Thursday, February 16, 2012

မျက်မမြင် ပုဏ္ဏားတယောက်က စမ်းမိတဲ့အချစ်



      ဆယ့်သုံးနှစ်သား အစ်ကိုက
သုံးနှစ်သမီး သူ့ညီမလေးကို ချစ်သလိုမျိုး
သူမကို ညှာညှာတာတာ ချစ်လိုက်ရတာလေ..
“ကိုကို.. မီးမီး ကုန်းပိုးချင်တယ်” ဆိုလည်း ကုန်းပိုးရ
“ကိုကို.. မီးမီး ဗိုက်ဆာတယ်” ဆိုလည်း ထမင်းခွံ့ကျွေးရ
“ကိုကို.. မီးမီး အမြင့်ကခုန်ချကြည့်ချင်တယ်” ဆိုရင်တော့
( မခုန်ချဖို့ ) ချော့မော့ ဖြောင်းဖြရနဲ့
ကိုယ်မြင်နေချင်တာက သူမ မျက်နှာမညှိုးဘဲ
အစဉ် တခစ်ခစ် ရယ်မောနေခြင်းသာ
ဒီ ညီမလေးကို အကို ချစ်လိုက်ပုံက
ဒီလောက် ချစ်တတ်တဲ့ ကိုယ့် ကို ကိုယ်တောင်
အံ့ဩ ..  ကြည်ညို .. လေးစားမိ ရတဲ့ အထိပါပဲကွယ်..။

     သူမကို ( စိတ်ထဲကတောင် ) ပိုးစိုးပက်စက် မပြစ်မှား ရက်တာမို့
ညီမလေးလိုသာ ချစ်တာလို့ တကယ်ယုံကြည်နေချိန်မှာ
စိတ်ပညာ ဆရာကြီးတွေက ဒီလို ပြောကြရဲ့..
“အချစ်” ဟာ ဟောဒီနှစ်မျိုးစလုံး ဖြစ်နိုင်သတဲ့
Compassionate Love vs. Passionate Love
Unselfishness vs. Selfishness
“သူ့အတွက်ကိုသာ ကြည့်ချင်တာ” နဲ့ “ကိုယ့်အတွက်ကိုသာ ကြည့်ချင်တာ” မျိုး

     ချစ်နှမ..
ငါသည်ကား သင့်ကို Zick Rubin ရဲ့ Romantic Love မျိုးနဲ့
Elaine ရဲ့ Compassionate Love တို့နဲ့ ချစ်ခင် နေမိတော့ရဲ့..

     ဒါပေမဲ့..
ခြားနေတဲ့ တောင်တန်းတွေကလည်း မတ်စောက်လွန်း ပေရဲ့ ..။

( ၂၀၁၂ - ဖေဖေါ်ဝါရီလ - ၁၂  ရက်နေ့က ဖဘမှာ ရေးဖြစ်ခဲ့သော ကဗျာ )

                              .....................................

 Ref: http://psychology.about.com/od/loveandattraction/a/theoriesoflove.htm

“Romantic love is made up of three elements: attachment, caring and intimacy.”  
( by Psychologist Zick Rubin )

1.       Attachment: The need to be cared for and be with the other person. Physical contact and approval are also important components of attachment.
2.       Caring: Valuing the other persons’ happiness and needs as much as your own.
3.       Intimacy: Sharing private thoughts, feelings, and desires with the other person.

According to psychologist Elaine Hatfield and her colleagues, “there are two basic types of love: compassionate love and passionate love.”
  1. Compassionate love  is characterized by mutual respect, attachment, affection and trust. It usually develops out of feelings of mutual understanding and shared respect for one another.
  2. Passionate love is characterized by intense emotions, sexual attraction, anxiety and affection. When these intense emotions are reciprocated, people feel elated and fulfilled. Hatfield suggests that passionate love is transitory, usually lasting between 6 and 30 months.
( ဟော်မုန်းကြောင့် ဖြစ်လာသည့် ( ၂ ) နှစ်သက်တမ်းသာ ရှိသည်ဆိုသော အချစ်မှာ သည်အချစ်ပဲ  ဖြစ်ပုံရလေသည်။ ဤနေရာတွင် မှတ်သားရန်မှာ Compassionate Love လည်း ၂- နှစ်သာ ခံသည်ဟု ဤ သုတေသနက မဆိုထားပေ။ compassionate love, which is far more enduring. ဟု ဆိုထားသည် ကိုသာ တွေ့ပါသည်။ ကျနော်၏ တဦးချင်း အမြင်အရ Hormone theory ကို အခါခပ်သိမ်း အားထား ယုံကြည် အပ်သည် ဟု မထင်မိပါ။ အနည်းဆုံး ကျနော့် အတွက်တော့ အဲသည် သီအိုရီက မှားပါသည်။ ကျနော်က လူတယောက်မှာ Compassion အကြည်ဓါတ် ရှိနေသရွေ့ Compassionate Love သည် မခန်းခြောက်နိုင်ဟု ယူဆပါသည်။ )

[ စာကြွင်း။ ။ သည်ကနေ့ "အမေရိကန် အရင်းရှင်စနစ် အကြောင်း" ရေးနေတုန်း ကျနော့် ရင်ထဲသို့ ( ကြေကွဲမိသလို ရှိသော်လည်း မပူလောင်လှသော ) လူသားဆန်သည့် အေးအေးချမ်းချမ်း ခံစားမှုတခု တိုးဝင်လာရာ၊ တမင်ကဗျာတပုဒ် ရေးအံ့ဟု အားထုတ်ပြီး ရေး တာ မဟုတ်ဘဲ ထိုခံစားချက်ကို ဘေးကနေ လိုက်မှတ်ထားရုံဖြင့်  ဤကဗျာ ဖြစ်လာပါသည်။ ပြည်ထောင်စု နေ့မှာ၊ ( မြန်မာပြည် မှာတော့ ဗိုလိချုပ်မွေးနေ့ မှာ ) "ချစ်သူ များနေ့" နှင့် ပိုမို သက်ဆိုင်ဖွယ် ရှိသော ကဗျာတပုဒ်ကို တမင် အားမထုတ်မိပါဘဲ ရေးဖြစ်သွားခြင်းကို ခွင့်လွှတ် ကြပါကုန်။ နည်းနည်းလောက် ရှက်တက်တက် ရှိသဖြင့် မည်သူ့ကိုမျှ မ tag တော့ပါး)) ]

2 comments:

  1. လူတယောက်မှာ Compassion အကြည်ဓါတ် ရှိနေသရွေ့ Compassionate Love သည် မခန်းခြောက်နိုင်ဟု ယူဆပါသည်။

    သဘောတူမျှပါတယ်ဗျာ။

    ReplyDelete
  2. ဆိုလိုချင်တာက အသက်က (၁၀)နှစ်ကွာတယ် ဆိုပါတော့။ ဒုံးဝေးဝေးနဲ့ ထပ်ပြောဦးမယ်။ မိန်းမတစ်ယောက်ကို ချစ်တယ်မလား။ ကိုယ့်အချစ်ကြောင့် သူအဆင်မပြေနိုင်ဘူးလား။ သူအဆင်မပြေနိုင်လို့ ကိုယ့်အချစ်အတွက် ကိုယ်အဆင်မပြေဖြစ်လာသလား။ ဒါဆိုလွယ်လွယ်လေးပါ။ လျှော်ပစ်လိုက်။ ပြောင်းလိုက်တော့။ ကိုယ့်တို့တွေက ရှေ့ဆက်သွားရမှာလေ။ ဘာလို့တသသလုပ် ကျန်ရစ်နေဦးမလဲနော်။ ဘုရားတောင် ဘယ်မျက်နှာပြင်က လှည့်ဖူးလှည့်ဖူး ကိုယ့်စိတ်ထဲမှာတည်နေရင် အတူတူပါပဲ။ မိန်းမက ဘုရားတောင်မဟုတ်ပါဘူး။ ဘယ်အရပ်ဒေသကပဲ ချစ်နေချစ်နေ တောင်ကြီးခြားလဲ အရေးလားနော်။ :)

    ReplyDelete