မှတော့ဟုတ်မယ်… ဒါပေမဲ့ ငါ့နှလုံးသားက မင်းကို စိတ်မနာချင်လို့ ပေးတဲ့ ဆင်ခြေပါ..။

ငါက အငိုသန်တယ် ညီမလေးရဲ့..
လူကြီးဆိုတော့ ကလေးငယ် တယောက်လိုတော့
အသံထွက်ပြီး ငိုမနေဘူးပေါ့လေ..
ဒါပေမဲ့ ငါ့ရင်ဘတ်က အသံထွက်ပြီး ( ဝမ်းပန်းတနည်း ) ရှိုက်ငိုနေသံ ငါကြားတယ်..
fully-contented ဖြစ်ရတဲ့ အရသာ မပေးနိုင်ဖူးတဲ့ ငါ့ရင်ဘတ်ကို ငါအားနာတယ်..
လောကက ဒီဘဝတော့ ငါ့ကို ခြေလက်ရိုက်ချိုးခဲ့တဲ့ လျော်ကြေး မပေးခဲ့ပေဘူး..
နောင်ဘဝမှာ နိဗ္ဗာန် ( ဝင်လို့ရရင်တောင် ) ငါ မဝင်ချင်သေးဘူး..
သံမဏိနှလုံးသား ပြောင်းတပ်ပြီး လောကဆီက လျော်ကြေးလာတောင်းဦးမယ်..

Tuesday, March 27, 2012

ကောင်းတာတွေကိုယူသော် မကောင်းလော့ ( ၂ )

အမေရိက မကောင်းကြောင်း

     ဒီပိုစ့် series က အမေရိကကောင်းကြောင်းချည်းပဲ ပြောသလိုဖြစ်နေနိုင်လို့ အပြောင်းအလဲလေးဖြစ် အောင် အခု ဒီအပိုင်းကိုတော့ အမေရိကမကောင်းကြောင်း နဲ့စလိုက်ပါရစေ..း) ကျနော်က နိုင်ငံခြားဆိုလို့ ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု၊ သည်နှစ်နိုင်ငံကိုပဲ ရောက်ဖူး၊ ကာလအတန်ငယ် ကြာရှည်စွာနေဖူးရာ  ( စိတ်ပိုင်း ) လွတ်လပ်ပွင့်လင်းသော၊ ( ရုပ်ပိုင်း ) ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တခုအကြောင်း ပြောဆိုဆွေးနွေး၊ ဥပမာပေးရန်ရှိသောအခါ၊ ထို့ပြင် “အခြားနိုင်ငံတွေမှာ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြသလဲ” ဟု ပြောဆိုရန်ရှိသောအခါ သည်နှစ်နိုင်ငံမှာနေဖူးတုန်းက အတွေ့အကြုံတွေကိုပဲ ပြန်ပြောပြစရာ ရှိပါသည်။  တကယ်တော့ အကောင်းပြောရန်၊ ပြရန်ရှိသောအခါ သူများနိုင်ငံတွေကို ပြောနေ၊ ပြနေရ သည့်ကိစ္စက အလွန်ခံပြင်းဖို့ ကောင်းသည့်ကိစ္စ ဖြစ်ပါသည်။ ဒါပေမဲ့ လောလောဆယ်မှာ ကျနော်တို့က ထိုင်းနိုင်ငံလောက် မဟုတ်သေးသည့် နေရာအတော်များများ ရှိနေပါသေးရာ၊ ထိုင်းနိုင်ငံကလည်း သူ့အထွာ နဲ့သူ အမေရိကထက်ပင် သာသည့်နေရာတွေရှိနေရာ ယခုအမေရိက မကောင်းကြောင်း ပြောမည်ဆိုသောအခါ ( မြန်မာနှင့်မယှဉ်ပြနိုင်ဘဲ ) ထိုင်းနှင့်သာ ယှဉ်ပြနေရပါတော့သည်။ ဥပမာ၊ ဆဲလ်ဖုန်း ရောင်းသည့်ကိစ္စတွင် ထိုင်းနိုင်ငံက အမေရိက ( US ) ထက်ပိုသာ၊ ပိုမို ရှင်းလင်းလွယ်ကူပါသည်။  မလေးရှား၊ စင်္ကာပူနိုင်ငံ တို့မှာလည်း ထိုသို့ပင် ရှိသည်ဟု ကြားဖူးပါသည်။ ကျနော်တို့လည်း တချို့ကိစ္စတွေမှာ US ထက် ပိုသာအောင်၊ အနည်းဆုံးတော့ တန်းတူလောက် ဖြစ်အောင်လုပ်ကြပါစို့..။   

     ဖုန်းတလုံးလက်ဝယ်ရောက်ဖို့ US မှာ Photo ID, Social Security Number, Mailing Address, Permanent Address စတာတွေလိုအပ် (ဝါ) ဖုန်းကုမ္ပဏီကို ပေးရ၊ ပြရပါသည်။ သဘောတရားမှာ ဥပမာ.. AT&T ဖုန်းကုမ္ပဏီ နှင့်မိမိအကြား ၂-နှစ်သက်တမ်း စာချုပ်တခုချုပ်ဆိုကြရာတွင် မိမိကဘယ်သူဘယ်ဝါ၊ မှတ်ပုံတင်နံပါတ်က ဘယ်လောက် ( = Social Security Number + State Photo ID or Driver license  )၊ မိမိ၏လိပ်စာတို့ကို ဖော်ပြရသည့်သဘော ဖြစ်ပါသည်။ စာချုပ်ထဲမှာ မိမိတလလျှင် မိနစ် ၄၅၀၊ ၅၅၀ သုံးခွင့်ရှိ သည် စသည်ဖြင့် ဖော်ပြထားပြီး တလလုံး တခွန်းမှ မပြောလည်း သတ်မှတ်ထားသည့် လစဉ်ကြေးကို ပေးဆောင် ရပါသည်။ ပိုပြောလျှင်တော့ ပိုပြောသည့်မိနစ်အတွက် ပိုပေးရပါသည်။ ထို monthly-based bill သည် လကုန်လျှင်မိမိထံသို့ သူတို့ကို ပေးထားသည့် mailing address အတိုင်း စာတိုက်မှ ရောက်လာ ပါသည်။ Online bill pay လုပ်ထားလျှင်တော့ ငွေသွင်းလို့ရပြီ ဆိုသည့် email မျိုးပဲ ဝင်လာတတ်ပါသည်။

     ထိုင်းနိုင်ငံမှာတော့ ဖုန်းတလုံး လက်ဝယ်ရောက်ဖို့ကိစ္စမှာ “ဈေးထဲက နေကာမျက်မှန်တလက်၊ ကင်မရာ တလက်၊ ဂျင်းဘောင်းဘီတထည် ဝယ်လိုက်သလို” ဝယ်လိုက်ခြင်းသာဖြစ်ပြီး ဖုန်းကုမ္ပဏီတခုခုနှင့် သက်တမ်း ဘယ်လောက်ရှိသည့် စာချုပ်တခုကို နှစ်ဦးချင်းကြား တိုက်ရိုက်ချုပ်ဆိုလိုက်သည့်သဘော သိပ်မသက်ရောက် ပါ။ သူ့ process မှာ ( ၁ ) ဖုန်းဆိုင် တခုသို့ဝင်သွားပြီး၊ ကြိုက်ရာဖုန်း ( Nokia, Sumg Sang, etc. ) တလုံး  ရွေးယူလိုက်မည်။ ( ၂ ) ထို့နောက် အစီအရီချပြထားသည့် Sim Card ( ဖုန်းနံပါတ်ပါ ကတ်ပြား ) များထဲမှ မိမိ ကြိုက်နှစ်သက်ရာဂဏန်းပါသော Sim Card ကို ၁၉၉ ဘတ်လောက် ( ဟိုတုန်းက/ ယခုဈေးမသိ ) နှင့် ဝယ်ပြီး ဆိုင်ရှင်က ဖုန်းထဲထည့်ပေးမည်။ ( ၃ ) ထို့နောက် ၅၀ ဘတ်တန်လောက် prepaid card တခုမှ code နံပါတ်တွေကို ဖုန်းထဲသို့ ရိုက်ထည့်မည်ဆိုလျှင် ( တမိနစ်လျှင် ဘယ်နှစ်ပြာနှုန်းဖြင့် ) ဘတ် ၅၀ ဖိုး ဖုန်းပြောလို့ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှာ ဖုန်းတလုံးဝယ်တာက Seven Eleven ဆိုင်ထဲ ဝင်ပြီး Coke တလုံးဝယ်သလောက် လွယ်ကူ လျှင်မြန်ပါသည်။ ဤ process တွင် မိမိ ( ဖုန်းဝယ်သူ ) ၏ ID, address စသည်တို့လည်း တခုမှ မလိုအပ်လိုက်ပါ။ နေကာမျက်မှန်၊ camera တလက်၊ ဘောင်းဘီတထည်၊ Coke တလုံး ဝယ်လျှင် ( ကျသင့်ငွေပေးချေနိုင်ရင် ပြီးကရော့ ) မိမိ ဘယ်နိုင်ငံ/ဘယ်ပြည်နယ်သားဖြစ်သည်၊ နာမည် ဘယ်လိုခေါ်သည်ကို ဆိုင်ရှင်ကို ပြောပြစရာ မလိုသကဲ့သို့တည်း။ အမေရိက မကောင်းကြောင်းဆိုတာက US မှာ ဖုန်းတလုံး လက်ဝယ်ရောက်ဖို့ ထိုင်းနိုင်ငံမှာလောက် မလွယ်ကူလှ၊ နည်းနည်းလောက် ရှေးရိုးဆန်နေသေး တာကို ပြောတာပါ။ ဆိုခဲ့သည့် အတိုင်း Photo ID, Social Security Number ( SSN ), mailing address ( for monthly bill ) တွေ လိုပါမည်။ ကြည့်ရတာ ဒီက homeless တွေ ဖုန်းပိုင်ဖို့ ဖြစ်နိုင်မည် မထင်ပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် သူတို့နိုင်ငံက တံတားအောက်နေ သူတောင်းစားတွေလည်း ဖုန်း ကိုယ်စီနှင့်ပဲ ဖြစ်ပါ သည်။ ပြောချင်တာက အမေရိက ( US ) သည် ဖုန်းကိစ္စမှာ ထိုင်းနိုင်ငံကလေးကိုပင် မမီရှာပါ ..း))

     ဟိုတလောတုန်းက Singapore က တူမအရွယ် မိန်းကလေးတယောက်က စင်္ကာပူတွင် နေရာတကာမှာ TV camera တပ်ဆင်ထားကြောင်း ဖဘမှာ ပြောပါသည်။ ကျနော်က “ညည်းတို့ စင်္ကာပူက အစွမ်းကုန် အလှ ပြင်ထားတဲ့ ၁၈ နှစ်သမီး အပျိုလေးနဲ့တူတယ်” ဟုပြောမိပါသည်။ သူမက “ဦးတို့ အမေရိကကကော  ဘယ် အရွယ်လောက်လဲ..” ဟု မေးရာ “ဦး (ခဏ) ရောက်နေတဲ့  အမေရိက က အသက် ၇၀ လောက် အဖွား အရွယ် ရောက်နေပါပြီကွယ်.. ညည်းတို့စင်္ကာပူလို ကြွကြွရွရွ၊ ကျော့ကျော့ရှင်းရှင်းနဲ့ မလှတော့ပါဘူး” ဟု ဟာသ ပြောဖြစ်ပါသည်။ သူမက ဆက်လက်၍ “ဒါဆို မြန်မာပြည်ကရော့ ဘယ်အရွယ်လောက်လဲ ဦး” ဟု မေးပြန်ပါသည်။ ကျနော်က “သူက ခုမှ ၇-နှစ်သမီးလေး.. နောက် ၁၀ နှစ်လောက်နေမှ မြန်မာဆန်ဆန်လေး တော်တော်ကျက်သရေရှိတဲ့ ၁၇ -နှစ်သမီး အပျိုမ ဖြစ်လာလိမ့်မယ်” ဟု ပြောခဲ့ပါသည်။ အမေရိကအကြောင်း ဆက်ရလျှင် အမေရိကသည် နည်းနည်းလောက် အိုလေပြီ။ နယူးယောက်၊ ဘောလ်တီမိုး၊ ဖီလာဒယ်ဖီးယား စသော မြို့သက်တမ်း ၂၀၀-၃၀၀ ကျော် မြို့ကြီးများ ( အထူးသဖြင့် အရှေ့ဖက် ကမ်းခြေက မြို့ကြီးများ ) မှာ ရှေးခေတ်ပုံပန်းနှင့် တိုက်အိုတိုက်ဆွေးတွေကို အများအပြားတွေ့နိုင်ပါသည်။ ထိုတိုက်အိုတိုက်ဆွေးမျိုး Singapore, Hong Kong, Tai Wan တို့မှာ တွေ့နိုင်မည်၊ ရှိဦးမည် မဟုတ်သေးပါ။ နောက်ပြီး ဒီတိုင်းပြည်မှာက စီးကရက်သောက်ပြီးလျှင် လမ်းပေါ်မှာပစ်ချပြီး ခြေထောက်နဲ့ဖိ၊ မီးသတ်ထားခဲ့တာမျိုးက  ပြဿနာ မရှိပါ။ ( ဒါဏ်ရိုက် မခံရပါ ) လူတွေက အဲဒီဆေးလိပ်တိုတွေကို မြူနီစပါယ် သန့်ရှင်းရေးသမားတွေ က လိုက်သိမ်းပါလိမ့်မည်ဟု သဘောထားကြ ပါသည်။ နောက်တခုက ထိုင်းမှာနေတုန်းက ကျနော် တွေ့ဖူးတာ က ဟော်တယ်၊ တည်းခိုခန်း၊ ကွန်ဒိုတွေရဲ့ သန့်စင်ခန်း ( restroom ) တွေမှာ မိမိကိစ္စ ပြီးလျှင် ရေပန်းနှင့်သန့်စင်ရန် a showering toilet water pipe ( အဲသည်အရာကို တခွန်းတည်းနဲ့ ဘာခေါ်သလဲ မသိလို့ပါ ) တွေရှိကြပါသည်။ အိမ်တွေမှာလည်း အဲလိုသုံးကြတာ များနိုင်ပါသည်။ သည်နေရာမှာလည်း အမေရိကသည် တောကျလေ၏။ အမေရိကတခွင်လုံးမှာ ယင်း device အစား အိမ်သာသုံးစက္ကူကိုပဲ အသုံး ပြုကြပါသည်။ ရေအသုံးမပြုကြပါ။ ဒါကြောင့်  ပြောချင်တာက အမေရိက ( US ) မှာစွဲမြဲနေသော သူတို့လူမျိုး၏ ထုံး၊ ဓလေ့၊ အကျင့်တို့သည် အကုန် အဆင့်အတန်း မြင့်မြင့် နှင့် အကောင်းစား ( superb ) များချည်းမဟုတ်.. ဆိုတာ ဖြစ်ပါသည်။ အမေရိက တော်တော် သားသားနားနား ရှိမည်ဟု ထင်မှတ် မထားကြဖို့ ကြုံလို့ ပြောပြတာ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်ကတော့ဖြင့် “လှတပတ မြို့ကြီးပြကြီး” ကို ရောက်ရပေတယ်လို့ သိပ် proud ဖြစ်လို့မရပါ။ ဒါပေမဲ့ ဒီမှာ Asian, Burmese ( Myanmar ) တွေဆိုပြီး ပေါ်ပေါ်ထင်ထင် အနှိမ်ခံရ တာမျိုးမရှိတာ၊ ရဲကိုကြောက်ဖို့မလိုတာ၊ ဘယ်သူကမှ ဘယ်သူ့ထက် အရမ်းကွာလှ သာလှသည်ရယ်လို့ မရှိ၊ အားလုံး မတိမ်းမယိမ်း၊ တန်းတူရည်တူတွေပဲဟု ခံစားရတာ ( equality ) အတွက်တော့ ကျေနပ်မိပါသည်။  

အမေရိက ကောင်းကြောင်း

( ၁ ) Photo ID လုပ်ပေးပုံ

     ကျနော့်ဘဏ်စာရင်းထဲက ကျနော် ငွေ $ 1000 လောက် ထုတ်ချင်သည် ဆိုပါစို့။ ATM Card နှင့် တနေ့ တာအတွင်း အလွန်ဆုံး $ 500 အထိပဲ ထုတ်ခွင့်ရှိတာတို့ ဘာတို့ စည်းကမ်းချက်တွေ ရှိနေတတ်ပါသည်။ ထိုအခါမျိုးမှာ မိမိဘဏ်သို့ လူကိုယ်တိုင်သွားပြီးထုတ်မှ $ 1000, 2000 စသည်ဖြင့် ထုတ်နိုင်ပါမည်။ ကျနော်က ထိုငွေကိုထုတ်မည် ဖြစ်လျှင် ကျနော်သည် “အေးကျော်ဇံ” ဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွ ပြသရန် လိုအပ်လာ ပါသည်။ ကျနော့်နာမည်နှင့်ဓါတ်ပုံပါသော ထို Identification Card ( ID ) သည် Photo ID ဖြစ်ပါသည်။ တပြည်နယ်နှင့် တပြည်နယ် card ပုံစံချင်းမတူ၊ သဘောတရားကသာ အတူတူ ဖြစ်ပါသည်။ ထို card ကို မြို့တိုင်းမှာရှိသည့် မော်တော်ယာဉ်လိုင်စင် ထုတ်ပေးရေးဋ္ဌာနရုံးတွေမှာ ပြုလုပ်ပေးပါသည်။ လူတယောက်၏ ကားမောင်းလိုင်စင် ( Driver License ) သည် ထိုသူ၏ Photo ID လည်း ဖြစ်ပါသည်။ ဥပမာ.. ကျနော့်လို ( မသန်စွမ်းသဖြင့် ) ကားမောင်းလိုင်စင် မလုပ်ဖြစ်သူများအတွက် မိမိ၏ Identity Verification အတွက် ကားမောင်းလိုင်စင်မဟုတ်သော ထို ID card ကို ကားမောင်းလိုင်စင်ရုံးမှပင် ထုတ်ပေးပါသည်။ နောင် ကား မောင်းတတ်၍ ကားမောင်းလိုင်စင်ရလျှင် သည် ID card ကို သိမ်းပြီး Driver License Card တခု ထုတ်ပေး လိုက်ပါသည်။ ထို့ကြောင့် ယင်းတို့သည် နံပါတ်ချင်း အတူတူ ဖြစ်ပါသည်။

     ဤ Photo ID/ Driver License ရရှိရေးအတွက် မိမိ US သို့ တရားဝင် ရောက်ရှိလာခဲ့ကြောင်း ပြည်ဝင်ခွင့် အထောက်အထားနှင့် ဤမြို့တွင် နေထိုင်ကြောင်း အထောက်အထား ( ထိုသို့ နေထိုင်သဖြင့် ဤမြို့လိပ်စာ နှင့် မိမိထံသို့ ရောက်လာသည့် စာ ၂-စောင်ခန့် ) ကို ပြ၊ ဖြည့်စရာရှိတာ ဖြည့်လိုက်လျှင် မိမိအား ကွန်ပြူတာနှင့် ဆက်ထားသော ကင်မရာ ( Cam ) ဖြင့် ရိုက်ယူပါသည်။ ခဏနေတော့ ထိုဓါတ်ပုံနှင့် မိမိ၏ အမည်၊ အမြဲတမ်းလိပ်စာပါသော card တခု စက်ထဲကထွက်လာပါသည်။ ကျနော် ပြည်နယ်သုံးပြည်နယ်မှာ နေဖူးရာ နှစ်ပြည်နယ်မှာ နေ့တွင်းချင်းပဲ ထိုကဒ်ကို ချက်ချင်းရပါသည်။ ယခု နေသည့် ပြည်နယ် ( Oregon ) မှာတော့ နောက်မှ စာတိုက်ကနေ ပို့ပေးမည်ဟု ဆိုကာ ပြန်လွှတ်လိုက်ပြီး card က တပါတ်လောက် အတွင်း စာတိုက်မှ ရောက်လာပါသည်။ မည်သို့ပင် ဖြစ်စေ State Photo ID တခု ရရှိဖို့ကိစ္စသည် တရက်ကိစ္စ ( လွန်ရော့ ကျွံရော့ ၂-နာရီခန့်သာ ကြာသောကိစ္စ ) ဖြစ်ပါသည်။

     ကျနော်တို့ မြန်မာနိုင်ငံမှာ ယခုလာမည့်ု ဧပြီ ( ၁ ) ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မမှန်ကန်မှုများ ရှိကြောင်းသိရပါသည်။ တကယ်တော့ မြန်မာပြည်က မြို့နယ်လဝကရုံးတွေ မှာ  ( အမေရိကမှာလို လူတိုင်းနီးပါး ကားမစီးနိုင်သေးသဖြင့် ကညနရုံျးမှာတာ့ မဟုတ်ဘူးပေါ့ ) အဲဒီလို Photo ID ရိုက်ပေးသည့် စက်ကလေးတခုနှင့် ကွန်ပြူတာနှင့်တွဲထားသော ကင်မရာတခုစီလောက် တပ်ဆင်ပေးထား လျှင် တော်တော်လေး အဆင်ပြေမည်ဟု ယူဆရပါသည်။ ဒီစက်တွေက သိပ်ကြီးကြီး မားမား၊ ခေတ်မီ ဆန်းဆန်းပြားပြား စက်များမဟုတ်ကြပါ။ Printer တမျိုးသာ ဖြစ်ပါသည်။ လဝက ဝန်ကြီးဋ္ဌာနမှ တမြို့နယ် တလုံးကျလောက် ပေးရန် ( ဒါဆို မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း သုံး-လေးရာအတွက် ) စက်ပေါင်း ပိုပိုလိုလို ၄၀၀ လုံးလောက်ပဲ လိုမည်ဖြစ်ပြီး ဝယ်ဖို့မတတ်နိုင်လောက်စရာ မရှိဟု ထင်ပါသည်။ ထို ID သည် ကိုင်ဆောင်သူက Permanent Resident / Citizen ဖြစ်သည်ဟူသော အထောက်အထား မဟုတ်ပါ။ ထို့ကြောင့် ဤအထောက်အထား အားဖြင့် မဲပေးခွင့် မရှိပါ။ မဲပေးခွင့် ရရန်မှာ ဤ နိုင်ငံသား  ( citizen ) တယောက် ဖြစ်ရပါမည်။

     ကျနော်တို့ မြန်မာနိုင်ငံမှာတော့  ( ဥပမာ ) ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်က ဘင်္ဂါလီကုလား ( ရိုဟင်ဂျာဆိုသူ ) တွေကို နိုင်ငံတော်က နိုင်ငံသားအဖြစ် အသိအမှတ် မပြုသေးဘူလည်း ဆိုရဲ့။ သူတို့က မဲပေးခွင့် ( suffrage ) တော့ရနေကြပြီး၊ မြို့နယ်လူဦးရေ၏ ၇၅ - ၉၀% ခန့်ထိရှိသော သူတို့လူမျိုးတွေပဲ လွှတ်တော်အမတ်တွေ ဖြစ်နေကြပါသည်။ ကျနော်က ဘူးသီးတောင်မှာ မွေးဖွားခဲ့သူပါ။ ဒါကြောင့် ဘင်္ဂါလီတွေကို မုန်းတီးလှသည် မဟုတ်ပါ။ ထို့ကြောင့်ပင် သူတို့ကို Humanitarian basis ဖြင့် ခုနကပြော ခဲ့သည့် Resident ID လောက်၊ Permanent Resident status လောက်ထိတော့ ပေးထိုက်သည်ဟူသော ပုဂ္ဂလိကအမြင်ရှိသူလည်း ဖြစ်ပါသည်။ ထိုအမြင်မျိုးရှိသဖြင့် ကျနော် “ရိုဟင်ဂျာ အရေး” ပိုစ့်တွေမှာ ဘာမှ ဝင်မပြောတာ ဖြစ်ပါသည်။ ဒါပေမဲ့ သူတို့ကို “နိုင်ငံသား” ( citizenship ) ပေးထိုက်၊ မပေးထိုက် ကိစ္စကတော့ ပြည်ထောင်စုလွှတ်တော်မှာ “နိုင်ငံသားပြုခြင်းဆိုင်ရာကော်မီတီ” လိုမျိုး ကော်မီတီတွေ ဖွဲ့ပြီး အဲသည် ကော်မီတီရှေ့မှောက်မှာ သမိုင်းပညာရှင်တွေ၊ ဥပဒေ ပညာရှင်တွေက စာတမ်းဘာတွေ ဖတ်၊ သေချာ debate လုပ်ပြီးမှ  ပြည်ထောင်စုလွှတ်တော်က သင့်မြတ်သည်ဟု ထင်မြင်တဲ့အတိုင်း မဲပေးဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်ဟု ထင်ပါသည်။ ကျနော့် အမြင်အရ သူတို့ “တိုင်းရင်းသား” မဟုတ်တာတော့ သေချာသလောက် ရှိပါသည်။ ဗြိတိသျှကိုလိုနီခေတ် အိန္ဒိယနှင့် မြန်မာ ဥဒဟိုသွားလာနိုင်ခဲ့စဉ်က သူတို့ ယခု ဘင်္ဂလားဒေရှ့်နိုင်ငံ ဖက်ခြမ်းမှ  မြန်မာနိုင်ငံဖက်သို့ လှိမ့်ဝင်လာ ခဲ့ကြတာသာ ဖြစ်မည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။

     သူတို့ အာရပ်ဖက်က လာခဲကြသည်ဟု ပြောနေကြတာက တကယ် မဖြစ်နိုင်ပါ။ အကြောင်းမှာ အာရပ်ဖက် က လာလျှင် အာရပ်ယဉ်ကျေးမှု၊ ဘာသာစကားတခုခု ပါလာရပါမည်။ ယခု သူတို့၏ ဘာသာစကားမှာ ယနေ့ ဘင်္ဂလားဒေ့ရှ် အရှေ့ဖက်ခြမ်းက ဘာသာစကား ( dialect ) နှင့် ၁၀၀% အတူတူ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒက္ကားတွင် နေသူတို့၏ dialect နှင့် အကြမ်းအားဖြင့် ၉၀% လောက် တူညီသည်ဟု သိရပါသည်။ ထို့ကြောင့် သူတို့သည် Bangladesh origin ဖြစ်သည်မှာ ထင်ရှားပါသည်။ ဒါပေမဲ့သူတို့ မြန်မာပြည်ဖက် အခြမ်းသို့ ရောက်နေကြသည်မှာလည်းအနည်းဆုံး မျိုးဆက်လေးဆက် ( အနည်းဆုံး နှစ်ပေါင်း ၁၀၀ ကျော်ခန့် ) လောက်တော့ ရှိပြီဟု ထင်ပါသည်။ ယခု သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ငါ့နိုင်ငံသားမဟုတ်ဟု ဆိုပါသည်။ မြန်မာကလည်း ငါ့နိုင်ငံသားမဟုတ်ဟု ဆိုပါသည်။ မြန်မာ နအဖအစိုးရ လက်ထက်တုန်းကတော့ ( အခုတော့ မသိ ) သူတို့လူမျိုးလူငယ်တွေ အိမ်ထောင်ပြုချိန်တန်လျှင် မြန်မာနယ်စပ်တလျှောက်ရှိ နစကတပ်ဖွဲ့ ထံတွင် သတို့သား+ သတို့သမီး အမည်တို့ကို ဖော်ပြလျှက် လက်ထပ်ခွင့် တင်ရပါသည်။ ၆ လ မှ တနှစ်အကြာတွင် ခွင့်ပြုချက်ကျလာမှ သူတို့ လက်ထပ်ကြရပါသည်။ ထို့ကြောင့် လက်ထပ်ခွင့် မြန်မြန် ကျအောင် နစက တပ်ဖွဲ့မှူးကို ရေ ( ငွေ ) လောင်းကြရပါသည်။ ထိုကာလ အတွင်း ခိုးရာလိုက်ခဲ့လျှင် ထောင်ဒါဏ် ၅ နှစ်၊ ခိုးရာလိုက်ပြေးစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖက်သို့ ကူးသွားခဲ့သေး သည်ဟု ယူဆခြင်း ခံရလျှင် ယင်းတရားမဝင် နိုင်ငံကူးခြင်း အတွက် ထောင်ဒါဏ် ( ၇ ) နှစ်၊ နှစ်ရပ် ပေါင်းသော် လူကြားမကောင်း လောက်အောင်ပင် သတို့သား၊ သတို့သမီး ( ? ) တွေက ထောင်ဒါဏ် ( ၁၂ ) နှစ် အထိ ကျခံကြရပါသည်။ သည်လိုတွေ လုပ်တာကတော့ လူမဆန် လှဟု ထင်မိပါသည်။ ကျနော်တဦးတည်း၏ သဘောမှာ သူတို့ကို Permanent Resident လောက်ပေးထား၊ လူလိုလည်း ဆက်ဆံပြီး Citizenship ကိုတော့ ခပ်ဖြေးဖြေး အချိန်ယူပြီး စဉ်းစားရန် ဖြစ်ပါသည်။ ဤသို့ နိုင်ငံသား အဆင့်အတန်း ( Citizenship ) ပေးရန် တရားဝင် ဆုံးဖြတ်ချက် မကျသေးချိန် အတွင်း ဥပဒေ သဘောအရ သူတို့၏ မဲပေးခွင့်နှင့် အရွေးခံပိုင်ခွင့် ( suffrage ) ကို ရုပ်သိမ်းထားရမည် ဖြစ်ပါသည်။ ဥပမာ။ ။ ကျနော့်မှာ လက်ရှိအားဖြင့် Oregon State Photo ID နှင့် Permanent Resident Card ( Green Card ) လက်ဝယ် ရှိပါသည်။ Social Security Number လည်း ရှိပါသည်။ သို့ရာတွင် ကျနော် Citizen မဟုတ်သေးသဖြင့် ဒီနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ( နှင့် ဘယ်ရွေးကောက်ပွဲမှာမှ ) မဲပေးခွင့်မရှိသေးပါ။       

     State Photo ID ၏ သဘောတရားမှာ ဒီလူတယောက် ဘယ်နေ့က မွေးဖွားခဲ့ပြီး ဘယ်ပြည်နယ်၊ ဘယ်မြို့မှာ လက်ရှိနေထိုင်သည် အဓိပ္ပါယ်လောက်မျှသာ ရှိပါသည်။ ဒီနိုင်ငံမှာ စာတိုက်ကလာသည့် စာ နှစ်စောင် ပြရသည့်ကိစ္စကို မြန်မာ့နည်းမြန်မာ့ဟန် ပြောင်းလိုက်လျှင် ရပ်ကွက်လူကြီး၏ အိမ်အမှတ် ဘယ်လောက်တွင် အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံချက်ဖြင့် အစားထိုးနိုင်မည် ထင်ပါသည်။     ထို့ကြောင့် မြန်မာပြည်ထဲမှာ အိမ်ပိုင်ရာပိုင်နှင့် တကယ်နေထိုင်သည့် (သူတို့၏ နိုင်ငံသားဖြစ်မှု/ မဖြစ်မှု အတွက် အငြင်းပွားဖွယ်ဖြစ်သော ) တရုတ်၊ ကုလားတို့ကို State Photo ID လောက် ထုတ်ပေးတာက ( ရေးကောက်ပွဲမှာ အရွေးခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့် မရှိသဖြင့် ) ကိစ္စမရှိလောက်ဟု ထင်ပါသည်။

     US မှာ အမြဲတမ်း နေထိုင်ခွင့် ( Green Card or Permanent Resident Status ) ကို အမေရိက သို့ တရားဝင်ရောက်ရှိ၍ တနှစ်နေပြီးလျှင် လျှောက်ခွင့် ရှိပါသည်။ ၅- နှစ်နေပြီးလျှင်တော့ နိုင်ငံသား ( Citizen ) လျှောက်ခွင့် ရှိပါသည်။ ထိုသို့ နိုင်ငံအတွင်း “အမြဲတမ်း နေထိုင်ခွင့် ပြုခြင်း”၊  “နိုင်ငံသားပြုခြင်း” တို့မှာ နိုင်ငံတော် လုံခြုံရေး အတွက် အတော်အရေးကြီးသည် ဖြစ်၍ ထိုကိစ္စများကိုတော့ “Department of Homeland Security ( DHS )” ( အမိမြေ လုံခြုံရေးဝန်ကြီးဋ္ဌာန ) ကပဲ လုပ်ပါသည်။ ပြည်နယ်က လုပ်ပိုင်ခွင့် မရှိတော့ပါ။

     ကျနော်တို့ နိုင်ငံမှာလည်း ပြည်ထောင်စုအစိုးရ၏ လဝက ဝန်ကြီးဋ္ဌာနကို US က DHS သဖွယ် မှတ်ယူမည်ဆိုလျှင်တော့ အဲသည် State Photo ID Card တွေကို ပြည်နယ်အစိုးရ လက်အောက်ခံ Immigrant ရုံးတခုက လုပ်ပေးသင့်သည်ဟု ထင်ပါသည်။ ပြည်နယ် တပြည်နယ် အတွင်းရှိ လူဦးရေစာရင်းကို Excel လို data-managing software တွေနှင့် computerized လုပ်ထားလျှင်၊ website တခုလောက်လည်း လုပ်ထားလျှင် website ထဲ ဝင်ရောက် ကြည့်ရှုချိန်ရှိ ပြည်နယ်တခု၏လူဦးရေ၊ ကျားဦးရေ၊ မဦးရေ၊ မွေး/သေ ဦးရေ၊ အသက် ၁၈-၆၀ နှစ်အတွင်းလူဦးရေကိုပင် ချက်ချင်းသိနိုင်မည် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်း စုစုပေါင်းလိုက်လျှင် လက်ရှိအချိန်ရှိ တနိုင်ငံလုံး လူဦးရေ ကိုလည်း ချက်ချင်းသိနိုင်မည် ဖြစ်ပါသည်။ ဤသို့အားဖြင့်  မြို့နယ်တခု၏မဲဆန္ဒရှင် ဦးရေကို အလိုရှိလျှင် Excel ကို ၁၈ နှစ်နှင့်အထက် လူဦးရေ စာရင်းလုပ်ပေးပါဦး ဟု ခိုင်းပြီး print လုပ်လိုက်ရုံသာ ရှိပါသည်။ ( သိပ်ခက်သောကိစ္စ မဟုတ်၊ ကျနော်တို့နိုင်ငံသား မြန်မာလူငယ်တွေ အလွယ်တကူ လုပ်တတ်ကြသောကိစ္စများ သာဖြစ်ပါသည်။ ) ဤမခက်သောကိစ္စတွေကို ကျနော်တို့ မြန်မာပြည်မှာ တော်တော်ခက်နေကြ၍ ဒီမှာလုပ် နေကြပုံ ကိုကြည့်ပြီး ဆွဲဆန့်တွေးကြည့်မိ ခြင်းဖြစ်ပါ သည်။ ကျနော်တို့သည် ခက်နေကြတာတွေကို ပိုမို လွယ်ကူအောင်၊ ထိုင်းနိုင်ငံမှာ ဖုန်းရောင်းသကဲ့သို့ ရိုးရိုးရှင်းရှင်းလေး ဖြစ်နေအာင် လုပ်ကြရပါမည်။ ထိုသို့ လုပ်သောအခါ သူများဆီ ကပဲ ဖြစ်ပါစေ၊ ကောင်းတာတွေကို ယူသော် မကောင်းပါလော့..။


( ဆက်လက် ရေးသား ပါဦးမည် ) 

Sunday, March 25, 2012

ကောင်းတာတွေကိုယူသော် မကောင်းလော့ ( ၁ )


ကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့် သီလ ( Universal human ethic )

( စကားဦး။ ။ ကျနော် ယခုရေးမည့်စာမှာ အမေရိကန်တွေကို အထင်ကြီးနေသည်ဟု ယူဆလိုသူတို့က ယူဆ နိုင်လောက်ဖွယ် ရေးသားချက်များ ပါဝင်ပါသည်။ ထို့ကြောင့် ကြိုတင်ပြောပြထားလိုသည်မှာ ကျနော် ကိုယ့်မြန်မာလူမျိုးတွေကို ညံ့လှချည့်ဟု မထင်ပါ။ ကျနော်တို့မြန်မာနိုင်ငံသားများသည် “အကောင်း၊ အစစ်၊ တရားမျှတမှု နှင့် ဓမ္မ” ကို အလွန်ချစ်သူများ ဖြစ်ကြပါသည်။ ဥပမာပြရလျှင် သူတို့က တရားမျှတမှု ( ဓမ္မ ) ကို ချစ်လှသဖြင့် တရားမဲ့အနိုင်အထက်ပြုလေ့ရှိသည်ဟု သူတို့ခံစားမိကြသော ( အထူးသဖြင့် ) ယခင်စစ်အစိုးရ၊ ကြံ့ဖွံ့ပါတီတို့ကို ခါးခါးသီးသီးမုန်းတီးကြပြီး၊ ထိုသူတို့၏ တရားမဲ့အနိုင်ကျင့်ခြင်းကိုခံရသော၊ တရားရှိသော၊ အသိဥာဏ်ကြီးသော ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့၏ “အမေ” တယောက်သဖွယ် အားကိုးချစ်ခင် ကြပါသည်။ ဒါက “အကောင်း၊ အစစ်” ကိုသိမြင်မှု ဖြစ်ပါသည်။ ကျနော့် အမြင်အရ “အကောင်း၊ အစစ်ကိုသိသော၊ တရားမျှတမှု( fairness ) ကို ချစ်သော၊ မတရားမှုကို မတရားမှုမှန်းသိသော လူမျိုးတမျိုးသည် ဘယ်လိုမှ နှယ်နှယ်ရရ၊ ခပ်နိမ့်နိမ့် လူမျိုးတမျိုး မဟုတ်နိုင်ပါ။ ထို့ကြောင့် ကျနော့်လူမျိုး၏ ဦးခေါင်းနှင့် နှလုံးသားကို ကျနော် အထင်မသေးပါ။ မိမိလူမျိုးကို အထင်မသေးသောသူသည် အခြားတပါးသောလူမျိုးကို ပစ္စလက်ခတ်ကြီး အထင်မကြီးနိုင်ပါ။ ကျနော်လည်းအမေရိကန်တွေကို “အကုန်သိ၊ အကုန်တတ်၊ အကုန်တော်၊ အကုန်ကောင်း” ဟုမထင်ပါ။  
     
     ဒါပေမဲ့ ကျနော်တို့နိုင်ငံသားတွေက တံခါးပိတ်ပြီး နှစ်ပေါင်း (၅၀) လောက်နေလာကြတာ ဖြစ်၍ ( အမေရိကန် တွေကမှမဟုတ် ) တကမ္ဘာလုံးက စံအဖြစ်လက်ခံထားသော “တကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့်သီလ” ( universal human ethic ) အချို့ကို အကျွမ်းတဝင် မရှိသေးဟု ထင်မိပါသည်။ ကျနော်တို့နိုင်ငံမှာ “စီးပွားရေးမဖွံ့ဖြိုးသော ခေတ်စနစ်တခုထဲမှာ နေခဲ့ရစဉ်က လူတဦးအသက်ရှင်ရပ်တည်ဖို့ ထားရှိရသည့်သဘောထားစံ” ( attitudes for one’s survival in an age of poverty ) - ဥပမာ၊ လာဘ်စားတာကို ရုံးလုပ်ထုံးလုပ်နည်းတခု ( သိပ်မဆိုးလှ ) ဟု ထင်နေတော့တာ၊ အာဏာရှိသူက အာဏာပြ တာကို လူ့သဘာဝ ( ရှက်ဖွယ်မရှိ ) ဟု ထင်နေတော့တာတွေကသာ အားကောင်းနေဆဲဟု ထင်ပါသည်။ သို့ဖြစ်၍ ကျနော်တို့ ပြည်ပရောက်နေကြသည့် မြန်မာတွေအနေဖြင့် ကိုယ့်နိုင်ငံကို ကမ္ဘာနှင့် တကယ် ရင်ဘောင်တန်းစေလိုကြလျှင် ကမ္ဘာ့စံဖြင့်လူတိုင်းထားရှိသင့်သည့် “ကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့် သီလ” ( universal human ethic ) တွေကိုလည်း ကြားခဲ့သူ၊ မြင်ခဲ့သူတို့က ပြန်လည် ဖြန့်ဖြူး မျှဝေကြရန် ဝတ္တရားရှိသည်ဟု ယူဆပါသည်။ ထိုသို့ ယူဆသည့်အလျောက် ကျနော် နှစ်သက်မိသော အမေရိကန်တွေ၏ ( ကမ္ဘာ့နိုင်ငံသားတွေ၏ ) ကိုယ်ကျင့်သီလအချို့ကို ပြန်လည်မျှဝေ ( ပြောပြ ) ခြင်းသာ ဖြစ်ပါသည်။
      
     ထိုသို့ ပြန်လည်ပြောပြရာတွင် ကျနော့်အဖို့ အလွယ်ကူဆုံးနည်းလမ်းမှာ ကျနော့်အကြောင်း ( အတတ်နိုင်ဆုံး အကျဉ်းချုပ်လျှက် ) ပြောပြရင်း မိမိတွေ့ကြုံခဲ့ရပုံကို ပြောပြခြင်း ဖြစ်ပါသည်။ မည်သို့ပင် အကျဉ်းချုပ်သည် ဆိုစေကာမူ ကျနော့်အကျင့်ဆိုးအရ ကိုယ့်အကြောင်းပြောဖြစ်လျှင် ဟိုဟာလည်း ပါစေချင်၊ ဒီဟာလည်း ပါစေချင်ကာ အကျဉ်းချုပ်နေသည့်ကြားမှ ပေရှည်သွားတတ်ပါသည်။ အဲဒါအတွက်တော့ ခွင့်လွှတ်တော် မူကြပါကုန်။ ခင်ဗျားတို့အဖို့ ခရီးသွားဆောင်းပါးလည်း ဖြစ်သေးတာပေါ့ဗျာ..း)) ဒါပေမဲ့ ဒီနေရာမှာ နားလည်မှု ရှိစေချင်တာက ကျနော့်အကြောင်း ပြောပြချင်လို့ ကျနော် ဒီစာကိုရေးတာတော့ မဟုတ်ပါ။ ဤ post မှာတော့ ကျနော့်ဘဝတကွေ့မှာ အဲသည်လို ethical ဖြစ်တဲ့လူတွေ တွေ့ခဲ့ရပါသည်လို့ ပြောချင်တာကသာ အဓိက ဖြစ်ပါသည်။ ထိုအကြောင်းကို ကိုယ့်အကြောင်း ထည့်မပြောပြဘဲ ပြောလို့မရ ( ကျနော် မပြောတတ် ) သဖြင့် ကိုယ့်အကြောင်း ကျွဲကူးရေပါ ထည့်ပြောခြင်း ဖြစ်ပါသည်။ နည်းနည်းလောက် ကြီးကြီးကျယ်ကျယ်ပြောရလျှင် ကျနော် ကိုယ့်အကြောင်းပြောချင်လို့ထက် ကိုယ့်မွေးတိုင်းပြည်ကို ချစ်ခင် သော၊ အကျိုးများစေလိုသော စေတနာဖြင့်သာလျှင် ဤစာကိုရေးပါသည်။ “ကျုပ်ကဟောဒီလို၊ ကျုပ်တို့ အမေရိကမှာ ဟောဒီလို .. ” ဟု အနှစ်မဲ့ ကြွားလိုရင်းစွဲနှင့် ရေးတာမဟုတ်ရပါကြောင်း..း))
……………………………………………………..

( ၁ )

     ၂၀၀၄ -ခုနှစ် ဒီဇင်္ဘာလ ( ဆူနာမီငလျှင် မလှုပ်သေးမီကလေး ) တွင် ကျနော် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ပါသည်။ မဲဆောက်ကို သွားလည်ချင်လျှင် မြဝတီ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားဂိတ်မှာ မြန်မာငွေ ၅၀၀-၁၀၀၀ ကြားလောက် တရားဝင်ဝန်ဆောင်ခပေးပြီး ဓါတ်ပုံရိုက်၊ Pass ယူတာတို့ လုပ်ရပါသည်။ ဒါပေမဲ့ နိုင်ငံခြားသွားမည့်ကျနော့်မှာ ရန်ကုန်ကနေ မြဝတီထိ ကားစီးလာပြီး၊ ဘုန်းကြီးကျောင်းတခုမှာ တညတည်းခို၊ ထမင်းတနပ် ဝယ်စားပြီးနောက်  မြန်မာငွေ (၆၀) ကျပ်ပဲ ကျန်ရှိတော့ရာ လူတယောက်က ရခိုင်လဘက်ရည် ဆိုင်တခုမှာ Pass အတွက် လိုအပ်ငွေကို အကူအညီတောင်းလို့ရလိုရငြား ကျနော့်ကိုလိုက်ပြပြီး ဆိုင်ရှင်နှင့် လည်းမိတ်ဆက်ပေးပါသည်။ ဒါပေမဲ့ထိုရခိုင်ဆိုင်ပိုင်ရှင်က ကျနော့်လိုမသန်စွမ်းသူတဦးအနေဖြင့် Pass အတွက် တံတားဂိတ်ကလူတွေကို ပြောပြပြီး ကင်းလွတ်ခွင့် ရမည်ထင်ကြောင်း၊ ထို့ကြောင့် Pass အတွက် မဟုတ်ဘဲ ဟိုဖက်ကမ်းမှာ မဲဆောက်သွား လိုင်းကားစီးဖို့အတွက် ထိုင်းဘတ် ( ၂၀ ) ( မြန်မာငွေ ၅၀၀ ကျပ်ခန့် ) ပဲ ပေး ချင်ကြောင်းပြောပြီး ဘတ် ( ၂၀ ) လှူဒါန်းလိုက်ပါသည်။ သူပြောသည့်အတိုင်း တံတားဂိတ်မှာတွေ့သည့် လဝက အရာရှိတွေကို အလေးတွေဘာတွေပြု၊ “ဗိုလ်ကြီး.. ကျနော် ဟိုဖက်ကမ်း ခဏသွားချင်လို့၊ ဒါပေမဲ့ ငွေလည်း မပြည့်ဘူး ဖြစ်နေလို့” ဟု ပြောပြရာ “သွားပါဗျာ” ဟု ခွင့်ပြုလိုက်ပါသည်။ သို့နှင့် ကျနော် ကျောပိုးအိတ် နှစ်လုံးပိုးပြီး တံတားပေါ် လမ်းလျှောက်လာရာ တံတားအလယ်လောက် ရောက်တော့ အမျိုးသမီး တယောက်က “ဦး ပိုက်ဆံလဲ ဦးမလား” ဟုမေးပါသည်။ ကျနော်က “မလဲတော့ဘူး” ဟု နှုတ်ကပြောရင်း စိတ်ထဲမှာတော့ “ငါ့ မြန်မာငွေ ၆၀ ကိုလဲလိုက်ရ မကောင်းပဲ ရှိရော့မယ်။ ထိုင်းငွေ ၂ ဘတ်လောက်တော့ ရမယ် ထင်ပါရဲ့” ဟု ခပ်ပြုံးပြုံးလေး တွေးနေမိပါသည်။ ကျနော်ကား ထိုင်းနိုင်ငံကို အဲသည်လို “အရပ်ကယ်ပါ၊ လူဝိုင်းပါ” နှင့် ရောက်သွားလေသူတည်း။
    
     ဇာတ်လမ်းကို ချုံ့သော် “အရပ်ကယ်ပါ လူဝိုင်းပါ” နှင့်ပင် ကျနော် ထိုည မဲဆောက်နှင့် ကီလိုမီတာ ( ၅၀ ) ခန့် ဝေးသော “Mala refugee camp” ( ဘဲကလောစခန်းဟု အခေါ်များ )  သို့ရောက်သွားပါသည်။ သူတို့က ကျနော့်မှာ ဘာဆွေမျိုး၊ အသိအကျွမ်းမှ မရှိဘဲနှင့် သူတို့စခန်းသို့ တန်းတန်းမတ်မတ် ရောက်လာသဖြင့် မသင်္ကာ ဖြစ်ကာ ကျနော့်ကို အချုပ်ထဲထည့်ထားလိုက်ကြပါသည်။ အဲသည်မှာ ( ၂ ) ပတ်လောက်နေပြီး ကျနော့်ကို လာတွေ့သော ရခိုင်အဖွဲ့အစည်းတခု၏ ထောက်ခံချက်အရ ဖြစ်ဟန်တူပါသည်။ သူတို့ ကျနော့်ကို မဲဆောက်မြို့သို့ ထွက်သွားရန် သတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြပါသည်။ ( သူတို့ကျနော့်ကို မနှိပ် စက်ကြပါ။ ဒါပေမဲ့ အခန့်မသင့်လျှင် ……. ခံရနိုင်သည်ဟု နောင်အခါတွင်မှ သိပါသည်။ ကျောချမ်းစရာပေ..း)   
     
     သည်လိုနှင့် ကျနော်မဲဆောက်သို့ ရောက်လာပါသည်။ မဲဆောက်မြို့ကား မြန်မာလူဦးရေသိန်းချီရှိသော၊ မြန်မာစကားသံ ဆူညံနေသော၊ မြန်မာ ထမီဝတ် သော မြို့ဖြစ်ပါသည်။ ကျနော်အဲသည်မှာ မြန်မာတွေ အဖြတ်အသန်းများသော ထိုင်းဘုန်းကြီးကျောင်း ဝင်း တခုသို့သွားပြီး စာရွက်တရွက်ပေါ်မှာ လက်ရေးနှင့် “ဗေဒင်ဟောသည်။ ဟောခ.. စေတနာကြေး” [ “Mr. Fortune-teller; Service Charge: Up to You!” ] ဟု ကြော်ငြာလိုက်ရာ ပထမဟောသည့်နေ့မှာပင် မြန်မာအလုပ်သမ ၄-၅ ယောက်လောက် ဟောရပြီး သူတို့က ပျမ်းမျှ ( ၂၀ ) ဘတ်လောက်စီ ပေးသွားကြသဖြင့် ဘတ် ( ၁၀၀ ) နီးပါးလောက် ရလေသည်။ မဆိုးလှ။ ဘတ် ( ၁၀၀ ) ဆိုသည်မှာ မြန်မာအလုပ်သမား ( ပန်းရံ စသည် ) တယောက်၏ တနေ့ လုပ်ခလစာလောက် ရှိပါသည်။ ( ကျနော်က ဆရာကြီးမင်းသိင်္ခ ဗေဒင်သင်တန်း တကြိမ်တက်ဖူးသည်။ တကြိမ်တည်း တက်ရုံနှင့် သားတပည့် တွေဘာတွေ လုပ်ခွင့်မရှိသဖြင့် ဘယ်သူ့သားတပည့် ဆိုတာတွေ ထည့်မရေးဖြစ်ပါ ) ထိုနေရာသို့ နေ့တိုင်း သွားနေရာ ကျနော့်ဆီ အပျော်တမ်း ဗေဒင်လာမေးသော ကျောင်းထိုင်ဆရာတော်က မြန်မာကပ္ပိယမှ တဆင့် “အဲသည် မြန်မာပြည်က ဗေဒင်ဆရာ ဤကျောင်းသို့ ပြောင်းလာလိုက ပြောင်းလာစေ.. သူ့ကို အခန်းတခု စီစဉ်ပေးလိုက်” ဟုမိန့်ကြားသည်ဟု သိရပါသည်။ သည်လိုနှင့် ကျနော် မဲဆောက်ရောက်ပြီး ( ၁၀ ) ရက် လောက်အကြာမှာ ထိုင်းဘုန်းကြီး ကျောင်းတခုသို့ ရောက်လာပါသည်။ နေစရိတ်၊ စားစရိတ် အတွက် ပူစရာ မလိုတော့ပေ။
     
     အဲသည် အချိန်မှာ ကျနော် journalism ကို စိတ်ဝင်စားသည်ဟု ပြောမိသော နိုင်ငံခြားသား (NGO တခုမှ ) တယောက်က ဇင်းမယ် ( Chiang Mai ) မှာ သွားဖြေရမည့် J-School Entrance Test တခုအတွက် လျှောက်လွှာကို ကမကထ လုပ်၍ တင်ပေးလိုက်ပါသည်။ အဲသည် test ဖြေရဖို့ နီးလာချိန်မှာတော့ Harvard University မှာ သင်္ချာနှင့် ကျောင်းပြီးထားပြီး၊ ( ကျနော် သဘောပေါက်မိသလောက် ) ကမ္ဘာအရပ်ရပ် မှာ သင်္ချာကို ဘယ်လိုသင်ပေး၊ သင်ယူကြသလဲလို့ သူတို့ကျောင်းက sponsor လုပ်ကာ သုတေသနလုပ် ခိုင်းသည့် ဂျူးလူမျိုး အမေရိကန်တယောက်နှင့် ဘုန်းကြီးကျောင်းဝင်းထဲမှာ တွေ့၍ခင်သွားပါသည်။ သူက ကျနော်တို့ကျောင်းက ထိုင်းဘုန်းကြီးတွေကို ဓါတ်ပုံရိုက်ခွင့်တောင်းနေရာ မဲဆောက်ကဘုန်းကြီးတွေက အင်္ဂလိပ်လိုမရကြ၍ ကျနော့်ကိုခေါ်ရာမှ “ဟ.. ခင်ဗျား အင်္ဂလိပ်လို ရသားပဲ” ဆိုကာ ခင်သွားတာ ဖြစ်ပါသည်။ သူက ထိုည restaurant တခုမှာ ထမင်းကျွေးပြီး ကျနော့်ကို interview လုပ်ချင်သေးသည် ဆိုသဖြင့် ကျနော် က လက်ခံကာ ဘန်းကြီးကျောင်းဝင်းထဲသို့ ပြန်လာကြပြီး သူမေးတာတွေကို ဖြေပါသည်။ သူက အဲဒါကို ဗီဒီယို ကင်မရာနှင့် ရိုက်ထားပါသည်။ အဲသည်မှာ “လောလောဆယ် ဘာတွေလုပ်နေလဲ” မေးခွန်းကို ဖြေသောအခါ  J-School လျှေက်ထားသည့်ကိစ္စ ပါသွားပါသည်။ “ကျနော်တို့ နိုင်ငံမှာ လောလောဆယ် ပုဂ္ဂလိက သတင်းစာ မရှိဘူး၊ နောင်တချိန် ရှိလာလိမ့်မယ်။ တချိန်မှာ journalism နဲ့ တိုင်းပြည် တည်ဆောက်တဲ့ထဲ ကျနော်လည်း ဝင်ပါချင်လို့ journalism ကို စနစ်တကျ တတ်ထားချင်တာပါ” ဆိုတာကို သူ နှစ်ခြိုက်ပါသည်။
     
      ထို့ကြောင့် သူထိုကိစ္စကို အရမ်းစိတ်ဝင်စားသွားပြီး ကူညီမည်ဟု ဆိုလာပါသည်။ ချင်းမိုင်တက္ကသိုလ်မှာ သူ့ကျောင်းနေဖက် မြန်မာမလေးတယောက် တက္ကသိုလ်ဆရာမ လာလုပ်နေတာရှိပါသတဲ့။ ဆရာဝန်မိဘ နှစ်ပါး၏သမီး ဟုဆိုပါသည်။ သူမကို ( ကျနော့်အား ကူညီစောင့်ရှောက်ဖို့ ) သူမှာမည်ဟုဆိုသည်။ အခြေအနေ ကို သိရအောင် ကျနော့်ရှေ့မှာပဲ သူဖုန်းဆက်လေသည်။ ဟိုဖက်က “လာခဲ့ပါ။ ငွေတော့ မကူညီနိုင်ပါ။ ကျန်တာ ကူညီနိုင်ပါသည်” ဟု အဖြေရသဖြင့် ချင်းမိုင်သွားလမ်းစရိတ်နှင့် ဟိုမှာနေမည့် ၂-လစာလောက် နေထိုင် စားသောက်စရိတ် ငွေကြေးကို သူတာဝန်ယူမည်ဟု ကျနော့် ရှေ့မှာပင် သူမကို ကတိပေးလိုက်သည်။ မြန်မာတယောက် ချင်းမိုင်၊ ဘန်ကောက်တို့ကို သွားလိုလျှင် ဆိုင်ရာပိုင်ရာ ( ထိုင်းထောက်လှမ်းရေး ) နှင့်ပေါင်းပြီး၊ ငွေခင်းပြီးသွားရတာ ဖြစ်ပါသည်။ ကျနော် အဲဒါကို ပြောပြရာ ထိုငွေကို သူခင်းပါမည်ဟု ဆိုလေ၏။ ကြားဖူးတာက ဂျူးလူမျိုးဆိုတာ အင်မတန် ကပ်စေးနည်းလှသည်ဟု။ ကျနော့် ဒီသူငယ်ချင်း ကတော့ အားနာဖို့ ကောင်းလောက်အောင်ပင် ရက်ရောသူ ဖြစ်ပါသည်။ နောက်တနေ့ refugee camp တွေမှာ သင်္ချာကို ဘယ်လို သင်သလဲ၊ ဘာသင်ရိုးအတိုင်း သင်သလဲ သိချင်လို့ သူသွားလေ့လာချင်သည့် မဲဆောက်မြို့ မြောက်ဖက် ၂၅၀ ကီလိုမီတာ အကွာလောက်မှာ ရှိသောမဲလဦးစခန်း ( refugee camp ) ခရီးမှာ ကျနော့်ကို စကားပြန်ဟုဆိုကာ ခေါ်သွားပါသည်။ အဲသည် စခန်းတည်ရှိသည့် “မဲစရီယန်း” မြို့နယ် အုပ်ချုပ်ရေးမှူးက စခန်းထဲသို့ တာဝန်မရှိ သော နိုင်ငံခြားသားကို ပေးမဝင်စေလိုသဖြင့် နှစ်ရက်လောက် စောင့်ပြီး၊ မဝင်ရဘဲ ကျနော်တို့ မဲဆောက်သို့ ပြန်လာကြပါသည်။
     
     ထို့နောက် မဲဆောက်ရှိ မြန်မာနိုင်ငံရေးရုံးတခုသို့ ချင်းမိုင်ကိုသွားရသည့်လမ်းကြောင်းကို သွားရောက် စုံစမ်းကြရာ ဓါတ်ပုံ ( ၃ ) ပုံနှင့် ဘတ် ၅၀၀၀ ပေးရမည်ဟု ဆိုပါသည်။ ထိုင်းထောက်လှမ်းရေးတွေက ကျနော့် ကို စစ်ဆေးမေးမြန်းစရာရှိသည့် တရားခံတဦးအနေဖြင့် ချင်းမိုင်ထိ ခေါ်သွားလိမ့်မည်ဟု ဆိုပါသည်။ ထိုစကား ကို သူကြားရပြီဖြစ်၍ အဲသည်ရုံးကပြန်လာပြီးနောက် ( အဲသည်နေ့ ညနေမှာ သူ ဘန်ကောက်သွား လေယဉ် စီးရဖို့ရှိရာ လေယဉ်ကွင်းမသွားမီ ကျနော့်ကို ထိုင်းဘတ် ၈၀၀၀ ( US $ 200 ဖိုး ဖြစ်မည်၊ ထိုစဉ်က ဒေါ်လာ တရာ ဘတ်လေးထောင်ခန့်ရပါသည်။ ) ပေးထားခဲ့ပါသည်။ “ဒါ လမ်းစရိတ် အတွက်ပဲ။ နည်းနည်းပိုတဲ့ငွေနဲ့ ဖုန်းတလုံး ဝယ်လိုက်ပါ။ ကျနော် မနက်ဖြန်လောက်ဆို ဂျပန်ရောက်နေရော့မယ်။ ဂျပန်ကနေ ကျနော် မ….. ( မြန်မာမလေး) ဆီကို ခင်ဗျားနေရေးထိုင်ရေးအတွက် Apartment တခန်းငှားဖို့ရယ်၊ အစားအသောက် အတွက် ရယ် ငွေပို့ပေးထားပေးမယ်.. ဖုန်းနံပါတ်နဲ့ အခြေအနေ အရပ်ရပ်ကို ကျနော့်ဆီ email ရေးပါ။ ခင်ဗျား ချင်းမိုင် ရောက်သွားရင် ဖုန်းနဲ့ မ….. ကို အသိပေးပါ” ဟုမှာသွားပါသည်။  
     
     ထိုစဉ် ကျနော့်အတွက် ချင်းမိုင်ခရီး စီစဉ်ပေးမည့် မြန်မာရုံးမှ ဘတ် ၅၀၀၀ နှင့် မရနိုင်တော့ကြောင်း၊ ၆၀၀၀ နှင့်မှရမည်ဖြစ်ကြောင်း ( ကျနော်ပေးထားခဲ့သည့် ထိုင်းဦးဇင်းဖုန်းသို့ ) ဖုန်းဝင်လာပါသည်။ ထိုဦးဇင်းက “ဘာတဲ့လဲ” မေးလို့ ၆၀၀၀ သို့ ဈေးတက်သွားကြောင်း ပြောပြရာ.. “ဒကာကြီး.. ဘာမှ ၆၀၀၀ တွေ ဘာတွေ ပေးမနေနဲ့.. ဒကာကြီးတို့ ဟိုတနေ့ကသွားတဲ့ မဲစရီယန်းကို ပြန်သွား၊ အဲဒီကနေ ဟိုဖက် အဖမ်းအဆီး မရှိတော့ဘူး။ ချင်းမိုင်ကားစီးလိုက်ရင် ချင်မိုင်ရောက်ကရော့။ ကားခနှစ်ရပ်ပေါင်း ၃၀၀ ပဲကုန်မယ်” ဟု မြှောက်ပေးလေသည်။ သည်လိုနှင့် နောက်တနေ့ ကျောင်းရှိဘုန်းကြီးတွေကို ကန်တော့၊ ဗေဒင်ဆိုင်းဘုတ်တွေ ဘာတွေ ဖြုတ်ပြီး ဆိုခဲ့သည့်လမ်းကြောင်း အတိုင်းလာခဲ့ရာ ထိုညသန်းခေါင်ကျော်ခန့်တွင် ချင်းမိုင်သို့ ရောက်လေသည်။ တုတ်တုတ် ( ၃ ဘီးကား ) တစီးငှားပြီး တည်းခိုခန်း တခုသို့သွားပါသည်။ ချင်းမိုင်ကား မဲဆောက်နှင့်မတူ၊ အင်္ဂလိပ်စကား ပြောတတ်လေသည်။ နောက်တနေ့ လမ်းဘေးမှာတွေ့သည့် ဆိုင်တဆိုင် မှာ “Nokia” ဖုန်းတလုံး ဝယ်လိုက်ပါသည်။ မြန်မာပြည်မှာ ဆိုလျှင် ဖုန်းတလုံးရဖို့ အစိုးရကို လျှောက်ရ တာနှင့်၊ ရပ်ကွက်လူကြီးတွေဆီက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် ယူရတာနှင့် တော်တော် ရှုပ်မည့် ကိစ္စပေ။ ထိုင်းနိုင်ငံမှာကား အဲဒီကိစ္စတွေအားလုံး ၅ မိနစ်လောက်နှင့် ကိစ္စပြတ်၊ ပြီးစီးသွားလေသည်။ ဖုန်းရပြီမို့ မဲဆောက် မြန်မာနိုင်ငံရေးရုံးက အစ်မကြီးထံသို့ ကျနော် ဘတ် ၆၀၀၀ မတတ်နိုင်သဖြင့် ဘတ် ၃၀၀ နှင့် စွန့်စား၍လာပြီး ယခုအခါ ချင်းမိုင်သို့ရောက်နေပြီဖြစ်ပါကြောင်း၊ ပြောထားသည့်ကိစ္စကို cancel လုပ်လို ပါကြောင်း အကြောင်းကြားလိုက်၏။ ထိုအစ်မကြီးက ကျနော့်ကို “ကတိမတည်သူ၊ တခါစားလုပ်သွားသူ၊ နောင် ဘယ်တော့မှ အကူအညီ လာမတောင်းပါနဲ့” ဟု ပြင်းထန်စွာ ပြစ်တင် ရှုတ်ချနေလေသည်။ ကျနော်လည်း “ကတိမတည်သူက ကျွန်ုပ် ဖြစ်နေပါပေါ့လား” ဟု အံ့အားသင့်နေမိလေသည်။ ထို့နောက် တက္ကသိုလ်ဆရာမ အမေရိကန် မြန်မာမလေးထံသို့ ဖုန်းဆက်၏။

“Hello, I’m Aye Kyaw Zan, a friend of Jonathan. Are you Ms. ….., and do you speak Burmese?” ဟု ကျနော်က မေးရာ-

“Yes, I am, and I speak Burmese. ဟုတ်ကဲ့ .. um.. ကျမ မြန်မာစကား ပြောပါတယ် .. ဒီနေ့မအားသေး ပါဘူး.. ဒီ week-end မှာ လာတွေ့လို့ ရမလား”

ဟု သူမက ပြန်ဖြေပါသည်။ ထို့နောက် ကျနော် တည်းခိုနေသည့် နေရာ၊ သူမ၏ နေရာ၊ တွေ့ဆုံမည့် အချိန်တို့ကို သတ်မှတ်ကြပြီးနောက် သတ်မှတ်သည့်နေ့တွင် ကျနော်က သူမကို သွားတွေ့ပါသည်။ ကျွန်ုပ် ကောင်းစားနေလိုက်ပုံမှာ ကျနော့်မိတ်ဆွေ Jonathan ထံမှ ထိုင်းဘတ်ငွေ ၁,၃၅၀၀ ဖိုး  ဤ မြန်မာဆရာမလေး ထံသို့ ရောက်နေလေသည်။ သူမက “တသောင်း” လို့ မပြောတတ်သဖြင့် “ရော့.. အခု ဆယ်ထောင် (= ten thousand  ) ယူသွားပါ အကို.. ကျန်တဲ့ ၃၅၀၀ ကို Apartment ရရင်ပေးဖို့ ဒီမှာ ထားမယ်” ဟု ပြောပါသည်။ သူမ စာမေးပွဲစစ်နေရလို့ မအားသဖြင့် ကျနော့်ဖာသာ Chiang Mai Night Bazaar ကိုသွားပြီး ( အဲဒီမှာ မြန်မာတွေ ရှိပါသည် ) Apartment ရှာဖို့လည်း အကြံပြုလိုက်ပါသည်။
     
     သူမ ဘယ်လောက်ရိုးသား၊ အပြစ်ကင်းစင်လိုက်သလဲဆိုလျှင် ( ကျနော်က apartment အမြန်ရမှ ကောင်း မယ်။ မရသေးရင် တရက်ကို ဘတ် ၂၅၀ စီ တရိပ်ရိပ် တက်နေတော့မှာဟု ပူပန်စွာ ပြောမိရာ ) “umm.. ကျမ အခန်းကလည်း လူနှစ်ယောက်နေဖို့ နည်းနည်းကျဉ်းနေတယ်။ နည်းနည်းကျယ်ရင်တော့ အကို့ကို ထားလို့ရ ပါတယ်” ဟူ၏။ ကျနော် သတိထားမိသလောက် အမေရိကန်သူတွေက ယောက်ျားတွေကို ( ကြိုတင်ပြီး ) မယုံကြည်သလိုလို ဘာလိုလို အမူအရာမျိုး ပြသလေ့ မရှိကြပါ။ သူတို့က ယောက်ျားတွေကို ယောက်ျား တယောက် ဆိုတာထက် ( သူ့ ego ကိုဒါဏ်ရာ မရစေသင့်သည့် ) “လူသားတယောက်” ( ignoring one’s sex ) အဖြစ်နှင့်သာ သဘောထားကြတာက ပိုသည်ဟု ထင်မိပါသည်။ ဒီ မြန်မာမလေး အကြောင်း ဆက်ရ သော် သူမက အသက် ၂၀-၂၅ ကြားခန့်၊ Harvard မှ Chemistry နှင့် ကျောင်းပြီးကာစ၊ ချင်းမိုင် တက္ကသိုလ် မှာတော့ American- native speaker တယောက် အနေဖြင့် အင်္ဂလိပ်စာပြဆရာမ ( တနှစ်စာချုပ်နှင့် ) လာလုပ်တာ ဖြစ်ပါသည်။ သူမနေထိုင်သော ကွန်ဒိုမီနီယံက တော်တော် အဆင့်မြင့်ပြီး rent တလ ဘတ် ၉၀၀၀ ပေးရသည် ဟု သိရပါသည်။ ဒါပေမဲ့ ပဲမများလှပဲ ခြေတု၊လက်တုဝတ်ထားသော ကျနော့်မှာ လှေခါး အတက်အဆင်းတို့ တွင် အကူအညီလိုမှန်း သိသည့်အလျောက် သူမ၏ ပခုံးတဖက်ကို ကျနော် လက်တင်ထား နိုင်ရန် အလိုက်သင့် လာရပ်ပေးသူ ဖြစ်ပါသည်။ နောင်အခါ တွေ့ကြသည့် အခါတိုင်းလည်း လှေခါး အတက် အဆင်းတို့တွင် သူမ၏ပခုံးကို ကိုင်ဖို့ အဲသည်လို လာရပ်ပေးမြဲ ဖြစ်ပါသည်။ တခါက မြန်မာဘုန်းကြီးကျောင်း တခုကိုသွားကြရာ ကျနော် ကိုယ့်ဖာသာ ဘိနပ်ချွတ်ရတာ အဆင်မပြေသဖြင့် ဤ ဟားဗတ်တက္ကသိုလ် ကျောင်းသူက မြေကြီးပေါ် ဒူးထောက်ထိုင်ပြီး ဖိနပ်ချွတ်ပေး ရှာလေသည်။ ( သူမ ဘုန်းကြီးကို မရှိခိုးဘဲ နေရာ မှ “ကျမက ခရစ်ယာန် ဘာသာဝင်ပါ အကို” ဟု ခပ်တိုးတိုးပြောပါသည်။ ) ကျောင်းပေါ်မှ ပြန်ဆင်းလာကြ တော့လည်း သူမကပဲ ကျနော့်ကို ဖိနပ်ဝတ်ပေးရပြန်ပါသည်။
     
     သူမ၏ အကြံပြုချက်အတိုင်း ကျနော် ညဈေးကို tok-tok စီးသွားပြီး မြန်မာလို့ ထင်ရသူ၊ မြန်မာစကား ပြောနေကြသူတွေကို apartment တခန်းလောက် ဘယ်မှာငှားလို့ရနိုင်မလဲ မေးကြည့်ရာ သူတို့က Apartment ငှားလို့ရသည့်နေရာတွေကို သိပ်မသိကြပါ။ နောက်ဆုံး ကျနော်အိတ်တလုံးဝယ်သည့် ထိုင်းမလေး ကို မေးကြည့်တော့မှ သူမက tok-tok စီးပြီး ဒီလိပ်စာကို သွားကြည့်လိုက်ပါ ဟု လမ်းညွှန် လိုက်ပါသည်။ ဟိုရောက်တော့ ကျနော့်မှာ passport မရှိဘဲ UNHCR Refugee slip တခုသာရှိသဖြင့် အကျိုးအကြောင်း ရှင်းပြ ပြီးနောက် တလဘတ် ၁၈၀၀ နှုန်း ဖြင့် ( ၂ ) လအတွက် ငှားဖြစ်လိုက်ပါသည်။ ( Apartment manager ကို passport ရနိုင်ရင် အဲဒီလူ refugee တောင်မဖြစ်ဘူးဟု refugee တရားကလေး ဟောလိုက်ရလေသည်း) ကျနော်အိမ်ခန်းရပြီ ဖြစ်ကြောင်း အမေရိကန်မြန်မာမလေးကို ဖုန်းနှင့်ပြောလိုက်ရာ သူမက ကျနော့် တည်းခိုခန်း သို့ လိုက်လာပြီး တရက်လျှင်တည်းခိုခ ( ဘတ် ၂၅၀ × ၄ ရက်အတွက် ) ကျသင့်ငွေ ဘတ် ၁၀၀၀ ကို သူမအိတ်ထဲကပဲ စိုက်ပေးလိုက်ပါသည်။ သူမ Apartment ရှာမပေးနိုင်တာအတွက် အပြစ်မကင်းဟု သူမ ခံစားမိပုံရပါသည်။
     
     သည်လိုနှင့် တလခန့်အကြာတွင် J-School စာမေးပွဲကို ရေးဖြေဖြေပြီးနောက် နောက်တနေ့ လူတွေ့ စစ်ဆေး မေးမြန်းခြင်းခံရစဉ် ကျနော့်ကို Interviewer အဖြူမက “ကျမတို့ လိုချင်တာက ငယ်ရွယ်ပြီးတော့ ဗီဒီယိုကင်မရာတလက်နဲ့ ပြေးပြေး လွှားလွှားလုပ်နိုင်မဲ့ reporter လူငယ်တွေပါ။ ရှင်က အဲလိုလုပ်နိုင်ဖွယ် မရှိတော့ ရှင်ဘာလုပ်နိုင်မယ်လို့ ပြောချင် ပါသလဲ” ဟုမေးပါသည်။ ကျနော်က editor, columnist, စသည်တို့ လုပ်နိုင်ပါသည်ဟု ဖြေခဲ့ပါသည်။ ထိုစဉ်ကတည်းက ကျနော် အရွေးမခံရနိုင် လောက်သည်ကို ရိပ်မိပါသည်။ တကယ်လည်း အရွေးမခံရပါ။ အရွေးခံရလျှင်တော့ ချင်းမိုင်မြို့ မှာ ( ၈ ) လခန့် J-school တက်ပြီး နယ်စပ်ဒေသ journalism field မှာ နှစ်နှစ်ခန့် တာဝန်ထမ်းရမည် ဖြစ်ပါသည်။ ဥပမာ.. ဧရာဝတီ မဂ္ဂဇင်းမှာ internship ဆင်းတာမျိုးလည်း ဖြစ်နိုင်ပါသည်။ test ဖြေပြီးနောက် အောင်စာရင်း ထွက်မှာကို တလလောက် ထပ်စောင့်နေရပါသည်။ ထိုသို့ ချင်းမိုင်မှာ ရှိနေစဉ် ကျနော် email ပို့နည်း၊ Googling လုပ်နည်း၊ Website တွေသို့ သွားလည်နည်းတို့ကို အင်တာနက်ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီး၏ ( ၅ ) မိနစ်လောက်ကြာသော သင်တန်းအားဖြင့် တတ်မြောက်သွားပါသည်။ ထို့နောက် တနေကုန်နီးပါး အင်တာနက်ဆိုင်ထိုင်သည့် အကျင့်စွဲ လာပါသည်။ အဲဒီဆိုင်က နိုင်ငံခြားသားတွေကို ထိုင်းစာသင်ပေးသဖြင့် ထိုင်းစာ အခြေခံကို သိရအောင် ( ၅ ) ရက်လောက် သင်တန်းတက်လိုက်ပါသေးသည်။ မြန်မာမှာ ( က+ -ု = ကု ) ရသကဲ့သို့ပင် ထိုင်းမှာလည်း ( ကောကိုင်+ သရ ဥ = ကု ) ဖြစ်ကြောင်းလောက်ပဲ မှတ်မိပါတော့သည်။ ထို့နောက် ကျနော်က J-School test မအောင်၍ မဲဆောက်သို့ ပြန်တော့မည် ဖြစ်ကြောင်း အဲသည်မြန်မာမလေးကို သွားရောက် နှုတ်ဆက်ပါသည်။ သူမလည်း ကျောင်းပြန်တက်ရန် မကြာမီ အမေရိကပြန်တော့မည်ဟု ပြောပါသည်။ ထို့နောက် ကျနော်တို့ ချင်းမိုင်ရောက် အမှတ်တရအနေဖြင့် ချင်းမိုင်တက္ကသိုလ်ကို အုပ်မိုးထားသော “ဒွိုင်ဆူထက်” ( တန်ခိုးကြီး စေတီတော်တွေ ရှိသည် ) တောင်ပေါ်သို့ သွားကြပါသည်။ သူမ၏ အစစ အရာရာ စောင့်ရှောက်မှုအတွက် ကျနော်က သူမကို ချင်းမိုင် ( ထိုင်း ) အမှတ်တံဆိပ်ဖြစ်သော ဆင်ဖြူတော်ရုပ် မိန်းကလေးကိုင်အိတ် တလုံးကို လက်ဆောင်ပေးရာ သူမကလည်း ဆင်ဖြူတော် ရုပ်နှင့်ပင် ဖြစ်သော ဒိုင်ယာရီ တအုပ်ကို ကျနော့်ကို လက်ဆောင် ပေးပါသည်။   

( ၂ )

     ကျနော့်မှာ ယခင်က အိုးဝေဦးညိုမြ တက်သွားဖူးသည်ဟုသိရသော နယူယောက်မြို့ Columbia University Journalism School မှာ ကျောင်းတက်ချင်သည့် ရောဂါတခု ရှိသည်။ အဲဒါနှင့် ယမန်နှစ်က ကျနော် အဲသည် ကျောင်းကို ဝင်ခွင့် လျှောက်ထားခဲ့ပါသည်။ ဒါပေမဲ့ ထိုကျောင်းကို တက်ဖို့ ( Journalism School က M.S နှင့် M.A မဟာဘွဲ့တွေကိုသာ ပေးပါသည်။ Bachelor’s Degree မရှိပါ ) Toefl မှာ paper based test ဆိုလျှင် (၆၅၀/ ၆၇၂) မှတ်နှင့် အထက်၊ computer based test ဆိုလျှင် (၂၈၀/ ၃၀၀) မှတ်၊ Internet based test ဆိုလျှင် (၁၁၄/ ၁၂၀) မှတ် အနည်းဆုံး ရရှိရမည် ဖြစ်ပြီး မိမိကို ကောင်းစွာသိ သော ပညာရေးနယ်ပယ် ထဲက ပုဂ္ဂိုလ် ( ၃ ) ဦးထံမှ ထောက်ခံစာ၊ မိမိ ရေးသားခဲ့ဖူးသော သတင်း စသည်များ ကို ပူးတွဲ တင်ပြဖို့ လိုအပ်ပါသည်။ ကျနော်က ထိုစဉ်က Baltimore, Maryland က Community College တခုမှာ Newspaper Production အတန်းတခု ယူထား၍ ကျောင်းသတင်းစာမှာ ( assignment အဖြစ်ဖြင့် ) တလလျှင် သတင်း/ ဆောင်းပါး ( ၂ ) ပုဒ်စီ ရေးပေးရပါသည်။ ထို သတင်း၊ ဆောင်းပါးတွေကို မိမိရေးဖူးသော စာတွေ အဖြစ်ပြပါသည်။ ထို့နောက် အဲသည် Newspaper Production Professor ထံမှ ထောက်ခံချက် တခု ယူပါသည်။ ယခုအခါ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ Ph.D ( Maths ) လုပ်နေသော ကျနော့် မိတ်ဆွေ Jonathan က ထောက်ခံစာတခု ရေးပေးပါသည်။
    
     နောက်တခုပဲလိုတော့ရာ ယင်း အတွက် ယခုအခါ Pittsburgh, Pennsylvania မှာ ဆေးကျောင်း တက်နေ သော ချင်းမိုင်မှာတွေ့ခဲ့သည့် မြန်မာဆရာမလေးထံသို့ email ရေးလိုက်ပါသည်။ သူမက အဲသည်မြို့မှာ သူမ၏ချစ်သူ နှင့်အတူ နေထိုင်သည်ဟု ထင်ပါသည်။ သူမ၏ ပြန်စာကို မြန်မာပြန်သော် အနှစ်ချုပ်မှာ “အကိုအေးကျော်ဇံ.. ကျမ ချင်းမိုင်တက္ကသိုလ်မှာ တာဝန်ထမ်းခဲ့တာက a fully registered faculty တယောက် အနေနဲ့မဟုတ်ပါ။ အကိုက ကျမ၏တပည့်လည်း မဖြစ်ဖူးပါ။ နောက်ပြီး ရိုးသားစွာပြော ရလျှင် ကျမအကို့ရဲ့ journalism နှင့် ပါဝင်ပတ်သက်မှုကို လုံးဝသိသူ တယောက်မဟုတ်ပါ။ ဒီ အကြောင်းတွေကြောင့် ကျမ အကို့ ကိုထောက်ခံလျှင် ethical ဖြစ်မည် မထင်ပါ။ အကို့ကို မထောက်ခံနိုင်သည့် အတွက် ဝမ်းနည်းပါသည်” ဟူ၏။ အဲဒါနှင့် ယခင်ကယူဖူးသည့် News Gathering ဆိုသောအတန်း ဆရာမထံမှ ထောက်ခံစာဖြင့် ကျောင်း ဝင်ခွင့် လျှောက်လွှာကို တင်လိုက်ရပါသည်။ ( ထို ကျောင်းဝင်ခွင့်အတွက် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်သို့  ဝင်ခွင့် စာမေးပွဲ သွား ဖြေရပါသည်။ ဒီစာမေးပွဲလည်း မအောင်ပြန်ပါ။ လျှောက်သူက ထောင်ချီရှိပြီး ရွေးတာက လူ ( ၂၀၀ ) ကျော်လောက်သာမို့ ကျောင်းဝင်ခွင့် ရဖို့ သူတို့အဖြူတွေပင် တော်တော် တော်နေဖို့ လိုအပ်ပါ သည်။ ကျနော့် မိတ်ဆွေ/ ကျေးဇူးရှင် Jonathan နဲ့ ပြန်တွေ့တာ၊ နယူးယောက်ကို ရောက်ဖူးသွားတာ၊ နယူးယောက်၏ ယခုအမြင့်ဆုံး အဆောက်အဦး အင်ပါရာ စတိတ် ၈၆-ထပ်ကို ရောက်ခဲ့တာပဲ အမြတ်ဟု ဆိုရပါမည်။း))

     ဤနေရာတွင် ကျနော့်ထင်မြင်ချက်ကို ထည့်ပြောချင်သည်မှာ ကျနော့် မိတ်ဆွေ ထိုမြန်မာမလေးထံမှ ထောက်ခံစာ ( recommendation ) မရသော်ခဲ့လည်း  ကျေနပ်မှု ရှိပါသည်။ အကြောင်းမှာ ကိုယ်လုပ်တဲ့ကိစ္စတခု ethical ဖြစ်/ မဖြစ် စိစစ်တတ်သည့်အကျင့်၊ ethical မဖြစ်လျှင် လိုက်မလုပ်သည့် အကျင့်သည် “တကမ္ဘာလုံး ဆိုင်ရာ လူ့ ကိုယ်ကျင့်သီလ” ( universal human ethic ) ဖြစ်သောကြောင့် ဖြစ်ပါသည်။ တကယ်ဆို ဒီမြန်မာမလေးသည် သိပ်ကို စိတ်နှလုံး နုညံ့သိမ်မွေ့သူ၊ မမောက် မာသူ၊ ပဲမများသောသူဆိုတာကို ကျနော်ကောင်းစွာ သိပါသည်။ ဒါပေမဲ့ unethical ဖြစ်သည်ဟုသူမ ထင်သော ကိစ္စတခုကိုတော့ ပြတ်သားစွာ ငြင်းလိုက်ပေသည်။ ကျနော်တို့နိုင်ငံမှာလည်း ဒီလို နိုင်ငံသားတွေ များလာဖို့ လိုအပ်သည်ဟု ထင်ပါသည်။ ဒီနိုင်ငံမှာ၊ ကနေဒါမှာ၊ အခြားဥရောပနိုင်ငံတွေမှာတော့ သည်လို ကိုယ့် လိပ်ပြာကိုယ် သန့်ချင်သော၊ ဘယ်လို အကြောင်းနှင့်မှ ကိုယ့်လိပ်ပြာကို အညစ်နွမ်း မခံသော နိုင်ငံသား တွေက အများစု ဖြစ်သည်ဟု ထင်ပါသည်။ သူတို့က ကိုယ့် “အတ္တ” ( ego or identity ) ကို ကိုယ်လေးစား နိုင်ရေး၊ သူတပါး၏ “အတ္တ” ကိုလည်း မနာကျင်စေရေး ( ဝါ ) လေးစားဂရုစိုက်ရေးမူ ဖြင့် နေထိုင်ကြသည်ဟု ထင်ပါသည်။ ယင်းတို့မှာ ကောင်းသော စိတ်အမူအရာဟု ထင်ပါသည်။


     ကျနော် လက်ရှိနေထိုင်သည့် Oregon ပြည်နယ်မှာ နံနက် ၂း၃၀ နာရီမှ ၇း၀၀ နာရီ အထိ အရက်သေစာ ရောင်းချခွင့် မရှိပါ။ ဒါကြောင့် သူတို့ကို ( ၂ ) မိနစ်လောက် အလို၊ အပိုမှာပင် ရောင်းပေးဖို့ ညှိနှိုင်း၍ မရတတ်ပါ။ “We’re sorry, but it’s illegal according to the State law, to sell alcohol beverage at this time.” လို့ပဲ ပြောကြပါလိမ့်မည်။ သူတို့က သူတို့၏ ပြည်နယ် အစိုးရ၊ ဖက်ဒရယ်အစိုးရက ထုတ်သော ဥပဒေကို ကွယ်ရာမှာပင် ဖောက်ဖျက်ချင်သည့် အတွေးမျိုး ရှိကြဟန်မတူပါ။ ဒေါ်စု ပြောသည့် “တရားဥပဒေ စိုးမိုး ရေး” မှာ ဒီသဘောတွေ ပါနေမည် ဟု ထင်ပါသည်။ ကောင်းတာတွေကို ( ဘယ်နေရာမှာ ပဲတွေ့တွေ့၊ တွေ့တဲ့နေရာက ) ယူသော် မကောင်းပါလော့..။


( ဆက်လက် ရေးသားပါဦးမည်။ )